Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြောက်ကိုရီးယားက နျူကလီးယားလက်နက် ထပ်စမ်းသပ်မယ့် အလားအလာ မရှိသေးဘူးလို့ အမေရိကန်ယူဆ

မြောက်ကိုရီးယားဟာ ၂၀၀၆ ခုနှစ်ကစလို့ နျူကလီးယား လက်နက် စမ်းသပ်ဖောက်ခွဲမှု ၆ ကြိမ် ပြုလုပ်ခဲ့ပြီး အဲဒီထဲက ၄ ကြိမ်ဟာ ကင်မ်ရဲ့ လက်ထက်မှာ အကောင်အထည် ဖော်ခဲ့တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားက နျူကလီးယားလက်နက် ထပ်စမ်းသပ်မယ့် အလားအလာ မရှိသေးဘူးလို့ အမေရိကန်ယူဆ
မြောက်ကိုရီးယားက နျူကလီးယားလက်နက် ထပ်စမ်းသပ်မယ့် အလားအလာ မရှိသေးဘူးလို့ အမေရိကန်ယူဆ

မြောက်ကိုရီးယား အနေနဲ့ နောက်ထပ် နျူကလီးယားလက်နက် စမ်းသပ်မှု ပြုလုပ်မယ့် အလားအလာ မရှိသေးပေမယ့် နိုးနိုးကြားကြား စောင့်ကြည့်ဖို့တော့ လိုတယ်လို့ အမေရိကန် စစ်ထောက်လှမ်းရေးက ပြောပါတယ်။

အမေရိကန် ကာကွယ်ရေး ထောက်လှမ်းမှု အေဂျင်စီ (DIA)က မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ လတ်တလောမှာ ဒုံးကျည် စမ်းသပ်မှုတွေ အရှိန်မြှင့် လုပ်ဆောင်နေစေတဲ့တိုင် နျူကလီးယားလက်နက် စမ်းသပ်မှု ထပ်မံပြုလုပ်မယ့် အခြေအနေတော့ မရှိဘူးလို့ မှတ်ချက် ပေးထားပါတယ်။

အစောပိုင်းတုန်းက အမေရိကန်နဲ့ တောင်ကိုရီးယားတို့က မြောက်ကိုရီးယားဟာ ၂၀၁၇ နောက်ပိုင်း ပထမဆုံးအကြိမ် နျူကလီးယားလက်နက် စမ်းသပ်မှုတစ်ခု လုပ်ဆောင်လာနိုင်ခြေ မြင့်မြင့်မားမား ရှိနေကြောင်း သုံးသပ်ထားကြပါတယ်။

ပြီးခဲ့တဲ့နှစ်၊ မေလတုန်းက အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အာရှ ခရီးစဉ် မတိုင်ခင်မှာ ကတည်းက မြောက်ကိုရီးယားရဲ့ နျူကလီးယား စမ်းသပ်မှု ပေါ်ပေါက်လာနိုင်ကြောင်း အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး အရာရှိ ဂျက် ဆူလီဗန်က သတိပေးခဲ့ဖူးပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့လည်း လက်ရှိ အခြေအနေတွေ အရတော့ မြောက်ကိုရီးယားဟာ နျူကလီးယား စမ်းသပ်ဖောက်ခွဲနိုင်ခြေ အတော်လေး နည်းသွားပြီဖြစ်ကြောင်း၊ ကင်မ်ရဲ့ နောက်ထပ် ခြေလှမ်းနဲ့ ပတ်သက်လို့ ရှုထောင့်ပေါင်းစုံက တွက်ချက်ကြည့်တဲ့နောက် ဒုံးကျည် စမ်းသပ်မှုတွေအပေါ် ပိုမို အာရုံရောက်နေဟန်ရှိပြီး နျူကလီးယား လက်နက် နည်းပညာနဲ့ အဆက်အစပ် သိပ်မရှိတော့ကြောင်း DIAရဲ့ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး စကော့ ဘာရီရာက သတင်းထောက်တွေကို ပြောပါတယ်။

လတ်တလောမှာတော့ ကင်မ်ဟာ နျူကလီးယားလက်နက် စမ်းသပ်ဖို့ မြောက်ကိုရီးယား စစ်တပ်ကို ညွှန်ကြားထားဟန် မရှိကြောင်း၊ ဒါပေမဲ့ လုံးဝ မပေါ့ဆဘဲ နိုးနိုးကြားကြားနဲ့ သတိထား စောင့်ကြည့်ဖို့တော့ လိုနေဆဲဖြစ်ကြောင်း ဘာရီရာက ဆိုပါတယ်။

မြောက်ကိုရီးယားဟာ ၂၀၀၆ ခုနှစ်ကစလို့ နျူကလီးယား လက်နက် စမ်းသပ်ဖောက်ခွဲမှု ၆ ကြိမ် ပြုလုပ်ခဲ့ပြီး အဲဒီထဲက ၄ ကြိမ်ဟာ ကင်မ်ရဲ့ လက်ထက်မှာ အကောင်အထည် ဖော်ခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂရဲ့ နျူကလီးယား ထိန်းချုပ်ရေး အေဂျင်စီဟာ စည်းမျဉ်းတွေကို လိုတစ်လို၊ မလိုတစ်မျိုး ကျင့်သုံးနေတယ်လို့ မြောက်ကိုရီးယားက စွပ်စွဲခဲ့ပါတယ်။

နိုင်ငံတကာ

ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဒိန်းမတ် အစိုးရတို့ကြား ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ပြီလို့ အသီးသီး ကြေညာခဲ့ပါတယ်။