Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုနှင့် မြိုင်မြို့ရှိ ရဲစခန်းနှင့် ပျူစခန်းများအား မောင်းသူမဲ့ယာဥ်ငယ်များဖြင့် ဗုံးကြဲတိုက်ခိုက်

သြဂုတ် ၁ ရက် ညနေ ၅ နာရီခန့်ကလည်း ရေစကြိုမြို့နယ်၊ ဇီးတောပျူစောထီးရွာရှိ ပျူစောထီးစခန်းသို့ မောင်းသူမဲ့ လေယာဉ်ငယ် နှစ်စီးဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ရေစကြို(ပကဖ)အဖွဲ့က အသိပေးထားသည်။

ရေစကြို(ပကဖ)ရဲဘော်များ စစ်ဆင်ရေးတစ်ခုပြုလုပ်ရန် ပြင်ဆင်နေသည်ကိုတွေ့ရစဥ်။ဓာတ်ပုံ - ရေစကြို(ပကဖ)
ရေစကြို(ပကဖ)ရဲဘော်များ စစ်ဆင်ရေးတစ်ခုပြုလုပ်ရန် ပြင်ဆင်နေသည်ကိုတွေ့ရစဥ်။ဓာတ်ပုံ - ရေစကြို(ပကဖ)

မကွေးတိုင်း၊ ရေစကြိုနှင့် မြိုင်မြို့ရှိ ရဲစခန်းနှင့် ပျူစောထီးစခန်းများအား မောင်းသူမဲ့လေယာဥ်ငယ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

ယမန်နေ့ (သြဂုတ်၃ ရက်) မွန်းလွဲ ၁နာရီခန့်က ရေစကြိုမြို့နယ်၊ ဆင်ချောင်းကျေးရွာရှိ စစ်ကောင်စီတပ်သားများနှင့် ပျူများရှိရာ စခန်းကို မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအခြေစိုက်အဖွဲ့များ ပူးပေါင်းကာ မောင်းသူမဲ့လေယာဥ်ငယ်များဖြင့် ဗုံးသုံးလုံးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ စစ်အုပ်စုသည် ရေစကြို-ပခုက္ကူလမ်းပိုင်းတွင် ပြည်သူများနှင့် ကုန်တင်မော်တော်ယာဉ်များအား ငွေတောင်းခံခြင်း၊မတရားဖမ်းဆီး စစ်ဆေးအရေးယူခြင်းများ ပြုလုပ်နေကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

အလားတူ ယင်းနေ့ ညနေ ၅ နာရီခန့်ကလည်း စစ်ကောင်စီတပ်စွဲထားသော မြိုင်မြို့ရဲစခန်းအား မောင်းသူမဲ့လေယာဉ်ငယ်များဖြင့် ဗုံးသီး ငါးလုံးချ တိုက်ခိုက်ခဲ့ကြောင်း ရေစကြို(ပကဖ)အဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့ ပလန်ဆွဲထားတဲ့ အဝန်းအဝိုင်းထဲပဲ ကျတာတော့သေချာတယ်။ နယ်မြေခံအဖွဲ့အစည်းတွေနဲ့တိုင်ပင်ပြီး စခတွေအနေများတဲ့ နေရာတွေကိုရွေးပြီး ဗုံးကြဲခဲ့တာပါ။ ဥပမာ ထမင်းစားချိန်ဆို ဒီကောင်တွေ ထမင်းစားနေကျနေရာကို တားဂတ်ထားတယ်။ နေ့လယ်နေ့ခင်း နား‌နေတဲ့အချိန်ဆို နားနေတဲ့နေရာကို ချတယ်။”ဟု Salingyi Special Task Force – SSTF အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

ယမန်နေ့ စစ်ဆင်ရေးများတွင် လေယာဥ်ငယ်တစ်စီး စက်ချို့ယွင်း၍ ဆုံးရှုံးခဲ့ရကြောင်း၊ ငွေကြေးအခက်အခဲကြောင့် အကြိမ်အရေအတွက်များစွာ အသုံးပြုခဲ့ရသောကြောင့် ချို့ယွင်းခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

အဆိုပါ စစ်ဆင်ရေးများအား ရေစကြို (ပကဖ)အဖွဲ့၊Salingyi Special Task Force – SSTF {Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team(4)} ၊ Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team(3) PDAF ၊ Myaung Special Drone Force -MSDF၊ မြိုင်(ပကဖ)တပ်ရင်း – ၂တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

သြဂုတ် ၁ ရက် ညနေ ၅ နာရီခန့်ကလည်း ရေစကြိုမြို့နယ်၊ ဇီးတောပျူစောထီးရွာရှိ ပျူစောထီးစခန်းသို့ မောင်းသူမဲ့ လေယာဉ်ငယ် နှစ်စီးဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ရေစကြို(ပကဖ)အဖွဲ့က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ် တိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊မြိုင်မြို့နယ်ကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။