Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ကိယက်ဗ်ကို လောလောဆယ် ဘိုင်ဒန် သွားဖြစ်မှာ မဟုတ်ဘူးလို့ အိမ်ဖြူတော် အတည်ပြု

ရုရှားနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲမှာ ယူကရိန်းကို ထောက်ခံကြောင်း ပြသတဲ့ အနေနဲ့ ဗြိတိန် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆန် အပါအဝင် ဥရောပနိုင်ငံ တချို့ရဲ့ ခေါင်းဆောင်တွေဟာ ကိယက်ဗ်ထိ သွားရောက်ပြီး ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံခဲ့ပါတယ်။

လတ်တလော အခြေအနေမှာတော့ ကိယက်ဗ် မြို့တော်ကို အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် သွားရောက်ဦးမှာ မဟုတ်ဘူးလို့ အိမ်ဖြူတော်က အတည်ပြုသွားပါတယ်။

ရုရှားနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲမှာ ယူကရိန်းကို ထောက်ခံကြောင်း ပြသတဲ့ အနေနဲ့ ဗြိတိန် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆန် အပါအဝင် ဥရောပနိုင်ငံ တချို့ရဲ့ ခေါင်းဆောင်တွေဟာ ကိယက်ဗ်ထိ သွားရောက်ပြီး ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဇီလန်စကီးက သူ့အနေနဲ့ အမေရိကန် သမ္မတ ဘိုင်ဒန်ကိုလည်း ကိယက်ဗ်မြို့တော်ဆီ လာရောက်စေချင်ကြောင်း CNNနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။ ကျူးကျော်စစ် ဆင်နွှဲခဲ့တဲ့ ရုရှားတပ်တွေဟာ ကိယက်ဗ်ကို သိမ်းယူဖို့ လက်လျှော့သွားဟန် ရှိပေမယ့် လက်နက်ကြီးတွေ၊ ဒုံးကျည်တွေနဲ့ ပစ်ခတ်တာမျိုးတော့ ဆက်ပြီး ကြုံနေရဆဲပါ။

ဇီလန်စကီးဖက်က ဖိတ်ကြားတဲ့ စကားမျိုး ပြောခဲ့ပေမယ့် လောလောဆယ်တော့ ဘိုင်ဒန်ဟာ ယူကရိန်းကို သွားရောက်ဖို့ အစီအစဉ် မရှိသေးကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး ဂျန်ဆာကီက အခိုင်အမာ ပြောကြားသွားခဲ့ပါတယ်။ လုံခြုံရေး အပါအဝင် ဘက်ပေါင်းစုံ အခြေအနေတွေကြောင့် လက်ရှိကာလဟာ ယူကရိန်းကို သွားရောက်ဖို့ မသင့်တော်သေးကြောင်း သမ္မတရဲ့ အကြံပေးတွေက ယူဆထားတယ်လို့ ဆာကီက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

သမ္မတကိုယ်တိုင် မသွားဖြစ်ပေမယ့်လည်း ယူကရိန်းကို ထောက်ခံကြောင်း ပြသတဲ့ အနေနဲ့ ကိယက်ဗ်ကို အမေရိကန် အစိုးရ ထိပ်တန်း အရာရှိတစ်ဦး စေလွှတ်ဖို့တော့ အိမ်ဖြူတော်က စီစဉ်ထားပါတယ်။ သတင်းတွေအရ ကိယက်ဗ်မှာ ဇီလန်စကီးနဲ့ သွားရောက် တွေ့ဆုံမယ့် ပုဂ္ဂိုလ်ဟာ ကာကွယ်ရေးဝန်ကြီး လွိုက်ဒ်အော်စတင်နဲ့ နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်တို့ထဲက တစ်ဦး ဖြစ်ဖွယ် ရှိတယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်လွှတ်တော်နှစ်ရပ်က ၂၀၂၄ ခုနှစ် အမေရိကန်အစိုးရအသုံးစရိတ်လျာထားချက်ဥပဒေကြမ်းကို မတ်လ ၂၃ ရက်တွင် အတည်ပြုခဲ့ပြီး သမ္မတဂျိုးဘိုင်ဒန်ကလည်း ယင်းနေ့တွင်ပင် ဥပဒေကို လက်မှတ်ရေးထိုးကြောင်း ကြေညာခဲ့သည်။

နိုင်ငံတကာ

အမေရိကန် ရွေးကောက်ပွဲကို နိုဝင်ဘာ ၅ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး လက်ရှိ အခြေအနေအရ မျက်နှာသစ် သမ္မတတစ်ဦး ထွက်ပေါ်လာမှာ မဟုတ်ကြောင်း သေချာသွားစေခဲ့ပါတယ်။

နိုင်ငံတကာ

အဲဒီ ညှိနှိုင်းမှုတွေဟာ တိုက်ပွဲတွေ ရပ်ဆိုင်းသွားရေးနဲ့ ဟားမားစ်တွေ ဖမ်းဆီးထားတဲ့ အစ္စရေး ဓားစာခံတွေ လွတ်မြောက်ရေးဆိုတဲ့ အချက်တွေကို အဓိက ဗဟိုပြုနေပါတယ်။

နိုင်ငံတကာ

ကနဦး စုံစမ်းမှုတွေအရ အမေရိကန် တပ်ဖွဲ့ဝင်တွေဟာ အဲဒီ ဖောက်ခွဲရေး ဒရုန်းကို ကိုယ့်တပ်ဖက်က ဒရုန်းလို့ အထင်မှားပြီး ပေါ့ပေါ့ဆဆ သဘောထားမိခဲ့တာ ဖြစ်နိုင်တယ်လို့ သိရှိရပါတယ်။