သတင်း ဘုတလင်မြို့နယ်တွင် အကြမ်းဖက်နေသောစစ်ကြောင်းကို PDF များ တိုက်ခိုက် ဘုတလင်မြို့နယ်တွင် စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကတိုက်ခိုက်ရာ တစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများပြားကြောင်း သတင်းရရှိသည်။ ludunwayooအောက်တိုဘာ 13, 2024
သတင်း ဘုတလင်မြို့နယ်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ငပုရင်းရွာနှင့် စည်ပါကျေးရွာကြားကို စစ်ကောင်စီက ယနေ့(အောက်တိုဘာ ၁၂ရက်) နံနက်ပိုင်းတွင် လေကြောင်းမှ ၁၁ကြိမ်တိုက်ခိုက်ခဲ့ပြီး လတ်တလောရရှိထားသောသတင်းများအရ လူထိခိုက်မှုမရှိကြောင်း သတင်းရရှိသည်။ ludunwayooအောက်တိုဘာ 12, 2024
သတင်း မုံရွာနမခ မှ အင်အား၁၀ဝ ကျော်ပါ စစ်ကောင်စီစစ်ကြောင်း ဘုတလင်မြို့ဘက်ကိုဦးတည်လာနေ လမ်းတလျှောက်ကျေးရွာအချို့မှ ပြည်သူ ၁၅ ဦး ကိုခန့်ကိုဖမ်းဆီးခေါ်ဆောင်သွား ludunwayooအောက်တိုဘာ 7, 2024
သတင်း အထက်အမိန့်အရ ပြည်သူကို သတ်ဖြတ်၊ အိမ်များအား မီးရှို့ခြင်းဖြစ်ပြီး ကန်တော့တောင်းပန်လိုဟု ဘုတလင်တိုက်ပွဲဖမ်းဆီးခံရသော စစ်သုံ့ပန်းဆို ပြည်သူများအား သတ်ဖြတ်ခြင်း၊ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းများအား စစ်တပ်အကြီးအကဲများ၏ အမိန့်ကြောင့် ပြုလုပ်ရခြင်းဖြစ်ပြီး ဝန်ချကန်တော့ပြီး တောင်းပန်လိုဟု ဘုတလင်၌ ဖမ်းဆီးခံရသည့် စစ်သုံ့ပန်း စစ်ကောင်စီတပ်သား အောင်စိုးမိုးဆိုသူက ပြောကြားသည်။ ludunwayooအောက်တိုဘာ 6, 2024
သတင်း ဘုတလင်တိုက်ပွဲ၌ အထိနာသွားသည့်စစ်ကောင်စီက စာသင်ကျောင်းကို ဗုံးကြဲ စစ်ကြောင်းတစ်ခုလုံးပြုတ်အောင် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ သည် ဘုတလင်မြို့နယ်၊မောင်းထောင်းကျေးရွာရှိ စာသင်ကျောင်းကို အောက်တိုဘာ ၂ ရက်ညနေပိုင်းတွင် ဂျက်ဖိုက်တာနှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ludunwayooအောက်တိုဘာ 2, 2024
သတင်း ဘုတလင်တိုက်ပွဲ စစ်ကောင်စီတပ် ၃၅ဦးကျော်သေ၊၄၃ ဦးအရှင်ဖမ်မိ ၊လက်နက်မျိုးစုံ ၅၇ လက်နှင့် ခဲယမ်းများသိမ်းဆည်းရရှိ ဘုတလင်မြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၃၅ ဦးကျော်သေဆုံးပြီး စစ်သုံ့ပန်း ၄၃ ဦးဖမ်းမိကာလက်နက်မျိုးစုံ ၅၇ လက်နက် နှင့် ခဲယမ်းများသိမ်းဆည်းနိုင်ခဲ့ကြောင်း မုံရွာခရိုင်အမှတ်(၂၀)တပ်ရင်း ကအောက်တိုဘာ ၁ ရက်ညတွင် ထုတ်ပြန်သည်။ ludunwayooအောက်တိုဘာ 1, 2024
သတင်း ဘုတလင်တိုက်ပွဲစစ်တပ်မှအရာရှိနှစ်ဦးအပါအဝင် ၄၀ကျော် အရှင်ဖမ်းမိပြီး အလောင်း ၄၀ခန့်ရ ဘုတလင်မြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းအား စက်တင်ဘာ ၃၀ ရက်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ချေမှုန်းမှုတွင် အရာရှိနှစ်ဦးအပါအဝင် ၄၅ ဦး အရှင်ဖမ်းမိပြီး စစ်သားအလောင်း၃၈ လောင်းတွေ့ရှိထားကာ ထွက်ပြေးနေသူ အချို့ရှိနေသည်။ ludunwayooအောက်တိုဘာ 1, 2024
သတင်း ဘုတလင်တွင် အင်အားတရာခန့်ပါစစ်ကြောင်းကို PDF များစစ်ကြောင်းပျက်အောင်တိုက်ခိုက် စစ်ကောင်စီတပ်မှအများအပြားသေဆုံးပြီး ၃၀ ဦးခန့်စစ်သုံ့ပန်းဖမ်းမိ၊ ဖွဲစည်းပုံပျက်သွားသောစစ်ကြောင်းမှာဘီလူးစစ်ကြောင်းဟု PDF အချို့ပြော ludunwayooစက်တင်ဘာ 30, 2024
သတင်း ဘုတလင်တွင် စစ်ကောင်စီတပ်စစ်ကြောင်းက ပြည်သူတစ်ဦးအားသတ်ပြီး ဘုန်းကြီးကျောင်းမှ ဘုရားရွှေသင်္ကန်းဖိုး ၇ သိန်းကျပ်အား ခိုးယူသွား စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် စစ်ကူလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းက ပြည်သူတစ်ဦးအား သတ်ဖြတ်ပြီး ဘုန်းကြီးကျောင်းမှ ဘုရားရွှေသင်္ကန်းဖိုး ၇ သိန်းကျပ်အားခိုးယူသွားသည်ဟုဒေသခံများက ပြောသည်။ ludunwayooစက်တင်ဘာ 22, 2024
သတင်း ဘုတလင်မြို့နယ်တွင် CDM ကျောင်းဆရာမတစ်ဦးနှင့် ၎င်း၏မောင် မသန်စွမ်းအမျိုးသားကို စစ်ကောင်စီကဖမ်းဆီးပြီး မောင်ဖြစ်သူအားသတ်ဖြတ် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် CDM ကျောင်းဆရာမတစ်ဦးနှင့် ၎င်း၏မောင် မသန်စွမ်းအမျိုးသားကို စစ်ကောင်စီကဖမ်းဆီးသွားပြီး အမျိုးသားအားသတ်ဖြတ်လိုက်ကြောင်း သတင်းရရှိသည်။ ludunwayooစက်တင်ဘာ 20, 2024