Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားရဲ့ ကျူးကျော်မှုဟာ အသေးစားလောက် ဖြစ်နိုင်တယ်ဆိုတဲ့ ဘိုင်ဒန်ရဲ့ မှတ်ချက်ကို ယူကရိန်းဝေဖန်

အမေရိကန်နဲ့ အနောက်အုပ်စု မဟာမိတ် နိုင်ငံတွေကတော့ ယူကရိန်းကို လုံးဝ မကျူးကျော်ဖို့ ရုရှား အစိုးရကို သတိပေးထားပါတယ်။ ရုရှားကသာ ယူကရိန်းကို တိုက်ခိုက်လာရင် နောက်ဆက်တွဲ ဆိုးကျိုးတွေပါ ရင်ဆိုင်လာရနိုင်တယ်လို့ အနောက်အုပ်စုက ပြောပါတယ်။

ယူကရိန်းကို ရုရှားရဲ့ ကျူးကျော် တိုက်ခိုက်လာမှုဟာ အသေးစားလောက်သာ ဖြစ်ကောင်း ဖြစ်နိုင်တယ်ဆိုတဲ့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ မှတ်ချက်အပေါ် ယူကရိန်း အစိုးရက တုံ့ပြန် ဝေဖန်သွားခဲ့ပါတယ်။

ရုရှားဟာ ၂၀၁၄ ခုနှစ်တုန်းက ယူကရိန်းပိုင် ခရိုင်းမီးယား ကျွန်းဆွယ် ဒေသကို စစ်အင်အားသုံးပြီး ဝင်ရောက် သိမ်းယူခဲ့ဖူးပါတယ်။ အခုလည်း ယူကရိန်းနဲ့ နယ်စပ်နားမှာ ရုရှားစစ်သည် တစ်သိန်း ဝန်းကျင်လောက် စုရုံးနေတာကြောင့် နောက်ထပ် ကျူးကျော်စစ်တစ်ခု ဖြစ်လာမှာကို ယူကရိန်းက စိုးရိမ်နေပါတယ်။

အမေရိကန်နဲ့ အနောက်အုပ်စု မဟာမိတ် နိုင်ငံတွေကတော့ ယူကရိန်းကို လုံးဝ မကျူးကျော်ဖို့ ရုရှား အစိုးရကို သတိပေးထားပါတယ်။ ရုရှားကသာ ယူကရိန်းကို တိုက်ခိုက်လာရင် နောက်ဆက်တွဲ ဆိုးကျိုးတွေပါ ရင်ဆိုင်လာရနိုင်တယ်လို့ အနောက်အုပ်စုက ပြောပါတယ်။

အခု သီတင်းပတ်ထဲမှာတော့ အမေရိကန် သမ္မတ ဘိုင်ဒန်က ရုရှားရဲ့ ကျူးကျော်စစ်ပွဲဟာ အသေးစားလောက်လည်း ဖြစ်နိုင်ကြောင်း၊ ဒါဟာ ရုရှားရဲ့ သဘောထားအပေါ် အများကြီး မူတည်နေကြောင်း၊ ဘယ်လို အတိုင်းအတာမျိုးနဲ့ ကျူးကျော်တာပဲ ဖြစ်ပါစေ၊ ရုရှားဟာ ထိထိရောက်ရောက် ပေးဆပ်ရမှာဖြစ်ကြောင်း ပြောကြားသွားပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ ဘိုင်ဒန်ရဲ့ မှတ်ချက်အပေါ် စိတ်ပျက်နေပုံရပြီး ကျူးကျော်စစ်မှာ သေးငယ်တယ်ဆိုတာ မရှိဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။ ကျူးကျော်မှုမှာ အသေးစားဆိုတာ လုံးဝ မရှိကြောင်း၊ လူ့အသက်တွေ ဆုံးရှုံးမှုမှာလည်း အသေးစားဆိုတာ မရှိကြောင်း၊ ထိခိုက်သက်ရောက်သူ တစ်ဦးချင်းရဲ့ မိသားစုတွေဟာ ကိုယ်ချစ်မြတ်နိုးရသူ တစ်ယောက်ကို ဆုံးရှုံးရတဲ့အတွက် နာနာကျင်ကျင် ခံစားကြရမှာဖြစ်ကြောင်း ဇီလန်စကီးက Twitterမှာ ရေးသားထားပါတယ်။

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကတော့ နယ်စပ်နားမှာ တပ်တွေ စုရုံးနေတယ် ဆိုပေမယ့် ယူကရိန်းကို စစ်တိုက်မယ်ဆိုတဲ့ ခန့်မှန်းချက်တွေကို အစဉ်တစိုက် ငြင်းဆိုထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

Facebook