Connect with us

Hi, what are you looking for?

သတင်း

ဘုတလင်တွင် အင်အားတရာခန့်ပါစစ်​ကြောင်းကို PDF များစစ်​ကြောင်းပျက်​အောင်တိုက်ခိုက်

စစ်​ကောင်စီတပ်မှအများအပြား​သေဆုံးပြီး ၃၀ ဦးခန့်စစ်သုံ့ပန်းဖမ်းမိ၊ ဖွဲစည်းပုံပျက်သွား​သောစစ်​ကြောင်းမှာဘီလူးစစ်​ကြောင်းဟု PDF အချို့​ပြော

တိုက်ပွဲအတွင်းဖမ်းဆီးရရှိ​သော စစ်သုံ့ပန်းများ နှင့် PDF ပူး​ပေါင်းအဖွဲ့များ

လူအေး/People’s Spring

ဘုတလင်မြို့နယ်၊ကူတော်ရဲစခန်းမှထွက်လာသည့် အင်အားတရာခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ရာ စစ်ကြောင်းတကြောင်းလုံး ဖွဲ့စည်းပုံပျက်သွားပြီး အများအပြားသေဆုံးကာ အရှင်ဖမ်းမိထားသူများလည်းရှိကြောင်း စုံစမ်းသိရှိရသည်။

“မနက် ၁၀နာလောက်ကတည်းက ချနေတာပါ။ စစ်ကြောင်းတကြောင်းလုံးကိုဖျက်ဆီးပစ်နိုင်တာ။အရှင်မိထား တာတွေရှိတယ်” ဟု ပြည်သူ့ကာကွယ်ရေးရဲ ဘော်ပြောသည်။

တိုက်ပွဲအတွင်းဖမ်းဆီးရရှိ​သော စစ်သုံ့ပန်းများ နှင့် PDF ပူး​ပေါင်းအဖွဲ့များ

စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးထက်မနည်း အရှင်ဖမ်းမိထားကြောင်း ကနဦးသတင်းရရှိသော်လည်း အသေးစိတ်အတည်ပြုရန်လိုအပ်နေသည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်နေစဉ်နှင့် ဖြစ်ပွားနေချိန် စစ်ကောင်စီက လေကြောင်းမှ ကိုးကြိမ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။သို့သော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထိခိုက်မှုမရှိခဲ့ဘဲ စစ်ကောင်စီသည် ရုပ်အလောင်းများအား ကောက်ယူရန် ကြိုးစား​သော်လည်းအရာမထင်ခဲ့ကြောင်း တိုက်ပွဲဝင်ပြည်သူ့ကာကွယ် ရေးရဲ ဘော်တစ်ဦးကပြောသည်။

” မိတ္တိလာလေတပ်ကနေ တက်လာပြီး ပစ်တာ” ဟု ကာကွယ်ရေးရေး ဘော်ကပြောသည်။

ကူတော်ရဲစခန်းသည် ဒီပဲယင်းနှင့် ဘုတလင်မြို့နယ်ကြား၌ တည်ရှိပြီး စစ်ကောင်စီစစ်ကြောင်းသည် ဘုတလင်မြို့သို့ စစ်ကြောင်းထိုးလာစဉ် ကြားဖြတ်တိုက်ခိုက်ခံရခြင်းဖြစ်သည်။

အဆိုပါစစ်ကြောင်းသည် စစ်ကောင်စီ၏ဘီလူးစစ်ကြောင်းဟု ကနဦးသိရှိရသော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးပေ။ တိုက်ပွဲသတင်းအပြည့်အစုံကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင်သတင်းထုတ်ပြန်လိမ့်မည်ဟု ကာကွယ်ရေးရဲဘော်များကပြောသည်။

ရွှေဘိုခရိုင်မှ PDF တစ်ဦးကလည်း”ဒီစစ်ကြောင်း ကျတော်တို့နဲ့ ထိတိုက်တွေ့ဖူးတယ်။ အရှင်တွေဖမ်းမိပြီးဆိုကတည်းက ဖွဲ့စည်းပုံပျက်တာပဲ။ ဒီပွဲက အလွတ်ကြီးစားရတာ” ဟု​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကွမ်းခြံကျေးရွာမှာ အာဏာသိမ်း စစ်တပ်က ဒီ​နေ့ လေကြောင်းတိုက်ခိုက်လို့ ကလေး ၂ ဦးအပါအဝင် ဒေသခံ အမျိုးသမီး ၆ ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဘုတလင်နဲ့ ဆားလင်းကြီးမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်လက်တာဝန်ထမ်းဆောင်နိုင်ရေးအတွက် ထောက်ခံဆန္ဒပြပွဲတွေကို ဒီကနေ့ (အောက်တိုဘာ ၁၉) ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဖဲရှုံးပြီး ဖုန်းခိုးယူမှုအရေးယူခံရမှာကြောက်တာကြောင့် စစ်တပ်ထံ အညံ့ခံသွားတဲ့ PDF ရဲဘော်သတင်းပေးမှုကြောင့် စစ်တပ်က ဘုတလင်မြို့နယ် အရှေ့တောင်ခြမ်းကို ​လေ

သတင်း

ဘုတလင်မြို့နယ်မှာ သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဝေမိုးနိုင် မွေးနေ့အထိမ်းအမှတ်အဖြစ် ပန်ဒါလေး ရွေ့လျားစာကြည့်တိုက်ကို စတင်ဖွင့်လှစ်လိုက်ပါတယ်။