Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုတွင် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ငတရော်ရွာကို လက်နက်ကြီးပစ်ခတ်၍ အမျိုးသမီးတစ်ဦး သေဆုံး

နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီတပ်၏ ပစ်ခတ်သတ်ဖြတ်မှုများကြောင့် ကျဆုံးသူ ပြည်သူပေါင်း ၃,၇၀၁ ဦးရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့(AAPP)က ဇွန်လ နောက်ဆုံးပတ်တွင် ထုတ်ပြန်ထားသည်။

(စစ်ကောင်စီတပ် ပစ်ခတ်သော မကွဲသေးသည့်ဗုံးသီးအား ငတရော်ကျေးရွာအတွင်း တွေ့ရစဥ်> ဓာတ်ပုံ - CJ)
(စစ်ကောင်စီတပ် ပစ်ခတ်သော မကွဲသေးသည့်ဗုံးသီးအား ငတရော်ကျေးရွာအတွင်း တွေ့ရစဥ်> ဓာတ်ပုံ - CJ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ငတရော်ကျေးရွာကို လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့၍ ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (ဇွန်လ ၂၉ ရက်) ညနေပိုင်းက ရေစကြိုမြို့နယ်၊ မင်းကျေးရွာရှိ စစ်ကောင်စီတပ်နှင့်ပျူစောထီးများက ငတရော်ကျေးရွာသို့ (၆၀) မမများဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် အီနာဂါချ တိုက်ခိုက်ခဲ့ရာ ကျေးရွာတွင်းရှိ (၃၆)နှစ်အရွယ် မစန်းဌေးဆိုသူကျည်ထိမှန် သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ဒေသခံပြည်သူအများအပြားလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတို့က ဆိုသည်။

“ရှင်မတောင်ဘက်မှာလည်း ရမ်းသမ်းပစ်နေလို့ ပြည်သူတွေထွက်ပြေးနေရတယ်။”ဟု ရေစကြိုနယ်ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ယမန်နေ့ည ၁၂ နာရီခန့်ကလည်း စစ်ကောင်စီတပ်သည် နေရင်းကျေးရွာ ဝင်ရောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးသွားပြီး ပျက်စီးအိမ်ခြေမသိရသေးကြောင်း ဒေသခံများက ပြောသည်။

ငတရော်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၂ သြဂုတ်အတွင်းကလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့၍ အိမ်ခြေ ၄၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့သည်။

နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီတပ်၏ ပစ်ခတ်သတ်ဖြတ်မှုများကြောင့် ကျဆုံးသူ ပြည်သူပေါင်း ၃,၇၀၁ ဦးရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့(AAPP)က ဇွန်လ နောက်ဆုံးပတ်တွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် အာဏာသိမ်းထားတဲ့ ငါးနှစ်ကျော်အတွင်း လူမှူကွန်ရက်ပေါ်မှာ ရေးသားတာ ၊ အွန်လိုင်းဆက်သွယ်ပြောဆိုတာတွေကြောင့် စစ်တပ်ရဲ့မတရားဖမ်းဆီးခံရသူ နှစ်ထောင်ကျော်ရှိတယ်လို့ Data For Myanmar-D4M အဖွဲ့ကအသိပေးထားပါတယ်။

သတင်း

လူစုလူဝေးမလုပ်ဖို့၊ အိမ်တိုင်း ကတုတ်ကျင်းတူးဖို့၊ အရေးကြီးကိစ္စမရှိရင် ခရီးမသွားဖို့၊ လေကြောင်းသတင်း အချင်းချင်း အချိန်မီ သတင်းပေးကြဖို့ သတိပေးထား

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook