Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းတွင် စစ်ကောင်စီတပ်ယာဥ်နှစ်စီး တိုက်ခိုက်ခံရပြီး လေးဦးထက်မနည်းသေဟုဆို

သြဂုတ် ၅ ရက်ကလည်း သပိတ်ကျင်းနယ် မတောင်ဘက်မှလာသော စစ်ကောင်စီတပ်ယာဥ်တန်းကို သပိတ်ကျင်း(ပကဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့-ကြာညှပ်မှ ရွှေစကာရွာအနီး၌ပင် မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။

(သပိတ်ကျင်း(ပကဖ)မှ ရဲဘော်များအား တွေ့စဉ်။ ဓာတ်ပုံ - သပိတ်ကျင်း(ပကဖ))
(သပိတ်ကျင်း(ပကဖ)မှ ရဲဘော်များအား တွေ့စဉ်။ ဓာတ်ပုံ - သပိတ်ကျင်း(ပကဖ))

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်၊ ကြာညှပ်တိုက်နယ်ဂိတ်မှ ထွက်လာသော စစ်ကောင်စီတပ်သားများလိုက်ပါလာသည့်ယာဥ်နှစ်စီးအား ပဒေသာမိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သပိတ်ကျင်း(ပကဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့-ကြာညှပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယနေ့(သြဂုတ် ၁၃)နံနက် ၁၀ နာရီခွဲခန့်က ကြာညှပ်စစ်ဆေးရေးဂိတ်မှ (၆)ဘီးယာဉ် တစ်စီး၊ (၁၂)ဘီးယာဉ်တစ်စီးဖြင့် အင်အား(၅၀)ဝန်းကျင်ဖြင့် လာသော စစ်ကောင်စီတပ်သားများကို ရွှေစကားကျေးရွာအနီးတွင် ပဒေသာမိုင်း(၅)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“မိုင်းဆွဲအပြီး စကစများမှ ရဲဘော်များကို လိုက်လံပစ်ခက်မှုတွေရှိပေမယ့် အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်”ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့-ကြာညှပ်မှ တာဝန်ရှိသူတစ်ဦးက People’s Springသို့ ပြောသည်။

Public Service Announcement
Public Service Announcement

အထက်ပါ မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ လေးဦးထက်မနည်းသေဆုံးကာ ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း၊ မိုင်းဆွဲခံရပြီးနောက် ပြန်လည်ပစ်ခတ်မှုများရှိသော်လည်း တော် လှန်ရေးရဲဘော်များ ထိခိုက်မှုမရှိကြောင်း ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်ခံခဲ့ရသော စစ်ကောင်စီတပ်သည် သေ ဆုံးနှင့် ထိခိုက်ဒဏ်ရာရသူများကို ရွှေစကာရွာနာရေးကားနှင့် ကြာညှပ်ရွာမှနာရေးကားများအသုံးပြု၍ စစ်ဆေးရုံသို့သယ်ဆောင်သွားကြောင်း ပြည်သူ့ကာ ကွယ်ရေးအဖွဲ့-ကြာညှပ်ထံမှ သိရသည်။

သြဂုတ် ၅ ရက်ကလည်း သပိတ်ကျင်းနယ် မတောင်ဘက်မှလာသော စစ်ကောင်စီတပ်ယာဥ်တန်းကို သပိတ်ကျင်း(ပကဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့-ကြာညှပ်မှ ရွှေစကာရွာအနီး၌ပင် မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်၊တွင်းငယ်ရွာမှာ စစ်တပ်ကစစ်မှုထမ်းသင်တန်းကျောင်း ဖွင့်ဖို့ပြင်ဆင်နေပြီး လူငယ် တွေကို ပေါ်တာဆွဲဖမ်းဆီးမှုတွေပိုလုပ်နေတယ်လို့ ဒေသခံနဲ့စစ်ရေးသတင်းအရင်းမြစ်တချို့ကပြောပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

Facebook