Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းစစ်တပ်ကို တော်လှန်ရင်း ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့တဲ့ရဲဘော် ၁၂၄ဦးကိုမန္တ​လေးPDFဂုဏ်ပြု

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)-MDY-PDFအထူးလှုပ်ရှားတပ်မက တော်လှန်ရေးကာလအတွင်းကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရတဲ့ ရဲဘော်၁၂၄ ဦးကို ဂုဏ်ပြုတဲ့ အခမ်းအနား ကျင်းပခဲ့ပါတယ်။

ဇွန်-၁၀၊၂၀၂၆။ထားမြတ်/People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)-MDY-PDFအထူးလှုပ်ရှားတပ်မက တော်လှန်ရေးကာလအတွင်းကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရတဲ့ ရဲဘော်၁၂၄ ဦးကို ဂုဏ်ပြုတဲ့ အခမ်းအနား ကျင်းပခဲ့ပါတယ်။

ဂုဏ်ပြုပွဲကို ဇွန်လ ၆ရက်က ကျင်းပခဲ့တာ ဖြစ်ပြီး တပ်မ အနေနဲ့ ကိုယ်လက်အင်္ဂါ စွန့်လွှတ်ပေးဆပ်ခဲ့ကြတဲ့ ရဲဘော်တွေကို ဂုဏ်ပြုတာဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ​ဖော်ပြပါတယ်။

စစ်အာဏာရှင်စနစ်ဆိုး အမြစ်ပြတ်ချေမှုန်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက်ယုံကြည်ရာကိုလက်နက်စွဲကိုင်တိုက်ပွဲဝင်ရင်းကိုယ်လက်အင်္ဂါအစိတ်အပိုင်းများကိုပေးဆပ်စွန့်လွှတ်ခဲ့ကြရတာ ဖြစ်ကြောင်း အသိ​ပေးပါတယ်။

Public Service Announcement

Public Service Announcement

ကိုယ်လက်အင်္ဂါ ပေးဆပ်စွန့်လွှတ်ခဲ့ရတဲ့ အထူးလှုပ်ရှားတပ်မမှအရာရှိ ရဲဘော် ၁၂၄ ဦးနဲ့ ညီနောင် တော်လှန်တပ်ဖွဲ့ အသီးသီးက ရဲဘော်တွေရဲ့ စွန့်လွှတ်စွန့်စားမှုကို ပြည်သူတွေနဲ့ ရဲဘော်အသီးသီးက အစဉ်အမြဲ လေးနက်စွာ ဂုဏ်ပြုမှတ်တမ်းတင်နေ မယ်လို့ ယုံကြည်တယ်လို့လည်း ဖော်ပြထားပါတယ်။

အခမ်းအနားသို့ ဂုဏ်ပြုခံရဲဘော်များ၊ ဖိတ်ကြားထားတဲ့ဧည့်သည်တော်များနဲ့ အထူးလှုပ်ရှားတပ်မမှ အဆင့်ဆင့်သော စစ်သည်ရဲဘော်များ စုံညီစွာတက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဂုဏ်ပြုအခမ်းအနားကိုအမျိုးသားညီညွတ်ရေအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနက သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။ အခမ်းအနားမှာ သဝဏ်လွှာကို ဖတ်ကြားခဲ့သလို ဂုဏ်ပြုခံရဲဘော်များအား ဂုဏ်ပြုမှတ်တမ်းလွှာနဲ့ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်းလည်း ထုတ်ပြန်ပါတယ်။

ဓါတ်ပုံ- မန္တ​လေးPDF

ဆက်စပ်သတင်းများ

သတင်း

လက်ရှိ အခြေအနေမှာ ရိုဟင်ဂျာတွေကို ပြန်ပို့တာမျိုး လုံးဝ မဖြစ်သင့်သေးကြောင်း APHR သတိပေး

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

အာဏာသိမ်း စစ်တပ်ကို ထိပ်သီး အစည်းအဝေးတွေ တက်ရောက်ခွင့်ကနေ ဆက်လက် တားဆီး ပိတ်ပင်ထားမယ့် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ဆုံးဖြတ်ချက်ကို အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော် အမတ်များ အစုအဖွဲ့ (APHR)က ကြိုဆိုလိုက်ပါတယ်။

ဆောင်းပါး

နေပြည်တော် အာဏာသိမ်းစစ်အုပ်စုက ငြိမ်းချမ်းရေးလို့ ခေါင်းစဥ်တပ်ကာ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်နေချိန်မှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ‘တွေ့ဆုံညှိနှိုင်းအဖြေရှာရေး’မူကို ကိုင်စွဲကြောင်း ထုတ်ပြန်လာပါတယ်။