Connect with us

Hi, what are you looking for?

သတင်း

မုံရွာနမခ မှ အင်အား၁၀ဝ ကျော်ပါ စစ်ကောင်စီစစ်ကြောင်း ဘုတလင်မြို့ဘက်ကိုဦးတည်လာ​နေ

လမ်းတ​လျှောက်ကျေးရွာအချို့မှ ပြည်သူ ၁၅ ဦး ကိုခန့်ကိုဖမ်းဆီး​ခေါ်​​ဆောင်သွား

ဘုတလင် မြို့နယ် ၊ကူ​တော်ရွာမှထွက်လာပြီးစက်တင်ဘာ ၃၀ တွင် စစ်​ကြောင်းတခုလုံးပျက်​အောင်တိုက်ခိုက်ခံရ​သောစစ်တပ်စစ်​ကြောင်းမှ စစ်သုံ့ပန်း နှင့် လက်နက်ခဲယမ်းများ။ဓါတ်ပုံ- BOB

လူအေး/People’s Spring

စစ်ကြောင်းတစ်ကြောင်းလုံး တိုက်ခိုက်ခံခဲ့ရသည့် ဘုတလင်မြို့နယ်သို့ဦးတည်၍ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)မှ အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းတစ်​ကြောင်း ထွက်လာသောကြောင့် ဒေသခံများတိမ်းရှောင်နေကြရသည်။

နမခ မှထွက်လာ​သောစစ်ကောင်စီစစ်ကြောင်းသည် အောက်တိုဘာလ ၆ရက်နံနက်တွင် စတင်ထွက်လာပြီး မုံရွာနှင့် ဘုတလင်ကြားရှိ ရွာများမှ ဒေသခံအချို့ကို ဖမ်းဆီးခေါ်ဆောင်လာကြောင်း သတင်းရရှိသည်။

“နောပင်ရိုးနဲ့ကံဆွယ်ရွာက ‌ဒေသခံ ၁၅ဦးကို ဖမ်းခေါ်လာတယ်။ ‌ရွာစဉ်တလျှောက် ဒေသခံတွေ ဘေးလွတ်ရာရှောင်ဖို့ သတိပေးထားတယ်။ အဖမ်းခံထားရတဲ့ ဒေသခံတွေအတွက် စိုးရိမ်စရာရှိပါတယ်” ဟု ဘုတလင်မြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့ (ဘုတလင်ပအဖ)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ထိုစစ်ကြောင်းကြောင့် ဖန်းခါးကျင်း၊ သပြေတော၊ သစ်ဆိမ့်ကုန်း၊ နှောပင်ရိုး၊ကံဆွယ်၊ယုန်‌လေးကုန်း၊ တရော်တော၊ အုတ်ကျင်း နှင့် ဆုံကုန်းရွာမှ ဒေသခံများ ဘေးလွတ်ရာသို့တိမ်းရှောင်နေကြရသည်။

စစ်ကြောင်းသည် ​အောက်တိုဘာ ၆ ရက်ညက ကံဆွယ်ရွာ၌ ညအိပ်ခဲ့ပြီး ယနေ့(​အောက်တိုဘာ ၇ရက်) နံနက်ပိုင်းတွင် တရော်တောရွာသို့ရောက်ရှိနေကြောင်း သတင်းရရှိသည်။ တရော်တောရွာကိုကျော်ပါကအုတ်ကျင်းနှင့်ဆုံကုန်းရွာကို ရောက်မည်ဖြစ်ပြီး ဘုတလင်မြို့နှင့် နီးကပ်လာမည်ဖြစ်သည်။

စစ်ကောင်စီစစ်ကြောင်းသည် ဘုတလင်မြို့ပေါ်ရှိ မြို့နယ်ခန်းမသို့ လာရောက်မည်ဟုကနဦးသတင်းရရှိထားသည်။

စက်တင်ဘာလ ၃၀ရက်နေ့က ဘုတလင်မြို့နယ်၊ ကူတော်ရွာ ရဲကင်းစခန်းမှ ဗိုလ်မှူးကျော်တင့် (ခမရ-၁၀၆) ဦးဆောင်သော ခမရ (၁၀၆၊ ၃၀၉၊ ၁၆)၊ ခလရ ၂၂၉၊ နမခ တိုင်းလက်အောက်ခံ ပူးပေါင်းအင်အား (၈၅) ဦးပါ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ရာ စစ်ကြောင်းတစ်ခုလုံး ပျက်စီးသွားခဲ့သည်။

စစ်ကောင်စီစစ်ကြောင်း မှဗိုလ်ကြီးနှစ်ဦးပါ စစ်သုံ့ပန်း ၄၃ ဦး ဖမ်းမိကာ ၃၃ဦး သေဆုံးခဲ့သည်။

လက်နက်မျိုးစုံ (၅၆) လက် နှင့် ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသတင်းထုတ်ပြန်ထားသည်။

သေဆုံးသွားသည့်စစ်ကောင်စီရုပ်အလောင်းများကို စစ်​ကောင်စီတပ်ကလာမယူ၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မြေမြှုပ်သင်္ဂြိုဟ်ခဲ့ရသည်။ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီသည် ဘုတလင်မြို့နယ်မောင်းထောင်ကျေးရွာကိုလေကြောင်း

မှဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မြေပြင်မှလည်းစစ်ကြောင်းထိုးရန်ကြိုးစားနေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဇူလိုင် ၂၆၊ ၂၀၂၆။People’s Spring ဘုတလင်မြို့နယ်မှာ ကျောင်းသားသမဂ္ဂရုံးခန်း စီးနင်းခံရပြီး ဗကသရဲဘော် ၃ဦး သတ်ဖြတ်ခံခဲ့ရတဲ့ဖြစ်စဥ် (၃)နှစ်ပြည့်အနေနဲ့ စစ် အာဏာရှင် စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂၀၂၃ ဇူလိုင် ၂၈ ရက်နေ့ မနက်ပိုင်းက ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရဲ့...

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ်က ကျေးရွာတွေကို ပိတ်ဆို့ပြီး စစ်တပ်က စစ်ကြောင်းထိုးနေတာမို့ ပြည်သူသောင်းနဲ့ချီထွက် ပြေးနေရပြီး ကျေးရွာအတွင်း ပိတ်မိနေတဲ့ ပြည်သူတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်တပ် စစ်ကြောင်းထိုးလာလို့ ပြည်သူ တစ်သိန်းနီးပါး ထွက်ပြေးတိမ်းရှောင်နေရပါတယ်။