နိုင်ငံတကာ ယူကရိန်းက နျူကလီးယားလက်နက် ပိုင်ဆိုင်ဖို့ ကြိုးစားနေတာလို့ မြောက်ကိုရီးယား စွပ်စွဲ မြောက်ကိုရီးယားဟာ ရုရှား-ယူကရိန်း စစ်ပွဲမှာ ရုရှားဖက်က ရပ်တည်ကြောင်း ပေါ်ပေါ်ထင်ထင် သဘောထားတွေ ပြသခဲ့ပေမယ့် စစ်ပွဲအတွက် ရုရှားဆီ စစ်လက်နက်တွေ ထောက်ပံ့နေကြောင်း စွပ်စွဲမှုတွေကိုတော့ ငြင်းဆန် ပယ်ချထားပါတယ်။ LuduNwayOoဧပြီ 3, 2023
နိုင်ငံတကာ ဘီလားရုစ်မှာ နျူကလီးယား လက်နက်တွေ ဖြန့်ကျက်မယ်လို့ ပူတင် ကြေညာ ရုရှားဟာ ဘီလားရုစ်မှာ ဖြန့်ကျက်ထားရှိမယ့် နျူကလီးယား လက်နက်တွေကို ထိန်းချုပ်ဖို့အတွက် စစ်သည်တွေကို လေ့ကျင့်ပေးမှုတွေ လာမယ့် သီတင်းပတ်မှာ အစပြုမှာဖြစ်ပြီး ဇူလိုင် ၁ ရက် မတိုင်ခင် ဘီလားရုစ်မှာ နျူကလီးယား လက်နက်တွေ ဖြန့်ကျက်ထားရှိမှု ပြီးစီးလိမ့်မယ်လို့ ပူတင်က ပြောကြားသွားပါတယ်။ LuduNwayOoမတ် 27, 2023
နိုင်ငံတကာ မြောက်ကိုရီးယားက နျူကလီးယားလက်နက် ထပ်စမ်းသပ်မယ့် အလားအလာ မရှိသေးဘူးလို့ အမေရိကန်ယူဆ မြောက်ကိုရီးယားဟာ ၂၀၀၆ ခုနှစ်ကစလို့ နျူကလီးယား လက်နက် စမ်းသပ်ဖောက်ခွဲမှု ၆ ကြိမ် ပြုလုပ်ခဲ့ပြီး အဲဒီထဲက ၄ ကြိမ်ဟာ ကင်မ်ရဲ့ လက်ထက်မှာ အကောင်အထည် ဖော်ခဲ့တာ ဖြစ်ပါတယ်။ LuduNwayOoမတ် 23, 2023
နိုင်ငံတကာ နျူကလီးယားနဲ့ တိုက်ခိုက်မှုကို တွန်းလှန်နိုင်အောင် အသင့်ပြင်ထားဖို့ ကင်မ်ဂျုံအန်း ညွှန်ကြား KCNA ထုတ်ပြန် ပြသထားတဲ့ ဓာတ်ပုံတွေအရ ကင်မ်ဟာ သူ့ရဲ့ အရိုက်အရာကို ဆက်ခံမယ့်သူအဖြစ် သတင်းကြီးနေတဲ့ သမီးဖြစ်သူ ကင်မ်ဂျူအေးနဲ့အတူ အဲဒီ စစ်ရေးလေ့ကျင့်ရာ နေရာမှာ ရှိနေခဲ့တာကို တွေ့ရပါတယ်။ LuduNwayOoမတ် 20, 2023
နိုင်ငံတကာ အမေရိကန်၊ ဩစတြေးလျ၊ ဗြိတိန်တို့ ပူးပေါင်းပြီး နျူကလီးယား ရေငုပ်သင်္ဘောတပ်ဖွဲ့ ထူထောင်မယ့် အစီအစဉ် ထုတ်ပြန် ဩစတြေးလျဟာ လက်ရှိ အသုံးပြုနေဆဲဖြစ်ပြီး ခေတ်နောက်ကျနေတဲ့ ဒီဇယ်အင်ဂျင်သုံး ရေငုပ်သင်္ဘောတွေရဲ့ နေရာမှာ မျိုးဆက်သစ်၊ နည်းပညာ အမြင့်ဆုံး နျူကလီးယား ရေငုပ်သင်္ဘောတွေနဲ့ အစားထိုးသွားနိုင်မှာ ဖြစ်ပါတယ်။ LuduNwayOoမတ် 14, 2023
