Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လွှတ်တော် စီးနင်းခံရမှု နှစ်ပတ်လည်နေ့မှာ ထရမ့်ကို ထိုးနှက်ဝေဖန်သွားခဲ့တဲ့ ဘိုင်ဒန်

ဘိုင်ဒန်ရဲ့ မိန့်ခွန်းအပြီး နာရီပိုင်း အကြာမှာတော့ ထရမ့်က ဘိုင်ဒန်ကို ရန်ပြန်တွေ့ထားတဲ့ ထုတ်ပြန်ချက်တစ်ခု ထွက်ပေါ်လာပါတယ်။ သူက ဘိုင်ဒန်ဟာ အရှုံးသမား တစ်ဦးအဖြစ် ပုံဖော်ပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ မဟုတ်တမ်းတရားတွေ ပြောဆိုခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

အမေရိကန် လွှတ်တော် စီးနင်းခံရမှု နှစ်ပတ်လည်နေ့မှာ အဲဒီတုန်းက သမ္မတ ဖြစ်ခဲ့သူ ဒေါ်နယ်လ်ထရမ့်ကို လက်ရှိ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်၊ ဇန်နဝါရီ ၆ ရက်က အဲဒီအချိန် သမ္မတအဖြစ် တာဝန်ယူထားသူ ထရမ့်ကို အစွန်းရောက် ထောက်ခံသူတွေက ဝါရှင်တန် မြို့တော်မှာရှိတဲ့ လွှတ်တော်ကို လူစုလူဝေးနဲ့ အတင်းအဓမ္မ ဝင်စီးနင်းခဲ့ကြပါတယ်။ ဒီဖြစ်စဉ်ဟာ ဒီမိုကရေစီ ရှေ့ဆောင် နိုင်ငံကြီး တစ်ခုဖြစ်တဲ့ အမေရိကန်ကို အကြီးအကျယ် သိက္ခာ ကျစေခဲ့ပါတယ်။

အဲဒီအချိန်က ရွေးကောက်ပွဲ အနိုင်ရသူ ဘိုင်ဒန်ရဲ့ သမ္မတ ဖြစ်ခွင့်ကို အသိအမှတ်ပြုဖို့ လွှတ်တော် အမတ်တွေ စုဝေးနေချိန်မှာ ထရမ့် ဘက်တော်သားတွေက ဝင်ရောက် ရန်ပြုဖို့ ကြိုးစားခဲ့တာပါ။ လူရမ်းကားတွေ၊ အစွန်းရောက်တွေက လွှတ်တော်ထဲမှာ ထင်တိုင်းကြဲနေကြပုံ မှတ်တမ်း ဗီဒီယိုတွေက တစ်ကမ္ဘာလုံးကို တုန်လှုပ်စေခဲ့ပါတယ်။

လွှတ်တော် စီးနင်းခံရမှု နှစ်ပတ်လည်နေ့မှာ ဘိုင်ဒန်က ဒီဖြစ်စဉ်ဟာ အမေရိကန်နဲ့ ဒီမိုကရေစီ စနစ်အတွက် လည်မြိုကို ဓားထောက်ခံခဲ့ရတဲ့ ကိစ္စမျိုးလို့ ခိုင်းနှိုင်း ပြောဆိုသွားခဲ့ပါတယ်။ ဘိုင်ဒန်ဟာ သူသမ္မတ ဖြစ်လာတဲ့ နောက်ပိုင်း အကြမ်းတမ်းဆုံး စကားလုံး တချို့ကို အသုံးပြုပြီး ထရမ့်ကို ဝေဖန် ထိုးနှက်သွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လူရမ်းကားတွေက လွှတ်တော်ထဲကို ဒေါသတကြီးနဲ့ ထင်ရာစိုင်းပြီး ရောက်လာကြကြောင်း၊ သူတို့ဟာ လူပုဂ္ဂိုလ် တစ်ဦးတည်းရဲ့ အကျိုးကိုပဲ ကြည့်ခဲ့ကြကြောင်း၊ အမေရိကန် သမ္မတဟောင်းဟာ ၂၀၂၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ မုသားတွေ တစ်ပုံတပင် ပြောဆိုပြီး ဒီလို အကျည်းတန်တဲ့ ကိစ္စမျိုးကို သွေးထိုးပေးခဲ့ကြောင်း ဘိုင်ဒန်က ဆိုပါတယ်။ နောက်တစ်ကြိမ် အမေရိကန်ရဲ့ ဒီမိုကရေစီကို ထိပါးမယ့် အခြေအနေမျိုးကတော့ သည်းခံလို့ ရတော့မှာ မဟုတ်ဘူးလို့လည်း ဘိုင်ဒန်က သတိပေးသွားပါတယ်။

ဘိုင်ဒန်ရဲ့ မိန့်ခွန်းအပြီး နာရီပိုင်း အကြာမှာတော့ ထရမ့်က ဘိုင်ဒန်ကို ရန်ပြန်တွေ့ထားတဲ့ ထုတ်ပြန်ချက်တစ်ခု ထွက်ပေါ်လာပါတယ်။ သူက ဘိုင်ဒန်ဟာ အရှုံးသမား တစ်ဦးအဖြစ် ပုံဖော်ပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ မဟုတ်တမ်းတရားတွေ ပြောဆိုခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

ထရမ့်က သူဟာ လွှတ်တော်ကို ဝင်ရောက်စီးနင်းဖို့ မြှောက်ပင့်ပေးခဲ့ကြောင်း စွပ်စွဲချက်တွေကို အစဉ်တစိုက် ငြင်းဆိုခဲ့ပြီး ရွေးကောက်ပွဲ ရလဒ်ကို ဆန့်ကျင်ကြောင်း ငြိမ်းငြိမ်းချမ်းချမ်း ချီတက် ဆန္ဒပြကြဖို့သာ တိုက်တွန်းခဲ့တာလို့ ဆိုပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲ အပြီးမှာ ထရမ့်က အရှုံးရလဒ်ကို လက်မခံဘဲ ဘိုင်ဒန်ကို သမ္မတသစ် အနေနဲ့ အသိအမှတ် မပြုခဲ့တာကြောင့် ပြဿနာတွေ ရှုပ်ထွေးခဲ့သလို ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန် အင်အားစုတွေကြား သွေးကွဲမှုတွေ အနက်ရှိုင်းဆုံး အခြေအနေထိ ဖြစ်ပေါ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဒိန်းမတ် အစိုးရတို့ကြား ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ပြီလို့ အသီးသီး ကြေညာခဲ့ပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။