Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းတွင် စစ်ကောင်စီတပ်ယာဥ်နှစ်စီး တိုက်ခိုက်ခံရပြီး လေးဦးထက်မနည်းသေဟုဆို

သြဂုတ် ၅ ရက်ကလည်း သပိတ်ကျင်းနယ် မတောင်ဘက်မှလာသော စစ်ကောင်စီတပ်ယာဥ်တန်းကို သပိတ်ကျင်း(ပကဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့-ကြာညှပ်မှ ရွှေစကာရွာအနီး၌ပင် မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။

(သပိတ်ကျင်း(ပကဖ)မှ ရဲဘော်များအား တွေ့စဉ်။ ဓာတ်ပုံ - သပိတ်ကျင်း(ပကဖ))
(သပိတ်ကျင်း(ပကဖ)မှ ရဲဘော်များအား တွေ့စဉ်။ ဓာတ်ပုံ - သပိတ်ကျင်း(ပကဖ))

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်၊ ကြာညှပ်တိုက်နယ်ဂိတ်မှ ထွက်လာသော စစ်ကောင်စီတပ်သားများလိုက်ပါလာသည့်ယာဥ်နှစ်စီးအား ပဒေသာမိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သပိတ်ကျင်း(ပကဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့-ကြာညှပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယနေ့(သြဂုတ် ၁၃)နံနက် ၁၀ နာရီခွဲခန့်က ကြာညှပ်စစ်ဆေးရေးဂိတ်မှ (၆)ဘီးယာဉ် တစ်စီး၊ (၁၂)ဘီးယာဉ်တစ်စီးဖြင့် အင်အား(၅၀)ဝန်းကျင်ဖြင့် လာသော စစ်ကောင်စီတပ်သားများကို ရွှေစကားကျေးရွာအနီးတွင် ပဒေသာမိုင်း(၅)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“မိုင်းဆွဲအပြီး စကစများမှ ရဲဘော်များကို လိုက်လံပစ်ခက်မှုတွေရှိပေမယ့် အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်”ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့-ကြာညှပ်မှ တာဝန်ရှိသူတစ်ဦးက People’s Springသို့ ပြောသည်။

Public Service Announcement
Public Service Announcement

အထက်ပါ မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ လေးဦးထက်မနည်းသေဆုံးကာ ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း၊ မိုင်းဆွဲခံရပြီးနောက် ပြန်လည်ပစ်ခတ်မှုများရှိသော်လည်း တော် လှန်ရေးရဲဘော်များ ထိခိုက်မှုမရှိကြောင်း ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်ခံခဲ့ရသော စစ်ကောင်စီတပ်သည် သေ ဆုံးနှင့် ထိခိုက်ဒဏ်ရာရသူများကို ရွှေစကာရွာနာရေးကားနှင့် ကြာညှပ်ရွာမှနာရေးကားများအသုံးပြု၍ စစ်ဆေးရုံသို့သယ်ဆောင်သွားကြောင်း ပြည်သူ့ကာ ကွယ်ရေးအဖွဲ့-ကြာညှပ်ထံမှ သိရသည်။

သြဂုတ် ၅ ရက်ကလည်း သပိတ်ကျင်းနယ် မတောင်ဘက်မှလာသော စစ်ကောင်စီတပ်ယာဥ်တန်းကို သပိတ်ကျင်း(ပကဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့-ကြာညှပ်မှ ရွှေစကာရွာအနီး၌ပင် မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်မြို့တော် ၊ ဘားအံမြို့ ၊ သံလွင်မြစ်အနောက်ကမ်းမှာ ဧပြီလ တတိယပတ်အတွင်း စစ်ကောင်စီတပ်က အင်အားအများအပြားစေလွှတ်ပြီး နေရာယူတပ်စွဲတာတွေရှိလာတယ်လို့ ကရင်စစ်ဘက် နဲ့အရပ်ဘက် သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းကျေးရွာ သုံးရွာကို စစ်ကောင်စီက ယမန်နေ့ ညနေပိုင်းတွင် လေကြောင်းမှ ဗုံးအလုံး ၄၀နီးပါး ကြဲချသောကြောင့် အရပ်သားလေးဦးသေဆုံးခဲ့သလို ယနေ့(ဧပြီ၂၇ရက်) နံနက်ပိုင်းတွင်လည်း လေကြောင်းမှထပ်မံ ဗုံးကြဲနေသည်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နှင့် ဖားကန့်မြို့နယ် တို့တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား ယနေ့ ဧပြီ ၂၇ရက်တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

သတင်း

အပစ်ရပ်ကာလအတွင်း စစ်ကောင်စီ တိုက်ခိုက်၍ KNUနယ်မြေ၌ ပြည်သူ ၂၀ဦး သေဆုံး၊အများအပြား ဒဏ်ရာရ