Connect with us

Hi, what are you looking for?

သတင်း

လွိုင်ကော် – ရှား​တောလမ်းမကြီးအနီး စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး ထိခိုက်မှုရှိ

လွိုင်ကော် – ရှား​တောလမ်းမကြီး(လယ်‌မော်တောင်)အနီး သြဂုတ် ၁၁ရက် နံနက် ၈နာရီခန့်က စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ကြားတိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။

(ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း -၁၄မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်။ ဓာတ်ပုံ - KNDF)
(ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း -၁၄မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်။ ဓာတ်ပုံ - KNDF)

လွိုင်ကော် – ရှား​တောလမ်းမကြီးအနီး စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး လေးဦးထက်မနည်းသေဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း -၁၄က ထုတ်ပြန်သည်။

လွိုင်ကော် – ရှား​တောလမ်းမကြီး(လယ်‌မော်တောင်)အနီး သြဂုတ် ၁၁ရက် နံနက် ၈နာရီခန့်က စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ကြားတိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။

“အင်အား ၅၀ လောက်ပါတဲ့ စစ်ကြောင်းလို့သိရတယ်။တပ်ကူဖြည့်လာတာကို ကြားဖြတ် အနီးကပ်တိုက်လိုက်တာ”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးထက်မနည်းသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း KNDFတပ်ရင်း – ၁၄က အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ကရင်နီပြည်နယ်အတွင်းသို့ စစ်အင်အား အလွန်အကျွံဖြည့်တင်း အသုံးပြုလာမှုကြောင့် ထိတွေ့တိုက်ပွဲများထပ်မံဖြစ်ပွားနိုင်သောကြောင့် ပြည်သူများအနေဖြင့် သတိရှိစွာသွား လာနေထိုင်ပေးရန်လည်း KNDFက တိုက်တွန်းသည်။

“လက်ရှိ စစ်ရေးအရဆိုရင် အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေအရ ကရင်နီရဲ့ စစ်မျက်နှာစာဟာ အမြင်ဆုံးပဲ။နောက်တစ်ခုက အခုကရင်နီကို စကစဘက်ကပို့နေတဲ့ မြေပြင်အင်အားတွေအရဆိုရင် ဒီတစ်ချီဟာ သူတို့ရဲ့အဆုံးအဖြတ်အချီဖြစ်လာဖို့ရှိ နိုင်တယ်”ဟု ကရင်နီတပ်ပေါင်းစုတာဝန်ရှိသူက သုံးသပ်သည်။

စစ်ကောင်စီက မယ်စဲ့မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရေးအပါအဝင် ကယားပြည်နယ်ရှိ အဓိက လမ်းမကြီးများဖြစ်သော ဖယ်ခုံ – လွိုင်ကော်၊ဆီဆိုင် – လွိုင်ကော်နှင့် ဒီးမော့ဆို – ဖရူဆို ပြည်ထောင်စုလမ်းမကြီးကို ထိန်းချုပ်နိုင်ရေး အပြင်းအထန် ထိုးစစ်ဆင်နေသည်။

ယခုရက်သတ္တပတ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ သေဆုံးမှုများစွာရှိနေပြီး ဖားဆောင်း၊ဒီးမော့ဆိုနှင့် ဖရူဆိုတိုက်ပွဲများတွင်လည်း လက်နက်နှင့်ခဲယမ်းများစွာကို ကရင်နီတပ်ပေါင်းစုက သိမ်းဆည်းနိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ရှမ်း-ကရင်နီပြည်နယ်စပ် မိုးဗြဲနဲ့ လွိုင်ကော်မြို့နယ်က စစ်တပ်ကာကင်းစခန်းတွေကို ကရင်နီတပ်ပေါင်းစုက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းတွေနဲ့ သုံ့ပန်းတချို့ ဖမ်းဆီးရရှိတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊လွိုင်ကော်မြို့အနီးမှာ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။