Connect with us

Hi, what are you looking for?

သတင်း

မုံရွာနှင့် ရေစကြိုတွင် ဆိုင်ကယ်နှစ်ယောက်စီးသူများအား စစ်ကောင်စီတပ် လိုက်လံပစ်ခတ်၍ ထိခိုက်သေဆုံးမှုရှိ

စစ်ကောင်စီတပ်သည် မကွေးတိုင်း ပခုက္ကူ၊ ရေစကြို၊ မြိုင်နှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ်အများစုတွင် ၎င်းတို့အား မကြာခဏ ပြောက်ကျားလာရောက်တိုက်ခိုက်ခံနေရ၍ အမျိုးသားနှစ်ဦး ဆိုင်ကယ်တစ်စီးတည်းအတူမစီးရန် ကန့်သတ်ထားသည်။

(မုံရွာမြို့တွင် ဆိုင်ကယ်မောင်နှင်လာသော အမျိုးသားတစ်ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ-CJ)
(မုံရွာမြို့တွင် ဆိုင်ကယ်မောင်နှင်လာသော အမျိုးသားတစ်ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ-CJ)

မုံရွာနှင့် ရေစကြိုမြို့တွင် ဆိုင်ကယ်တစ်စီးတည်း အမျိုးသားနှစ်ဦး စီးနင်းလာသူများအား စစ်ကောင်စီတပ်က အကြောင်းမဲ့လိုက်လံပစ်ခတ်၍ ထိခိုက်မှုသေဆုံးမှုများရှိနေကြောင်း ဒေသခံများက ပြောသည်။

ဇွန်လ ၁၆ ရက်နှင့် ယနေ့ (၁၈ ရက်)အထိ မုံရွာမြို့ပေါ်တွင် ဆိုင်ကယ်နှစ်ယောက်စီးသူများအား စစ်ကောင်စီတပ်က လိုက်လံပစ်ခတ်ခဲ့၍ သုံးဦးသေဆုံးသည်ဟု သတင်းများထွက်ပေါ်နေကြောင်း မုံရွာမြို့ခံများက ပြောသည်။

“တမြန်နေ့က သုံးယောက်ပိုးစီးလို့ လိုက်ပစ်တာ။ နှစ်ယောက်သေတယ် ကြားတယ်။ မနေ့က တစ်ယောက်ကတော့ တစ်ယောက်တည်းစီးလာတာကို ပြန်ကွေ့လိုက်မိလို့ပစ်တာ သေတယ်ပြောတယ်။ ဒီမနက်ကကျ အောင်ချမ်းသာရပ်ကွက်မှာဖြစ်တာ။ သေ၊ မသေမသိရသေးဘူး။”ဟု မုံရွာမြို့ခံတစ်ဦးက ပြောသည်။

အလားတူ ဇွန်လ ၁၆ ရက် နံနက်ပိုင်းကလည်းမကွေးတိုင်း၊ ရေစကြိုမြို့ပေါ်တွင် အမျိုးသားနှစ်ဦး စီးနင်းလာသည့် ဆိုက်တွဲတစ်စီးကို စစ်ကောင်စီတပ်က လိုက်လံပစ်ခတ်ရာ မောင်းနှင်လာသူအမျိုးသား ကျည်ထိမှန်ခဲ့ကြောင်း မြို့ခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“တိုက်ကြီးကျောင်းထဲနေတဲ့ ဆိုက်တွဲသမား ကိုမျိုးဆိုတဲ့ သူ့ညီနဲ့ ထင်းတန်းထဲက သူ့အမေအိမ် သွားတာ။ လမ်းမှာ စကစ လှည့်ကင်းလှည့်တာနဲ့တိုးတာ။ ဆိုက်တွဲရပ်ခိုင်းတာကို အရှိန်မသေတော့ရပ်မရဘူး။ ပြီးမှရပ်တော့ နားမထောင်လို့ဆိုပြီး စကစ အဖွဲ့က လှမ်းပစ်လိုက်တာတဲ့။ ကိုမျိုး ဆိုတဲ့သူ နောက်ကျောဘက် သေနတ်ကျည်

ထုတ်ချင်းပေါက် ထိမှန်သွားတယ်။ သေမယ် ရှင်မယ် မသိနိုင်သေးဘူး။”ဟု ရေစကြိုမြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် မကွေးတိုင်း ပခုက္ကူ၊ ရေစကြို၊ မြိုင်နှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ်အများစုတွင် ၎င်းတို့အား မကြာခဏ ပြောက်ကျားလာရောက်တိုက်ခိုက်ခံနေရ၍ အမျိုးသားနှစ်ဦး ဆိုင်ကယ်တစ်စီးတည်းအတူမစီးရန် ကန့်သတ်ထားသည်။

မန္တလေးတိုင်း၊ မိတ္ထီလာမြို့တွင်လည်း အမျိုးသားနှစ်ဦး ဆိုင်ကယ်မစီးရန် သက်မှတ်ထား၍ ဒေသခံများ သွားရေးလာရေးအခက်အခဲများတွေ့နေကြောင်း မြို့ခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၄ ဦး သေဆုံးကြောင်း မုံရွာခရိုင်တပ်ရင်းတွေက ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။