နိုင်ငံတကာ ယူကရိန်းအပေါ် နျူကလီးယား ခြိမ်းခြောက်မှုကြောင့် ပူတင်နဲ့ လူချင်းတွေ့မယ့် ကိစ္စကို မိုဒီ ဖျက်သိမ်း အိန္ဒိယ အစိုးရ အဖွဲ့ထဲက အမည်မဖော်ပြတဲ့ အရာရှိ တစ်ဦးက ဒီကိစ္စကို Bloombergဆီ အတည်ပြု ပြောကြားခဲ့တာပါ။ မိုဒီက လက်ရှိ အခြေအနေမျိုးမှာ ပူတင်နဲ့ အလွန်အကျွံ အရောတဝင် လုပ်မိရင် သူ့ရဲ့ ပုံရိပ်ကိုပါ ထိခိုက်လာမှာ စိုးရိမ်နေတယ်လို့ အဲဒီ အရာရှိက ဆိုပါတယ်။ LuduNwayOoဒီဇင်ဘာ 10, 2022
နိုင်ငံတကာ နျူကလီးယားထိပ်ဖူး ပိုင်ဆိုင်မှုကို သုံးဆမြှင့်တင်ဖို့ တရုတ် ကြိုးစားနေကြောင်း အမေရိကန်ပြော တရုတ်သာ ရှိရင်းစွဲ မြန်နှုန်းအတိုင်း ဆက်သွားနေရင် ၂၀၃၅ ခုနှစ်မှာ နျူကလီးယားဒုံးကျည် ထိပ်ဖူး အရေအတွက်က ၁၅၀၀ လောက် သေချာပေါက် ပိုင်ဆိုင်နေလိမ့်မယ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန အစီရင်ခံစာထဲမှာ ကောက်နုတ် ဖော်ပြထားပါတယ်။ LuduNwayOoနိုဝင်ဘာ 30, 2022
သတင်း နျူကလီးယားဓာတ်အားပေးစက်ရုံတည်ဆောက်ဖို့ ရုရှားနဲ့စစ်ကောင်စီလက်မှတ်ထိုး အမေရိကန် ဒုသမ္မတ အရှေ့တောင်အာရှကို ရောက်နေချိန်မှာ ပဲ မြန်မာနိုင်ငံမှာ နျူကလီးယား ဓာတ်အားပေး စက်ရုံ ဆောက်ဖို့ ရုရှားနဲ့ စစ်ကောင်စီတို့ လက်မှတ်ထိုးလိုက်ကြတာပါ။ LuduNwayOoနိုဝင်ဘာ 24, 2022
နိုင်ငံတကာ ယူကရိန်းက နျူကလီးယား ဓာတ်အားပေးစက်ရုံ လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတဲ့ကိစ္စ IAEA သတိပေး အခုနှစ်ဆန်းပိုင်းမှာ ရုရှားက ကျူးကျော်စစ်ပွဲ မစတင်လာခင်ထိ ဇာပေါ်ရစ်ဇီရာက နျူကလီးယား ဓာတ်အားပေး စက်ရုံဟာ ယူကရိန်း တစ်နိုင်ငံလုံးရဲ့ ၅ ပုံ ၁ ပုံလောက် အတိုင်းအတာကို လျှပ်စစ်မီး ဖြန့်ဝေပေးနေခဲ့ပါတယ်။ LuduNwayOoနိုဝင်ဘာ 20, 2022
နိုင်ငံတကာ မြောက်ကိုရီးယား နျူကလီးယား လက်နက် မစမ်းအောင် တားဆီးဖို့ ရှီကို တိုက်တွန်းခဲ့ကြောင်း ဘိုင်ဒန်ပြော နိုဝင်ဘာ ၁၄ ရက်မှာ အမေရိကန်နဲ့ တရုတ် သမ္မတတွေဟာ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းမှာ ကျင်းပတဲ့ G20 ညီလာခံအကြိုအဖြစ် လူချင်းတွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ ဘိုင်ဒန် အနေနဲ့ သမ္မတသက်တမ်း ၂ နှစ်နီးပါး ကာလအတွင်း ရှီနဲ့ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံမှုလည်း ဖြစ်လာပါတယ်။ LuduNwayOoနိုဝင်ဘာ 15, 2022