သတင်း ရေစကြိုတွင် (၂၅၇)တပ်က လက်နက်ကြီးပစ်ခတ်၍ ပြည်သူတစ်ဦးသေဆုံး၊ ခုနစ်ဦး ဒဏ်ရာရ ယမန်နေ့ (ဧပြီ ၃ ရက်) ညနေ ၃နာရီခန့်က ရေစကြို (၂၅၇)တပ်ရင်းမှ စစ်ကောင်စီတပ်သားများ၏ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် တပ်ရင်းမြောက်ဘက်၊ သာစည်ရွာတောင်ပိုင်းရှိ လူနေအိမ်များပေါ် ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။ LuduNwayOoဧပြီ 4, 2023
သတင်း ရေစကြို မအူရဲကင်းစခန်းကို PDF များတိုက်ခိုက်မီးရှို့ မအူရဲစခန်းကို ပြီးခဲ့သည့် ၂၀၂၂ နိုဝင်ဘာလ ၁၈ရက်ကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့သေးသည်။သို့သော်စခန်းကို ပြန်ပြုပြင်၍ တပ်စွဲနေရာ PDF များကဒုတိယအကြိမ်တိုက်ခိုက် မီးရှို့ခဲ့ခြင်းဖြစ်သည်။ LuduNwayOoဧပြီ 3, 2023
သတင်း ရေစကြို(ပကဖ) တပ်ခွဲစခန်း စီးနင်းတိုက်ခိုက်ခံရပြီး ရဲဘော် ငါးဦးကျဆုံး ယမန်နေ့ကပင် ရေစကြိုနယ်နှင့်အနီးရှိ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာရှိ စစ်ကိုင်းခရိုင် တပ်ရင်း အမှတ်(၁) အမှတ် - ၃စခန်းအား စစ်ကောင်စီစစ်ကြောင်းက စီးနင်းတိုက်ခိုက်ခဲ့ရာ ဒုရင်းမှူးအပါအဝင် သုံးဦးကျဆုံးခဲ့သည်။ LuduNwayOoမတ် 31, 2023
သတင်း ရေစကြိုနှင့် ပေါက်မြို့ရှိ စစ်ဆေးရေးဂိတ်နှင့် စစ်အုပ်စုအား ဒေသကာကွယ်ရေးများ တိုက်ခိုက် စစ်အုပ်စုသည် လက်ရှိအချိန်တွင် ညောင်စောက်ဘုန်းကြီးကျောင်းအတွင်း တပ်စွဲလျက်ရှိပြီး ဒဏ်ရာရစစ်သားများအား ဆေးကုသနေကြောင်းသတင်းရရှိသည်။ LuduNwayOoမတ် 24, 2023
သတင်း ရေစကြိုတွင် PDFစခန်းတစ်ခု ဖျက်ဆီးခံရ ယနေ့ (မတ်လ ၂၂ ရက်)နံနက် ၇နာရီခွဲခန့်တွင်လည်း ရေစကြိုမြို့ပေါ်မှ အင်အား ၂၀ ခန့်ဖြင့်ထွက်လာသော စစ်ကောင်စီတပ်အား ပေကုန်းရေတံခါးအနီးအရောက်တွင် ပဒေသာမိုင်း သုံးလုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သုံးဦးထက်မနည်း သေဆုံးနိုင်ကြောင်း ပကဖအဖွဲ့က ပြောသည်။ LuduNwayOoမတ် 22, 2023
သတင်း ရေစကြိုစစ်ကောင်စီတပ် ကင်းစောင့်အဖွဲ့တိုက်ခိုက်ခံရ၊ စစ်မှုထမ်းဟောင်း တစ်ဦးသေ ရေစကြို(ပကဖ) အနေဖြင့် မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ် ပစ်မှတ်များကို တိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်လျက်ရှိကြောင်း၊ ပြည်သူလူထုများ၏ ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်နေသည့် တော်လှန်ရေးဖြစ်၍ ပြည်သူများအနေဖြင့် ဆက်လက်၍ ပံ့ပိုးကူညီကြရန် ရဲဘော်ဝေကြီးက ပြောကြားထားသည်။ LuduNwayOoမတ် 18, 2023
သတင်း ရေစကြို – ချောင်းဦးလမ်းတွင် စစ်ကောင်စီစစ်ကြောင်းအား PDFများတိုက်ခိုက် ရေစကြို(ပကဖ)အဖွဲ့သည် ယမန်နှစ်အတွင်းကလည်း ဆင်ဖြူရှင်တံတား စစ်ကိုင်းတိုင်းဘက်ခြမ်းရှိ စစ်ကောင်စီစခန်းအား ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ဖူးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးကာ စခန်းပါမီးရှို့ဖျက်ဆီးနိုင်ခဲ့ဖူးသည်။ LuduNwayOoမတ် 16, 2023
သတင်း ရေစကြိုတွင် စစ်ကောင်စီတပ်ကို မြို့နယ်(ပကဖ) တိုက်ခိုက် အိမ်စီးကား သုံးစီးဖြင့်လာသည့် စစ်ကောင်စီတပ်ကို ရေစကြိုမြို့အပြင်ဘက် စုံကွေ့နားအရောက်တွင် ပြည့်ကာကွယ်ရေးတပ်ဖွဲ့ရဲဘော်များမှ မိုင်း ၆လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ရှေ့ဆုံး ယာဥ်နှစ်စီး ပျက်စီးပြီး အများအပြားထိခိုက်ခဲ့သည်ဟု ထုတ်ပြန်သည်။ LuduNwayOoမတ် 3, 2023
သတင်း ရေစကြိုနယ်ရှိ ပျူစခန်းနှင့် ခလရ (၂၅၆)တို့ကို PDFများ တစ်ပြိုင်တည်းတိုက်ခိုက် ရေစကြိုမြို့နှင့် ၅မိုင်ခန့်အကွာ၊ စစ်ကောင်စီ၏ ခလရ (၂၅၆)၊ (၂၅၇)၊(၂၅၈) တပ်ရင်းများနှင့် မိုင်အနည်းငယ်သာကွာသည့် ဇီးတောပျူစောထီးစခန်းကို ယနေ့(ဖေဖော်ဝါရီ ၂၄ရက်) နံနက် အစောပိုင်း၌ တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ဆိုသည်။ LuduNwayOoဖေဖော်ဝါရီ 24, 2023
သတင်း ရေစကြိုတွင် စစ်ကောင်စီတပ်ယာဥ်သုံးစီး မိုင်းဖြင့်တိုက်ခိုက်၊ နှစ်စီးပျက်စီးဟု ပကဖ ပြော ထိုသို့ တိုက်ခိုက်မှုကြောင့် ယာဥ်နှစ်စီးမှာနေရာတွင် ထိုးရပ်ပျက်စီးသွားကြောင်း ၊ စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံး အခြေအနေအား ဆက်လက်စုံစမ်းနေကြောင်း ထုတ်ပြန်သည်။ LuduNwayOoဖေဖော်ဝါရီ 23, 2023