News ဒေါ်လာသန်း ၁၅၀ ထောက်ပံ့မယ်လို့ အာဆီယံခေါင်းဆောင်တွေကို သမ္မတဘိုင်ဒန်ကတိပြု အမေရိကန် ရဲ့ ဘဏ္ဍာရေးဆိုင်ရာကတိကဝတ်မှာ ဒေသတွင်း စွမ်းအင်ကဏ္ဍ ၊ရေကြောင်းဆိုင်ရာလုံခြုံရေး၊ ကိုဗစ်နောက်ဆက်တွဲကျန်းမာရေးကိစ္စ တွေမှာပါဝင်ပါတယ်။ LuduNwayOoမေ 13, 2022
နိုင်ငံတကာ ကိယက်ဗ်ကို လောလောဆယ် ဘိုင်ဒန် သွားဖြစ်မှာ မဟုတ်ဘူးလို့ အိမ်ဖြူတော် အတည်ပြု ရုရှားနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲမှာ ယူကရိန်းကို ထောက်ခံကြောင်း ပြသတဲ့ အနေနဲ့ ဗြိတိန် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆန် အပါအဝင် ဥရောပနိုင်ငံ တချို့ရဲ့ ခေါင်းဆောင်တွေဟာ ကိယက်ဗ်ထိ သွားရောက်ပြီး ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံခဲ့ပါတယ်။ LuduNwayOoဧပြီ 19, 2022
ဗီဒီယို အဆင့်မြင့် လေကြောင်း ကာကွယ်ရေးစနစ်တစ်ခု ယူကရိန်းဆီ ပို့ဆောင်ပေးမယ်လို့ ဘိုင်ဒန်ပြော ရုရှားက စစ်ပွဲကို နောက်တစ်ဆင့် ဆင်နွှဲဖို့ ဦးတည်လာတဲ့နောက် သူ့အနေနဲ့ ယူကရိန်းရဲ့ လက်နက် စွမ်းရည်ကို နည်းပညာ အဆင့်မြှင့် ကူညီပေးဖို့ ဆုံးဖြတ်ခဲ့ကြောင်း ဘိုင်ဒန်က အိမ်ဖြူတော်ကနေတဆင့် ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ LuduNwayOoဧပြီ 9, 2022
ဗီဒီယို ရွေးကောက်ပွဲမှာ ထရမ့်နဲ့ မကျေပွဲ ယှဉ်ပြိုင်ချင်သေးတယ်လို့ ဘိုင်ဒန်ပြော ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဘရပ်ဆဲလ်မြို့မှာ NATO မဟာမိတ် အဖွဲ့ရဲ့ ညီလာခံ တစ်ခုကို တက်ရောက်ဖို့ ရောက်ရှိနေတဲ့အချိန် ဘိုင်ဒန်က ၂၀၂၄ မှာ သူသာ ထရမ့်နဲ့ နောက်တစ်ကြိမ် ယှဉ်ပြိုင်ရမယ်ဆိုရင် ကံကောင်းတယ်လို့ မှတ်ယူမိမှာဖြစ်ကြောင်း မှတ်ချက်ပေး ပြောဆိုသွားပါတယ်။ LuduNwayOoမတ် 27, 2022
နိုင်ငံတကာ ရုရှားစစ်တပ်က ဓာတုလက်နက်၊ ဇီဝလက်နက်တွေ သုံးလာနိုင်တယ်လို့ ဘိုင်ဒန်ပြော ယူကရိန်းက အရပ်ဖက် ပစ်မှတ်တွေကို ရုရှားက တိုက်ခိုက်နေတဲ့အပေါ် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ဝေဖန် ပြစ်တင်ခဲ့ပြီး နောက်ဆက်တွဲအဖြစ် ရုရှားက ဓာတုလက်နက်တွေ သုံးစွဲဖို့ပါ စဉ်းစားလာနိုင်တယ်လို့ ဆိုပါတယ်။ LuduNwayOoမတ် 22, 2022
