Connect with us

Hi, what are you looking for?

ဗီဒီယို

အဆင့်မြင့် လေကြောင်း ကာကွယ်ရေးစနစ်တစ်ခု ယူကရိန်းဆီ ပို့ဆောင်ပေးမယ်လို့ ဘိုင်ဒန်ပြော

ရုရှားက စစ်ပွဲကို နောက်တစ်ဆင့် ဆင်နွှဲဖို့ ဦးတည်လာတဲ့နောက် သူ့အနေနဲ့ ယူကရိန်းရဲ့ လက်နက် စွမ်းရည်ကို နည်းပညာ အဆင့်မြှင့် ကူညီပေးဖို့ ဆုံးဖြတ်ခဲ့ကြောင်း ဘိုင်ဒန်က အိမ်ဖြူတော်ကနေတဆင့် ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

နည်းပညာ မြင့်မားတဲ့ လေကြောင်းကာကွယ်ရေး စနစ်တစ်ခုကို ယူကရိန်းဆီ ပေးပို့ဖို့ အလျင်အမြန် ဆောင်ရွက်နေပြီလို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားခဲ့ပါတယ်။

ဒါဟာ ရုရှားနဲ့ စစ်ခင်း တိုက်ခိုက်နေရတဲ့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အမေရိကန် အစိုးရဆီကနေ အရေးတကြီး တောင်းဆိုထားတဲ့ အချက်တွေထဲက တစ်ခုကို ဖြည့်ဆည်းပေးတဲ့ သဘောလည်း ဖြစ်ပါတယ်။ ဇီလန်စကီးက ရုရှားရဲ့ လေကြောင်း စိုးမိုးမှုကို ဖြိုခွင်းဖို့အတွက် ယူကရိန်းမှာ လေယာဉ် မပျံသန်းရဇုန် သတ်မှတ်ပေးဖို့ ကနဦး တောင်းဆိုခဲ့ပြီး အမေရိကန်နဲ့ NATO မဟာမိတ်တွေက ငြင်းပယ်ခဲ့တဲ့နောက် လေကြောင်း ကာကွယ်ရေး အဆင့်မြင့် လက်နက်တွေ ထောက်ပံ့ဖို့ ထပ်မံ အရေးဆိုခဲ့ပါတယ်။

အခုအခါမှာတော့ အမေရိကန်ဟာ NATO မဟာမိတ် အဖွဲ့ဝင် ဆလိုဗက်ကီးယားက အသုံးပြုနေတဲ့ S-300 လေကြောင်း ကာကွယ်ရေး စနစ်ကို ယူကရိန်းဆီ လွှဲပြောင်းပေးဖို့ ဆွေးနွေးနေကြောင်း ဘိုင်ဒန်က အတည်ပြုခဲ့ပါတယ်။ S-300ကို ရုရှားက ထုတ်လုပ်ထားတာဖြစ်ပြီး ယူကရိန်း စစ်တပ်အတွက်လည်း အကျွမ်းတဝင် ရှိစေမယ်လို့ လက်နက် ပညာရှင်တွေက သုံးသပ်ပါတယ်။ တချို့ NATO အဖွဲ့ဝင် နိုင်ငံတွေလိုပဲ ဆလိုဗက်ကီးယားဟာလည်း ရုရှားလုပ် စစ်လက်နက် တချို့ကို အသုံးပြုနေဆဲပါ။

ရုရှားက စစ်ပွဲကို နောက်တစ်ဆင့် ဆင်နွှဲဖို့ ဦးတည်လာတဲ့နောက် သူ့အနေနဲ့ ယူကရိန်းရဲ့ လက်နက် စွမ်းရည်ကို နည်းပညာ အဆင့်မြှင့် ကူညီပေးဖို့ ဆုံးဖြတ်ခဲ့ကြောင်း ဘိုင်ဒန်က အိမ်ဖြူတော်ကနေတဆင့် ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကာကွယ်ရေးဝန်ကြီး လွိုက်ဒ် အော်စတင်ကလည်း S-300 လေကြောင်း ကာကွယ်ရေး စနစ်ကို ယူကရိန်းဆီ လက်လွှဲပေးတဲ့ ဆလိုဗက်ကီးယားရဲ့ ရက်ရောမှုကို ချီးကျူးခဲ့ပါတယ်။ ဆလိုဗက်ကီးယားဟာ အမေရိကန်လုပ် Patriot လေကြောင်း ကာကွယ်ရေး စနစ်တစ်ခုကို အစားထိုး ပြန်လည် ရရှိမှာပါ။

အော်စတင်က ဆလိုဗက်ကီးယားနဲ့ အမေရိကန်တို့ဟာ အရှေ့ဥရောပမှာ လေကြောင်း ကာကွယ်ရေး ကဏ္ဍနဲ့ ပတ်သက်လို့ ပိုမို ကျယ်ပြန့်တဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ အကောင်အထည် ဖော်ဖို့လည်း ဆက်လက် ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။

S-300တွေဟာ ဆိုဗီယက်ခေတ်က စတင် ထုတ်လုပ်ခဲ့တဲ့ ရုရှား စစ်လက်နက်တွေဖြစ်ပြီး မြေမျက်နှာပြင်အထက် ၁၈ မိုင် အကွာက ရန်သူပစ်မှတ်တွေကို ချေမှုန်းနိုင်စွမ်း ရှိကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

သတင်း

အကြီးစား တိုက်ခိုက်မှု တစ်ခုအတွက် ရုရှားက ပြင်ဆင်နေကြောင်း ယူကရိန်း သမ္မတက သတိပေးခဲ့ပြီး နောက်တစ်နေ့မှာပဲ ရုရှားက ယူကရိန်းအနှံ့ကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးတွေ အပါအဝင် လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။