Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ရုရှားစစ်တပ်က ဓာတုလက်နက်၊ ဇီဝလက်နက်တွေ သုံးလာနိုင်တယ်လို့ ဘိုင်ဒန်ပြော

ယူကရိန်းက အရပ်ဖက် ပစ်မှတ်တွေကို ရုရှားက တိုက်ခိုက်နေတဲ့အပေါ် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ဝေဖန် ပြစ်တင်ခဲ့ပြီး နောက်ဆက်တွဲအဖြစ် ရုရှားက ဓာတုလက်နက်တွေ သုံးစွဲဖို့ပါ စဉ်းစားလာနိုင်တယ်လို့ ဆိုပါတယ်။

ရုရှားစစ်တပ်ဟာ ယူကရိန်း စစ်ပွဲမှာ ဓာတုလက်နက်တွေ၊ ဇီဝလက်နက်တွေ အသုံးပြု တိုက်ခိုက်လာနိုင်တယ်လို့ အမေရိကန် အစိုးရက သတိပေး ပြောကြားလိုက်ပါတယ်။

ယူကရိန်းက အရပ်ဖက် ပစ်မှတ်တွေကို ရုရှားက တိုက်ခိုက်နေတဲ့အပေါ် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ဝေဖန် ပြစ်တင်ခဲ့ပြီး နောက်ဆက်တွဲအဖြစ် ရုရှားက ဓာတုလက်နက်တွေ သုံးစွဲဖို့ပါ စဉ်းစားလာနိုင်တယ်လို့ ဆိုပါတယ်။

ရုရှားစစ်တပ်ဟာ စစ်ပွဲစတင်ပြီး တစ်လနီးပါး ကြာလာချိန်ထိ ယူကရိန်းရဲ့ အဓိက မြို့ကြီးတွေကို လုံးဝ မသိမ်းပိုက်နိုင်ဘဲ အခက်ကြုံနေရပါတယ်။ ယူကရိန်း တောင်ပိုင်းက ဆိပ်ကမ်းမြို့ဖြစ်တဲ့ မာရူပိုလ်ကို ရုရှားစစ်တပ်က ပိတ်ဆို့ ဝန်းရံထားပြီး တိုက်ပွဲအရှိန် မြင့်တက်နေပေမယ့် ပြင်းထန်တဲ့ ခုခံမှုတွေကြောင့် ရှေ့တိုးဖို့ ခက်နေဆဲပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာတော့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ယူကရိန်းဟာ ဇီဝလက်နက်နဲ့ ဓာတုလက်နက်တွေ သိုလှောင်ထားတယ်လို့ စွပ်စွဲလာခဲ့ပါတယ်။ ဘိုင်ဒန်က ပူတင်အနေနဲ့ ဒီလို လေသံ ဟလာတာဟာ သူကိုယ်တိုင် ဒီလက်နက်တွေကို သုံးစွဲချင်လို့ ဖြစ်လိမ့်မယ်လို့ ပြောပါတယ်။ ဒီလို တုံ့ပြန် စွပ်စွဲခဲ့တာနဲ့ ပတ်သက်လို့တော့ ဘိုင်ဒန်က အထောက်အထား တစ်ခုခု ကိုးကား ပြသတာ မရှိပါဘူး။

Public Service Announcement

Public Service Announcement

ရုရှားဖက်ကလည်း ဘိုင်ဒန်ရဲ့ စကားအပေါ် လတ်တလော မှတ်ချက် မပေးသေးပါဘူး။ ဒါ့အပြင် ဘိုင်ဒန်က အမေရိကန် စီးပွားရေး လုပ်ငန်းကြီးတွေ အနေနဲ့ ရုရှား ဟက်ကာတွေရဲ့ ဆိုက်ဘာနည်းလမ်းနဲ့ တိုက်ခိုက်လာနိုင်ခြေတွေအတွက် ကြိုတင် ပြင်ဆင်ထားဖို့လည်း သတိပေးသွားပါတယ်။ ဒါဟာ ရုရှား စစ်တပ်ရဲ့ လုပ်နည်းလုပ်ဟန် တစ်ခုဖြစ်ကြောင်း၊ အမေရိကန်ရဲ့ အရေးယူ ပိတ်ဆို့မှုတွေကြောင့် အထိနာနေတဲ့ ရုရှားဟာ ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံနဲ့ လက်စားချေလာနိုင်ကြောင်း ဘိုင်ဒန်က ပြောဆိုသွားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

IAEAဟာ အရင်ကတည်းက ဇာပေါ့ရစ်ဇီရာ ဓာတ်အားပေးစက်ရုံ တိုက်ခိုက်ခံရနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးကို အကြိမ်ကြိမ် သတိပေးခဲ့ဖူးပါတယ်။

နိုင်ငံတကာ

ရုရှားဖက်ကတော့ လေတပ်စခန်း တိုက်ခိုက်ခံရတယ် ဆိုတာကို ငြင်းဆိုပြီး ရော့စတော့ဗ်အပြင် အနီးတဝိုက် ဒေသတွေကို ကျူးကျော်လာတဲ့ ရန်သူဒရုန်း ၄၀ ကျော်ကို အကုန်အစင် ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း

အမေရိကန်လွှတ်တော်နှစ်ရပ်က ၂၀၂၄ ခုနှစ် အမေရိကန်အစိုးရအသုံးစရိတ်လျာထားချက်ဥပဒေကြမ်းကို မတ်လ ၂၃ ရက်တွင် အတည်ပြုခဲ့ပြီး သမ္မတဂျိုးဘိုင်ဒန်ကလည်း ယင်းနေ့တွင်ပင် ဥပဒေကို လက်မှတ်ရေးထိုးကြောင်း ကြေညာခဲ့သည်။