Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကိယက်ဗ်ကို လောလောဆယ် ဘိုင်ဒန် သွားဖြစ်မှာ မဟုတ်ဘူးလို့ အိမ်ဖြူတော် အတည်ပြု

ရုရှားနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲမှာ ယူကရိန်းကို ထောက်ခံကြောင်း ပြသတဲ့ အနေနဲ့ ဗြိတိန် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆန် အပါအဝင် ဥရောပနိုင်ငံ တချို့ရဲ့ ခေါင်းဆောင်တွေဟာ ကိယက်ဗ်ထိ သွားရောက်ပြီး ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံခဲ့ပါတယ်။

လတ်တလော အခြေအနေမှာတော့ ကိယက်ဗ် မြို့တော်ကို အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် သွားရောက်ဦးမှာ မဟုတ်ဘူးလို့ အိမ်ဖြူတော်က အတည်ပြုသွားပါတယ်။

ရုရှားနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲမှာ ယူကရိန်းကို ထောက်ခံကြောင်း ပြသတဲ့ အနေနဲ့ ဗြိတိန် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆန် အပါအဝင် ဥရောပနိုင်ငံ တချို့ရဲ့ ခေါင်းဆောင်တွေဟာ ကိယက်ဗ်ထိ သွားရောက်ပြီး ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဇီလန်စကီးက သူ့အနေနဲ့ အမေရိကန် သမ္မတ ဘိုင်ဒန်ကိုလည်း ကိယက်ဗ်မြို့တော်ဆီ လာရောက်စေချင်ကြောင်း CNNနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။ ကျူးကျော်စစ် ဆင်နွှဲခဲ့တဲ့ ရုရှားတပ်တွေဟာ ကိယက်ဗ်ကို သိမ်းယူဖို့ လက်လျှော့သွားဟန် ရှိပေမယ့် လက်နက်ကြီးတွေ၊ ဒုံးကျည်တွေနဲ့ ပစ်ခတ်တာမျိုးတော့ ဆက်ပြီး ကြုံနေရဆဲပါ။

ဇီလန်စကီးဖက်က ဖိတ်ကြားတဲ့ စကားမျိုး ပြောခဲ့ပေမယ့် လောလောဆယ်တော့ ဘိုင်ဒန်ဟာ ယူကရိန်းကို သွားရောက်ဖို့ အစီအစဉ် မရှိသေးကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး ဂျန်ဆာကီက အခိုင်အမာ ပြောကြားသွားခဲ့ပါတယ်။ လုံခြုံရေး အပါအဝင် ဘက်ပေါင်းစုံ အခြေအနေတွေကြောင့် လက်ရှိကာလဟာ ယူကရိန်းကို သွားရောက်ဖို့ မသင့်တော်သေးကြောင်း သမ္မတရဲ့ အကြံပေးတွေက ယူဆထားတယ်လို့ ဆာကီက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

သမ္မတကိုယ်တိုင် မသွားဖြစ်ပေမယ့်လည်း ယူကရိန်းကို ထောက်ခံကြောင်း ပြသတဲ့ အနေနဲ့ ကိယက်ဗ်ကို အမေရိကန် အစိုးရ ထိပ်တန်း အရာရှိတစ်ဦး စေလွှတ်ဖို့တော့ အိမ်ဖြူတော်က စီစဉ်ထားပါတယ်။ သတင်းတွေအရ ကိယက်ဗ်မှာ ဇီလန်စကီးနဲ့ သွားရောက် တွေ့ဆုံမယ့် ပုဂ္ဂိုလ်ဟာ ကာကွယ်ရေးဝန်ကြီး လွိုက်ဒ်အော်စတင်နဲ့ နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်တို့ထဲက တစ်ဦး ဖြစ်ဖွယ် ရှိတယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အိမ်ဖြူတော် မြက်ခင်းပြင်မှာ ကျင်းပခဲ့တဲ့ ကိုယ်ခံပညာ တိုက်ခိုက်ရေးပေါင်းစုံ (MMA) အားကစား ပြိုင်ပွဲကို ပစ်မှတ်ထားခဲ့တဲ့ လက်နက်ကိုင် အဖွဲ့တစ်ခုကို ဖော်ထုတ် တားဆီးနိုင်ခဲ့ကြောင်း အမေရိကန် ထောက်လှမ်းရေး ဗျူရို (FBI)က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် အစိုးရ ရုံးစိုက်ရာ အိမ်ဖြူတော် ဝင်းထဲမှာ ကျင်းပနေတဲ့ ကိုယ်ခံပညာ ပေါင်းစုံ တိုက်ခိုက်ရေး (MMA) ပြိုင်ပွဲကို စတင်နေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်ရှေ့ မြေကွက်လပ်မှာ ကိုယ်ခံပညာပေါင်းစုံ တိုက်ခိုက်ရေး အားကစား (MMA) ပြိုင်ပွဲ ကျင်းပဖို့ သံလှောင်အိမ်ကြီးကို စတင် တည်ဆောက်နေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ရှိနေတဲ့ လုံခြုံရေး အေးဂျင့်တွေကို ပစ်ခတ်ခဲ့တဲ့ သေနတ်သမား တစ်ဦးကို သုတ်သင် ရှင်းလင်းခဲ့ကြောင်း အမေရိကန် သမ္မတရဲ့ ကိုယ်ရံတော် အဖွဲ့ဖြစ်တဲ့ လျှို့ဝှက်အေးဂျင့်အဖွဲ့ (USSS)က ထုတ်ပြန်ခဲ့ပါတယ်။