Connect with us

Hi, what are you looking for?

သတင်း

ဘုတလင်တိုက်ပွဲစစ်တပ်မှအရာရှိနှစ်ဦးအပါအဝင် ၄၀ကျော် အရှင်ဖမ်းမိပြီး အ​လောင်း ၄၀ခန့်ရ

ဘုတလင်မြို့နယ်အတွင်း စစ်‌ကောင်စီစစ်ကြောင်းအား စက်တင်ဘာ ၃၀ ရက်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ချေမှုန်းမှုတွင် အရာရှိနှစ်ဦးအပါအဝင် ၄၅ ဦး အရှင်ဖမ်းမိပြီး စစ်သားအ​လောင်း၃၈ လောင်းတွေ့ရှိထားကာ ထွက်ပြေးနေသူ အချို့ရှိနေသည်။

တိုက်ပွဲအတွင်းဖမ်းဆီးရရှိ​သော စစ်သုံ့ပန်းများ နှင့် PDF ပူး​ပေါင်းအဖွဲ့များ

လူအေး/People’s Spring

ဘုတလင်မြို့နယ်အတွင်း စစ်‌ကောင်စီစစ်ကြောင်းအား စက်တင်ဘာ ၃၀ ရက်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ချေမှုန်းမှုတွင် အရာရှိနှစ်ဦးအပါအဝင် ၄၅ ဦး အရှင်ဖမ်းမိပြီး စစ်သားအ​လောင်း၃၈ လောင်းတွေ့ရှိထားကာ ထွက်ပြေးနေသူ အချို့ရှိနေသည်။

“ဗိုလ်နှစ်ကောင်နဲ့အတူမိတာ ၄၅ ယောက်။ ရုပ်အလောင်းတွေကတော့ ပျံ့ကြဲနေတာ။ လက်နက်နဲ့ ထွက်ပြေးနေတာတွေလည်း ရှိနေတယ်။ ပြည်သူတွေကို သတိပေးထားတယ်” ဟု ဘုတလင်မြို့နယ်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

သုံးပွင့် ဗိုလ်ကြီးနှင့် တစ်ပွင့် ဒုအရာခံ ဗိုလ်တစ်ဦးဖြစ်​ကြောင်း PDF အချို့က​ပြောသည်။

Public Service Announcement

Public Service Announcement

​ဒေသတွင်း လှည်လည်အကြမ်းဖက်​နေ​သောစစ်​ကောင်စီတပ် စစ်ကြောင်းသည် စက်တင်ဘာလ ၃၀ရက် နံနက်က ကူတော်ရဲစခန်းမှထွက်လာစဉ် ​တော်လှန်​ရေး ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုစစ်​ကြောင်းတွင်စသ်သားအင်အား ၁၀၀ ကျော် ပါနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကခန့်မှန်းခဲ့ပြီး ယခုဖမ်းဆီးထားနိုင်မှု၊ ရုပ်အလောင်းတွေ့ရှိမှုစာရင်းများကြောင့် ခန့်မှန်းထားသည့်အ​ရေအတွက် မှာ မှန်နိုင်သည်ဟု ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

ဖမ်းမိထားသူ ၄၅ဦး၊ရုပ်အလောင်းတွေ့ရှိရသူ ၃၈ဦးဖြစ်၍ စုစုပေါင်း ၈၃ဦး အတည်ပြုထားနိုင်သည်။ ထွက်ပြေးနေသူဦးရေကို အတိအကျ မသိရသေးပေ။

တိုက်ပွဲအတွင်းဖမ်းဆီးရရှိ​သော စစ်သုံ့ပန်းများ နှင့် PDF ပူး​ပေါင်းအဖွဲ့များ

” သေနတ်က အလက် ၈၀ လောက်ပြန်ရမယ်မှန်းတယ်။ အဖွဲ့တွေ စီမံခန့်ခွဲနေကြတယ်” ဟုPDF ကတဦးကပြောသည်။

စစ်ကောင်စီစစ်ကြောင်းကို ဘူးတလင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အပါအဝင် ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်

ခိုက်ခဲ့ခြင်းဖြစ်သည်။ ​အဆိုပါ တိုက်ပွဲသတင်းကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင်သတင်း ထုတ်ပြန်လိမ့်မည်ဟု PDF အချို့က ​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ်က ကျေးရွာတွေကို ပိတ်ဆို့ပြီး စစ်တပ်က စစ်ကြောင်းထိုးနေတာမို့ ပြည်သူသောင်းနဲ့ချီထွက် ပြေးနေရပြီး ကျေးရွာအတွင်း ပိတ်မိနေတဲ့ ပြည်သူတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်တပ် စစ်ကြောင်းထိုးလာလို့ ပြည်သူ တစ်သိန်းနီးပါး ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က အရာရှိအဆင့်အပါအဝင် ၁၀ဦးထက်မနည်းသေဆုံးပြီး လက်နက် ၇လက်သိမ်းရတယ်လို့ ဓနုဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်မတော်(၁၀၀၃)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။