Connect with us

Hi, what are you looking for?

သတင်း

ရေစကြို – ပခုက္ကူလမ်းပိုင်းတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

ရေစကြို(ပကဖ)အဖွဲ့သည် သြဂုတ် ၁ ရက်ကလည်း ရေစကြို – မန္တလေးလမ်းပိုင်း ဇီးတောကျေးရွာရှိ ပျူစောထီးစခန်းအား မောင်းသူမဲ့လေယာဥ်ငယ် နှစ်စီးဖြင့် ဗုံးချတိုက်ခိုက်ခဲ့သေးသည်။

ရေစကြို(ပကဖ)ရဲဘော်များ စစ်ဆင်ရေးတစ်ခုပြုလုပ်ရန် ပြင်ဆင်နေသည်ကိုတွေ့ရစဥ်။ဓာတ်ပုံ - ရေစကြို(ပကဖ)
ရေစကြို(ပကဖ)ရဲဘော်များ စစ်ဆင်ရေးတစ်ခုပြုလုပ်ရန် ပြင်ဆင်နေသည်ကိုတွေ့ရစဥ်။ဓာတ်ပုံ - ရေစကြို(ပကဖ)

မကွေးတိုင်း၊ ရေစကြို – ပခုက္ကူလမ်းပိုင်းတွင် စစ်ကောင်စီတပ်အားတိုက်ခိုက်ရာ ထိခိုက်မှုရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (သြဂုတ်၂ ရက်) နံနက် ၇နာရီခန့်က ရေစကြိုမြို့ပေါ်မှ အင်အား၅၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် ဒိုင်နာယာဥ်ဖြင့် ထွက်လာခဲ့သည်။

အဆိုပါ ယာဥ်အား ရေစကြို – ပခုက္ကူလမ်းမပေါ် ငါးမွေးမြူရေးခြံအနီးတွင် မိုင်း သုံးလုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ငါးဦးပြင်းထန်ဒဏ်ရာရရှိသွားကြောင်း ရေစကြို(ပကဖ)အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ မြို့ပေါ်ကနေ ပြည်သူ့ကားတစ်စီးကို ချောဆွဲလာတာ။ မိုင်းဆွဲပြီးတော့ ဒီကောင်တွေက လက်နက်ငယ်တွေနဲ့ ပြန်ပစ်တာရှိတယ်။ဒါပေမယ့် ဒီကောင်တွေက ကားမရပ်ဘူး။ တန်းမောင်းတာ။” ဟု အထက်ပါတာဝန်ခံက ဆိုသည်။

Public Service Announcement

Public Service Announcement

ရေစကြို(ပကဖ)အဖွဲ့သည် သြဂုတ် ၁ ရက်ကလည်း ရေစကြို – မန္တလေးလမ်းပိုင်း ဇီးတောကျေးရွာရှိ ပျူစောထီးစခန်းအား မောင်းသူမဲ့လေယာဥ်ငယ် နှစ်စီးဖြင့် ဗုံးချတိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်မှာနိုင်ငံရေး၊စီးပွားရေးမဟာမိတ်အဖြစ် ပူးပေါင်းချိတ်ဆက်ဖို့ဆွေးနွေးခဲ့ဟု ချင်းညီနောင်ပြော

သတင်း

နိုဝင်ဘာ – ၇ ၊၂၀၂၅ ၊နိုင်ပကောင်း/People’s Spring ဘားအံမြို့မှာ စစ်ကောင်စီက ကျင်းပတဲ့ နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အခမ်းအနားကို ကရင်လက်နက်ကိုင်အဖွဲ့သုံး ဖွဲ့က ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ ဒီနေ့​ (နိုဝင်ဘာလ ၇ ရက်) မှာ ကျရောက်တဲ့ နှစ် (၇၀ )...

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီ ရွေးကောက်ပွဲ ဆန့်ကျင်ရေးနဲ့ စစ်မှုထမ်းဥပဒေတိုက်ဖျက်ရေး သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (နိုဝင်ဘာ ၆) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။