နိုဝင်ဘာ ၆၊၂၀၂၆။သုည/Peoples Spring
မန္တလေးတိုင်းအတွင်းက စစ်ဘေးရှောင်ပြည်သူတွေနဲ့ ပြင်ဦးလွင်ခရိုင် လူထုလှုပ်ရှားမှုကော်မတီတို့ ပူးပေါင်းပြီး ငါတို့သံအမတ် ငါတို့အသံ လှုပ်ရှားမှုကို နိုဝင်ဘာ ၅ ရက်က ပြုလုပ်ခဲ့ကြပါတယ်။
စစ်ဘေးဒဏ်ခံနေရတဲ့ မန္တလေးတိုင်းပြည်သူတွေဟာ ကုလသမဂ္ဂ အထွေထွေညီလာခံ အထောက်အထားဆိုင်ရာကော်မတီမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ကိုယ်စားပြုနိုင်ရေးအတွက် “ငါတို့သံအမတ် ငါတို့အသံ” (Our Ambassador, Our Voice) လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတာပါ။
ယင်းလှုပ်ရှားမှုအတွင်း “ငါတို့သံအမတ် ငါတို့အသံ” ဆိုတဲ့ စာတန်းတွေကိုင်ဆောင်ပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရပ်တည်နိုင်ရေးအတွက် ထောက်ခံအားပေးခဲ့ကြပါတယ်။

Public Service Announcement





















































