Connect with us

Hi, what are you looking for?

All posts tagged "တော်လှန်ရေး"

သတင်း

အဆိုတော်ထူးအိမ်သင် ​ရေးဖွဲ့ထားတဲ့ "အရေးကြီးပြီ" သီချင်းကို စစ်တပ်က ဝါဒဖြန့်ချိရေးအတွက် ခိုးသုံးတဲ့ အပြင် ဒီသီချင်းကို ၁၉၆၀ ကတည်းက ရှိခဲ့တယ်လို့ လိမ်လည်နေတာတွေအပေါ် သီချင်းရဲ့ မူရင်းအဆိုရှင် မွန်းအောင်က အချက်အလက်တွေနဲ့ တုန့်ပြန်​​ပြောကြားလိုက်ပါတယ်။

သတင်း

ကရင်လူငယ်မျိုးဆက်သစ်တွေအနေနဲ့ တော်လှန်ရေးဦးဆောင်မှု ကဏ္ဍမှာ တွေ့ရတာ အနစ်နာခံ ပေးဆပ်ကြတာတွေဟာ လေးစားထိုက်တဲ့ လူငယ်တွေရဲ့ အားထုတ်မှု ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) တွဲဖက်အတွင်းရေးမှူး(၂) ပဒိုစောလှထွန်းက ပြောပါတယ်။

သတင်း

စစ်အာဏာရှင်စနစ်ဆိုးကို ဆန့်ကျင်ကြောင်းနဲ့ တော်လှန်ရေးတရပ်လုံးကိုယ်စားပြုနိုင်တဲ့ ခိုင်မာကျယ်ပြန့်အားကောင်းတဲ့ ဦးဆောင်မှု ဖြစ်ပေါ်ရေး တက်ကြွစွာ ပူးပေါင်းဆောင်ရွက်မယ်လို့ ပအိုဝ်းမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA)ရဲ့ ဗဟိုကော်မတီမျက်နှာစုံညီအစည်းအဝေးက ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ပြည်သူ့အာဏာကို ပြည်သူ့ထံ မလွဲမသွေ ပြန်လည်အပ်နှင်းနိုင်ရေးအတွက် တိုင်းရင်းသားညီနောင် မဟာမိတ်တပ်ဖွဲ့ တွေနဲ့အတူ စုစုစည်းစည်းနဲ့တိုက်ပွဲဝင်ကြဖို့အမျိုးသားညီညွတ်ရေးအစိုးရ၊ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခြင်းတိုက်တွန်းပါတယ်။

သတင်း

တော်လှန်ရေး (၅)နှစ်ကျော်တဲ့အထိ စိတ်ဓာတ်မကျဘဲပါဝင်နေတဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM)ဝန်ထမ်းတွေ စည်းလုံးကြဖို့ ဂုဏ်ပြုတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ကရင်နီပြည်နိုင်ငံ့ဝန်ထမ်းအကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကောင်စီ (KSCSC-CDM) တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း(၃)ထံသို့ ဒုတိယအကြိမ်အဖြစ် လက်နက်များ တပ်ဆင်ပေးအပ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ တနင်္သာရီတိုင်းစစ်ဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

မြန်မာနှစ်သစ် ၁၃၈၈ ခုနှစ်ဟာ မိဘပြည်သူတို့ မျှော်ရည်တဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ပြီး တော်လှန်ရေးအောင်ပွဲသို့ အရောက်လှမ်းနိုင်တဲ့ နှစ်တနှစ်ဖြစ်စေဖို့ အစွမ်းရှိသ​ရွေ့အားထုတ်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ နှစ်သစ်ကူး ဆုမွန်မှာ ရေးသား ဖော်ပြအသိပေးပါတယ်။

ဆောင်းပါး

ဒလပန်း/People’s Spring အရင်ရက်တွေလိုပဲရှေ့တန်းမှာ အာဏာသိမ်းစစ်တပ်ကိုအပြင်းအထန်ခုခံတိုက်ပွဲဝင်နေတဲ့ရဲဘော်တွေအတွက် ထမင်းနဲ့ ဟင်းတွေလာပို့ကြတယ်။ ဟင်းက ခရမ်းသီးနှပ်ပါ။ ရှေ့တန်းစစ်မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေအတွက် လက်နက်ခဲယမ်းက အရေးပါသလို စားနပ်ရိက္ခာကလည်း အရေးကြီးလှပါတယ်။ ရန်သူနဲ့အသက်ချင်းထပ်ပြီးတိုက်ပွဲဝင်ရတဲ့ ရှေ့တန်းစစ်မျက်နှာမှာ ရဲဘော်တွေအတွက် အဟာရ ပြည့်ဝဖို့လိုပါတယ်။အဟာရ ပြည့် အားရှိမှသာ ပင်ပန်းဆင်းရဲမှုဒဏ်ကို ခံနိုင်ပြီး...

သတင်း

ချင်းတော်လှန်ရေးတပ်ဖွဲ့တွေသာမက စစ်တပ်ကိုတော်လှန်နေတဲ့ မဟာမိတ်အဖွဲ့တွေအားလုံး စုစည်းနိုင်ပါက တော်လှန်ရေး ပိုထိရောက်မှာဖြစ်ကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF) CDM Siyin(စီးယင်း) စစ်ဦးစီးချုပ် Thawng Puက ပြောပါတယ်။

သတင်း

တော်လှန်ရေးရဲ့ လက်ရှိ အခြေအနေဟာ စိတ်ဓာတ်ကျစရာမရှိဘဲ အောင်မြင်ဖို့အတွက် အားနည်းချက်ရှာ အားသာချက်ဖြစ်အောင်လုပ်ပြီး တော်လှန်ရေးပန်းတိုင်အတွက် ဆက်လက်ကြိုးစားကြရမယ်လို့ချင်းညီနောင် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဆလိုင်းထန်းချွန်းဖေက ပြောပါတယ်။

Trending

Facebook