ဗီဒီယို တပ်တွေ ပြန်ရုပ်တယ် ပြောပေမယ့် ရုရှားက ယူကရိန်းကို ခြိမ်းခြောက်နေဆဲလို့ ဘိုင်ဒန် သတိပေး ရုရှားဟာ ယူကရိန်း နိုင်ငံနဲ့ နယ်စပ်နားမှာ စစ်သည် တစ်သိန်းခွဲလောက်ထိ ဖြန့်ကျက်ထားတယ်လို့ ဘိုင်ဒန်က ပြောပါတယ်။ အစောပိုင်းမှာ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက နယ်စပ်မှာ ရှိနေတဲ့ တပ်တချို့ စစ်တန်းလျား ပြန်ကုန်ကြပြီလို့ ထုတ်ပြန်ပေမယ့် ဒီကိစ္စကို အတည်မပြုနိုင်သေးကြောင်း ဘိုင်ဒန်က ဆိုပါတယ်။ LuduNwayOoဖေဖော်ဝါရီ 16, 2022
နိုင်ငံတကာ ယူကရိန်းရောက် အမေရိကန် နိုင်ငံသားတွေ အမြန်ဆုံး ထွက်ခွာဖို့ ဘိုင်ဒန် တိုက်တွန်း ယူကရိန်းရဲ့ အနေအထားက ဘာမဆို ကြိုတွေးထားလို့ မရလောက်အောင် ရုတ်ချည်း အလှည့်အပြောင်းတွေ ဖြစ်သွားနိုင်တယ်လို့ ဘိုင်ဒန်က ပြောပါတယ်။ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ယူကရိန်းကို ကျူးကျော်ဖို့ အစီအစဉ် မရှိပါဘူးလို့ အကြိမ်ကြိမ် ငြင်းဆိုထားပေမယ့် ယူကရိန်းနိုင်ငံ ပတ်ပတ်လည်မှာ စစ်သည် တစ်သိန်းလောက်... LuduNwayOoဖေဖော်ဝါရီ 11, 2022
နိုင်ငံတကာ ရုရှားရဲ့ ကျူးကျော်မှုဟာ အသေးစားလောက် ဖြစ်နိုင်တယ်ဆိုတဲ့ ဘိုင်ဒန်ရဲ့ မှတ်ချက်ကို ယူကရိန်းဝေဖန် အမေရိကန်နဲ့ အနောက်အုပ်စု မဟာမိတ် နိုင်ငံတွေကတော့ ယူကရိန်းကို လုံးဝ မကျူးကျော်ဖို့ ရုရှား အစိုးရကို သတိပေးထားပါတယ်။ ရုရှားကသာ ယူကရိန်းကို တိုက်ခိုက်လာရင် နောက်ဆက်တွဲ ဆိုးကျိုးတွေပါ ရင်ဆိုင်လာရနိုင်တယ်လို့ အနောက်အုပ်စုက ပြောပါတယ်။ LuduNwayOoဇန်နဝါရီ 21, 2022
နိုင်ငံတကာ လွှတ်တော် စီးနင်းခံရမှု နှစ်ပတ်လည်နေ့မှာ ထရမ့်ကို ထိုးနှက်ဝေဖန်သွားခဲ့တဲ့ ဘိုင်ဒန် ဘိုင်ဒန်ရဲ့ မိန့်ခွန်းအပြီး နာရီပိုင်း အကြာမှာတော့ ထရမ့်က ဘိုင်ဒန်ကို ရန်ပြန်တွေ့ထားတဲ့ ထုတ်ပြန်ချက်တစ်ခု ထွက်ပေါ်လာပါတယ်။ သူက ဘိုင်ဒန်ဟာ အရှုံးသမား တစ်ဦးအဖြစ် ပုံဖော်ပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ မဟုတ်တမ်းတရားတွေ ပြောဆိုခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ LuduNwayOoဇန်နဝါရီ 7, 2022
နိုင်ငံတကာ ယူကရိန်းကို ရုရှား တိုက်ခိုက်ရင် အမေရိကန် တုံ့ပြန်မယ်လို့ ပူတင်ကို ဘိုင်ဒန် သတိပေး အမေရိကန်နဲ့ ရုရှားတို့ရဲ့ နှစ်နိုင်ငံ ခေါင်းဆောင်တွေ အွန်လိုင်းကနေ ပြုလုပ်တဲ့ ရှားရှားပါးပါး အစည်းအဝေးမှာ ဘိုင်ဒန်က အခုလို ပြောဆိုခဲ့တာပါ။ ရုရှားတပ်တွေ ယူကရိန်း နယ်နိမိတ်နားမှာ စုရုံးနေတာကို အမေရိကန် အနေနဲ့ အထူးတလည် စိုးရိမ်တယ်လို့ ဘိုင်ဒန်က ဆိုပါတယ်။ LuduNwayOoဒီဇင်ဘာ 8, 2021