Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နျူကလီးယားထိပ်ဖူး ပိုင်ဆိုင်မှုကို သုံးဆမြှင့်တင်ဖို့ တရုတ် ကြိုးစားနေကြောင်း အမေရိကန်ပြော

တရုတ်သာ ရှိရင်းစွဲ မြန်နှုန်းအတိုင်း ဆက်သွားနေရင် ၂၀၃၅ ခုနှစ်မှာ နျူကလီးယားဒုံးကျည် ထိပ်ဖူး အရေအတွက်က ၁၅၀၀ လောက် သေချာပေါက် ပိုင်ဆိုင်နေလိမ့်မယ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန အစီရင်ခံစာထဲမှာ ကောက်နုတ် ဖော်ပြထားပါတယ်။

နျူကလီးယားထိပ်ဖူး ပိုင်ဆိုင်မှုကို သုံးဆမြှင့်တင်ဖို့ တရုတ် ကြိုးစားနေကြောင်း အမေရိကန်ပြော
နျူကလီးယားထိပ်ဖူး ပိုင်ဆိုင်မှုကို သုံးဆမြှင့်တင်ဖို့ တရုတ် ကြိုးစားနေကြောင်း အမေရိကန်ပြော

လာမယ့် ဆယ်စုနှစ် တစ်ခုကျော် ကာလအတွင်း တရုတ်က နျူကလီးယား ဒုံးကျည် ထိပ်ဖူး ပိုင်ဆိုင်မှုကို လက်ရှိထက် သုံးဆကျော် မြှင့်တင်သွားဖွယ် ရှိနေကြောင်း အမေရိကန် စစ်ဘက်က ပြောကြားခဲ့ပါတယ်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ‘တရုတ် ပြည်သူ့သမ္မတနိုင်ငံ၏ စစ်ရေးနှင့် လုံခြုံရေး ဖြစ်ပျက် ပြောင်းလဲမှုများ’ အစီရင်ခံစာအရ တရုတ်ဟာ ၂၀၃၅ ခုနှစ်မှာ နျူကလီးယားထိပ်ဖူး ပိုင်ဆိုင်မှု အရေအတွက်ကို ၁၅၀၀ လောက်ထိ ရောက်ရှိအောင် တွန်းအားပေး လုပ်ဆောင်နေကြောင်း သိရပါတယ်။

ပြီးတော့ တရုတ်ရဲ့ နျူကလီးယား လက်နက်တိုက် ချဲ့ထွင်မှုဟာ အမေရိကန်က အရင် ခန့်မှန်းထားဖူးတာထက် ပိုပြီး မြန်ဆန် အားကောင်းနေတယ်လို့လည်း ဆိုပါတယ်။ ၂၀၂၁ ခုနှစ်ထိ စာရင်းတွေအရ တရုတ်ဟာ နျူကလီးယားထိပ်ဖူး အရေအတွက် ၄၀၀ ကျော်လောက် ပိုင်ဆိုင်ထားခဲ့ပါတယ်။

တရုတ်သာ ရှိရင်းစွဲ မြန်နှုန်းအတိုင်း ဆက်သွားနေရင် ၂၀၃၅ ခုနှစ်မှာ နျူကလီးယားဒုံးကျည် ထိပ်ဖူး အရေအတွက်က ၁၅၀၀ လောက် သေချာပေါက် ပိုင်ဆိုင်နေလိမ့်မယ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန အစီရင်ခံစာထဲမှာ ကောက်နုတ် ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

တရုတ် အစိုးရဟာ ပြည်သူ့သမ္မတနိုင်ငံ ထူထောင်မှု နှစ်ပေါင်း ၁၀၀ ပြည့်မယ့် ၂၀၄၉ ခုနှစ်မှာ နိုင်ငံရေး၊ စစ်ရေး၊ လူမှုရေးဆိုင်ရာ ကဏ္ဍအသီးသီးမှာ မူဝါဒပိုင်း နည်းပညာပိုင်း ဆန်းသစ်ဖို့ အားသွန်ခွန်စိုက် လုပ်ဆောင်နေကြောင်းလည်း အစီရင်ခံစာက ဆိုပါတယ်။

ဒါ့အပြင် တရုတ်ဟာ ၂၀၂၇ ခုနှစ်မှာ ထိုင်ဝမ်ကို ကျူးကျော် သိမ်းပိုက်ဖို့ အဆင်သင့် ဖြစ်လောက်တဲ့ စစ်အင်အားမျိုး စုစည်း ထူထောင်နေတယ်လို့လည်း ပင်တဂွန်က သတိပေးထားပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ တရုတ်က သေချာပေါက် ကျူးကျော်စစ် ဆင်နွှဲလိမ့်မယ်လို့တော့ မှတ်ချက် ပေးမထားပါဘူး။

အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနဖြစ်တဲ့ ပင်တဂွန် စစ်ဌာနချုပ်က တရုတ်ဟာ မဟာဗျူဟာ ရှုထောင့်အရ အမေရိကန်ရဲ့ အဓိက ပြိုင်ဘက် ဖြစ်လာကြောင်း အခုနှစ် အစောပိုင်းမှာ ကတည်းက သဘောထား ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။