Connect with us

Hi, what are you looking for?

သတင်း

ဘုတလင်မြို့နယ်တွင် အကြမ်းဖက်​နေ​သောစစ်ကြောင်းကို PDF များ တိုက်ခိုက်

ဘုတလင်မြို့နယ်တွင် စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကတိုက်ခိုက်ရာ တစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများပြားကြောင်း သတင်းရရှိသည်။

ဘုတလင်မြို့နယ်တွင် စက်တင်ဘာ လကုန်ပိုင်းကစစ်​ကြောင်းတစ်​ကြောင်းလုံးပျက်သွား​အောင်တိုက်ခိုက်ခံရ​သော စစ်တပ်မှ စစ်သုံ့ပန်း နှင့် ဖမ်းဆီးရရှိ​သော စစ်သုံ့ပန်းများ။ဓါတ်ပုံ-BOB

လူအေး/People’s Spring

ဘုတလင်မြို့နယ်တွင် စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကတိုက်ခိုက်ရာ တစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများပြားကြောင်း သတင်းရရှိသည်။

မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)မှ အင်အား ၃၀၀ ကျော်ပါ စစ်ကောင်စီတပ်စစ်​ကြောင်းက ဘုတလင်မြို့နယ်အတွင်းစစ်ကြောင်းထိုး၍ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ် အကြမ်းဖက်နေစဉ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဟု PDF အချို့က​ပြောသည်။

Public Service Announcement

Public Service Announcement

” တိုက်ပွဲအလွန်ပြင်းထန်နေချိန်မှာ BGA(Butalin Generation Army ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) က ၆၀ မမ ဗုံးသီးနဲ့ လှမ်းထုတာ။ နေရာမှာတင် တစ်ယောက်သေပြီး ဒဏ်ရာရတာတွေများတယ်။ ဒဏ်ရာပြင်းတဲ့အထဲက တစ်ယောက် ခြေထောက်ဖြတ်လိုက်ရတယ်” ဟု PDF တဦးကပြောသည်။

ဘုတလင်မြို့နယ် ကျောက်အိုးရွာအနီးတွင်အောက်တိုဘာလ၁၀ရက်‌ နေ့လယ်ပိုင်းကတိုက်ပွဲစတင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သေဆုံးသွားသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်ကို နေအိမ်တစ်အိမ်ပေါ်တင်၍ မီးရှို့သွားရာ ဒေသခံပြည်သူများ၏အိမ်သုံးလုံးပျက်စီးခဲ့ကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကလည်းပြောသည်။

စစ်ကောင်စီစစ်ကြောင်းသည် မြို့နယ်အတွင်း ဆက်လက်စီးနင်းတိုက်ခိုက်နေပြီး ​အောင်တိုဘာ ၁၂ ရက် နံနက်ပိုင်းတွင် ဘုတလင်မြို့ ဗန္ဓုလကွက်သစ်ရပ်ကွက်နှင့် မြောက်ပြင်ရပ်ကို စီးနင်း၍ ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားပြည်သူရှစ်ဦးကိုသတ်ဖြတ်သွားကြောင်း ဒသခံအချို့နှင့် ​တော်လှန်​ရေးတပ်ဖွဲ့ဝင်များက​ပြောသည်။

ထို​နောက်စစ်ကောင်စီစစ်ကြောင်းသည်​အောက်တိုဘာ ၁၂ ရက် ညက မြောက်ကျည်ရပ်ကွက်၍ ညအိပ်ပြီး ဘေးပတ်ဝန်းကျင် ကျေးရွာ နှင့်ရပ်ကွက်များကိုဆက်လက်စစ်ကြောင်းထိုးနေကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့ကပြောသည်။

ဘုတလင်မြိုနယ် ၊ကြည်​တော်ရွာအနီးတွင်စက်တင်ဘာလ ၃၀ ရက်နေ့က အင်အား ၁၀၀ ဦးခန့်ပါ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းတစ်ခုလုံးပျက်သွားခဲ့သည်။ စစ်သုံ့

ပန်း နှင့် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရပြီးနောက် စစ်​ကောင်စီက မုံရွာမြို့ရှိ နမခမှ အင်အား ၃၀၀ ခန့်ပါ​သော စစ်ကောင်စီစစ်ကြောင်းဖြင့် ဘုတလင်မြို့နယ်သို့ စစ်ကြောင်းထိုး၍ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်အကြမ်းဖက်​နေခြင်းဖြစ်သည်။

ထို့အပြင်စစ်​ကောင်စီကဘုတလင်မြို့နယ်ကို လေကြောင်းမှလည်း ယခုရက်ပိုင်းမကြာခဏတိုက်ခိုက်နေသည်။ ပြည်သူများကို ဖမ်းဆီး သတ်ဖြတ်​နေ​သော စစ်ကြောင်းကို PDFများက ​ပြောက်ကျားနည်းဖြင့်တန်ပြန်တိုက်ခိုက်လာခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။