Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းရောက် အမေရိကန် နိုင်ငံသားတွေ အမြန်ဆုံး ထွက်ခွာဖို့ ဘိုင်ဒန် တိုက်တွန်း

ယူကရိန်းရဲ့ အနေအထားက ဘာမဆို ကြိုတွေးထားလို့ မရလောက်အောင် ရုတ်ချည်း အလှည့်အပြောင်းတွေ ဖြစ်သွားနိုင်တယ်လို့ ဘိုင်ဒန်က ပြောပါတယ်။ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ယူကရိန်းကို ကျူးကျော်ဖို့ အစီအစဉ် မရှိပါဘူးလို့ အကြိမ်ကြိမ် ငြင်းဆိုထားပေမယ့် ယူကရိန်းနိုင်ငံ ပတ်ပတ်လည်မှာ စစ်သည် တစ်သိန်းလောက် ဖြန့်ကျက် ဝန်းရံထားစေပါတယ်။

စစ်ရိပ်စစ်ငွေ့တွေ ယှက်သန်းလာတဲ့နောက် ယူကရိန်းမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေ အားလုံး ထွက်ခွာလာကြဖို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က တိုက်တွန်းလိုက်ပါတယ်။

တကယ်လို့ ယူကရိန်းကို ရုရှားတပ်တွေက ဝင်တိုက်ပြီဆိုရင် အဲဒီအချိန်ကျမှ ပိတ်မိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို ကယ်ထုတ်ဖို့ တပ်တွေ စေလွှတ်တော့မှာ မဟုတ်ကြောင်း ဘိုင်ဒန်က သတိပေးခဲ့ပါတယ်။ ယူကရိန်းကို ရုရှားက ကျူးကျော် စစ်ပြုမှာ နေ့လား၊ ညလားလို့ စိုးရိမ်နေရတဲ့ အခြေအနေမှာ ဘိုင်ဒန်က သူ့နိုင်ငံသားတွေကို အမြန်ဆုံး ထွက်ခွာဖို့ ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ယူကရိန်းရဲ့ အနေအထားက ဘာမဆို ကြိုတွေးထားလို့ မရလောက်အောင် ရုတ်ချည်း အလှည့်အပြောင်းတွေ ဖြစ်သွားနိုင်တယ်လို့ ဘိုင်ဒန်က ပြောပါတယ်။ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ယူကရိန်းကို ကျူးကျော်ဖို့ အစီအစဉ် မရှိပါဘူးလို့ အကြိမ်ကြိမ် ငြင်းဆိုထားပေမယ့် ယူကရိန်းနိုင်ငံ ပတ်ပတ်လည်မှာ စစ်သည် တစ်သိန်းလောက် ဖြန့်ကျက် ဝန်းရံထားစေပါတယ်။

အမေရိကန်နဲ့ NATO မဟာမိတ် အဖွဲ့ထဲက အရာရှိကြီး တချို့ကတော့ အခုလလယ်လောက်မှာတင် ယူကရိန်း ပိုင်နက်ထဲ ရုရှားတပ်တွေ စတင် ဝင်ရောက်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ရုရှားဟာ ယူကရိန်းပိုင် ခရိုင်းမီးယား ကျွန်းဆွယ်ကိုလည်း ၂၀၁၄ တုန်းက စစ်အင်အားသုံးပြီး ကျူးကျော် သိမ်းပိုက်ခဲ့ဖူးပါတယ်။

Public Service Announcement

Public Service Announcement

လတ်တလောမှာ ယူကရိန်းနဲ့ နယ်စပ်တလျှောက် ရုရှားပိုင်နက်ထဲမှာ စစ်တပ်တွေ ဖြန့်ကျက်ထားသလို ယူကရိန်းရဲ့ နောက်ထပ် အိမ်နီးချင်း နိုင်ငံတစ်ခုဖြစ်တဲ့ ဘီလားရုစ်မှာလည်း ရုရှားက အင်အား အလုံးအရင်းနဲ့ စစ်ရေး လေ့ကျင့်နေပါတယ်။

လက်ရှိ တင်းမာမှုတွေနဲ့ ပတ်သက်လို့ ဗြိတိန် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆန်က ဥရောပတိုက်ဟာ ဆယ်စုနှစ်ပေါင်း အတော်များများအတွင်း အကြီးမားဆုံး လုံခြုံရေးဆိုင်ရာ အကျပ်အတည်းကြီး တစ်ခုနဲ့ ရင်ဆိုင်နေရပြီလို့ မှတ်ချက် ပေးခဲ့ပါတယ်။

ဘိုင်ဒန်ကတော့ ယူကရိန်းက အမေရိကန် နိုင်ငံသားတွေဟာ အမြန်ဆုံး ထွက်ခွာသင့်ပြီဖြစ်ကြောင်း၊ ကမ္ဘာပေါ်မှာ အင်အား အကြီးဆုံး စာရင်းဝင် စစ်တပ်ကြီး တစ်ခုနဲ့ ဆက်စပ်နေတဲ့ ပြဿနာဟာ အချိန်မရွေး အပြောင်းအလဲတွေ ကြုံသွားနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

တကယ်လို့ ယူကရိန်းမှာ စစ်ဖြစ်ရင် ပိတ်မိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို ကယ်ထုတ်ဖို့ တပ်တွေ စေလွှတ်မလားလို့ သတင်းထောက်တွေက မေးတဲ့အခါ ဘိုင်ဒန်က ဒီကိစ္စ မဖြစ်နိုင်ကြောင်း၊ အမေရိကန်နဲ့ ရုရှား စစ်တပ်တွေသာ ထိပ်တိုက် ပစ်ခတ်မှုတွေ ဖြစ်လာရင် ကမ္ဘာစစ်ကြီး အစပြုသွားနိုင်ကြောင်း တုံ့ပြန်သွားပါတယ်။

အနောက်အုပ်စု နိုင်ငံ ခေါင်းဆောင်တွေကတော့ ရုရှားအနေနဲ့ လက်ရှိ အခြေအနေတွေကို သံတမန်ရေးရာ နည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ မျှော်လင့်နေဆဲလို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ကြိုတင် ကြေညာထားတဲ့အတိုင်း ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ တက်ရောက်ရင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဒိန်းမတ်၊ ဂရင်းလန် အစိုးရတွေနဲ့အတူ ဂရင်းလန် လုံခြုံရေး သဘောတူညီမှုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

မူးယစ်မှောင်ခိုသမားတွေ အသုံးပြုနေတာလို့ စွပ်စွဲပြီး ရေယာဉ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု မြောက်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂ (UN) အစီရင်ခံစာ တစ်စောင်က သုံးသပ်ထားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ ဂရင်းလန်ကျွန်းမှာ နောက်ထပ် စစ်စခန်းနှစ်ခု ထပ်မံဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

Facebook