Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုတွင် PDFစစ်ကြောင်းတစ်ခုပိတ်မိနေ၍ အခြား PDFအဖွဲ့များ ပစ်ကူပေး၍ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့

အောက်တိုဘာ ၂၈ ရက် နေ့လယ် ၁၂နာရီခန့်က ရေစကြိုမြို့နယ်၊ ရွှေလှံကျေးရွာအနီး၌ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ဒေသတွင်းမဟာမိတ်အဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ရေစကြိုတွင် PDFစစ်ကြောင်းတစ်ခုပိတ်မိနေ၍ အခြား PDFအဖွဲ့များ ပစ်ကူပေး၍ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့
ရေစကြိုတွင် PDFစစ်ကြောင်းတစ်ခုပိတ်မိနေ၍ အခြား PDFအဖွဲ့များ ပစ်ကူပေး၍ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရွှေလှံကျေးရွာအနီးတိုက်ပွဲ၌ PDFစစ်ကြောင်းတစ်ခု ပိတ်မိနေချိန် အခြားPDFအဖွဲ့များက ပစ်ကူတိုက်ခိုက်ပေးခဲ့၍ လွတ်မြောက်ခဲ့ကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၂၈ ရက် နေ့လယ် ၁၂နာရီခန့်က ရေစကြိုမြို့နယ်၊ ရွှေလှံကျေးရွာအနီး၌ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ဒေသတွင်းမဟာမိတ်အဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့သည်။

မဟာမိတ်အဖွဲ့များသည် စစ်ကြောင်းသုံးကြောင်းခွဲ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကြောင်း (၃)မှာ တပ်ကျွံသွား၍ ပိတ်မိခဲ့သည်။

ထိုအချိန် ရေလယ်ကျွန်းနှင့် မြောင်နယ်ရှိ အခြားသောမဟာမိတ်တပ်ဖွဲ့များက ဒရုန်းများ၊အခြားသောလက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့သောကြောင့် စစ်ကြောင်း(၃)မှာ ညနေ၆နာရီတွင် ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း Myingyan Black Tigerအဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။

Public Service Announcement

Public Service Announcement

“မဟာမိတ်အင်အားစုထဲမှာမပါတဲ့ အခြားအဖွဲ့တွေက ဒရုန်းတွေနဲ့အလုံးနှစ်ဆယ်လောက်တောင်ချပေးတယ်ထင်ပါတယ်။ တော်တော်များတယ်။လက်လုပ် ၆၀၊ စနိုက်ပါ၊ လက်နက်ငယ်တွေနဲ့ ကူပစ်ပေးတာပါ။”ဟု ဗိုလ်မိုက်ခဲက ပြောသည်။

ထိုနေ့က တိုက်ပွဲကြာချိန် ၄နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်က လေးဦးသေဆုံးကာ ၅ဦးဒဏ်ရာရခဲ့ကြောင်း၊ မဟာမိတ်အင်အားစုမှ ရဲဘော်များ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း Bright Stars Group အဖွဲ့က ဆိုသည်။

ထို့ကြောင့် စစ်ကူတိုက်ခိုက်ပေးခဲ့သော ရေလယ်ကျွန်းနှင့်မြောင်နယ်ရှိ အခြားသော မဟာမိတ်အဖွဲ့များအား ကျေးဇူးအထူးတင်ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

ယခုကဲ့သို့ စည်းလုံးညီညွတ်မှုရှိသော တိုက်ပွဲများကို ဂုဏ်ယူစွာအသိအမှတ်ပြုပြီး အရေးကြုံလျှင် စည်းလုံးမှုရှိရှိဖြင့် စစ်ကောင်စီတပ်အားတိုက်ထုတ်သွားပုံကို လေးစားဂုဏ်ယူ အသိအမှတ်ပြုကြောင်း မဟာမိတ်အင်အားစုများက ထုတ်ပြန်သည်။

“တော်လှန်ရေးရေချိန်မြင့်လာတာနဲ့အမျှ အညာဒေသကအရင်ကလောက် မစည်းလုံးတာတွေ တော်တော်လေးတွေ့ရတယ်။ သူတလူငါတမင်းတွေ ဖြစ်လာတာများတယ်။ ကိုယ့်အဖွဲ့သူ့အဖွဲ့စိတ်တွေများတယ်။ အရေးကြုံလာတဲ့အချိန် ဒီလိုအခိုက်အတန့်တွေ မြင်လာတဲ့အတွက် တကယ်ကိုဝမ်းသာမိ​ပါတယ်။ ကူပေးတဲ့အတွက်ကိုလည်း ကျေးဇူးလည်းတင်တယ်။ အသိအမှတ်လည်းပြုပါတယ်။”ဟု Myingyan Black Tigerအဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။

ယင်းစစ်ဆင်ရေး၌ MBTနှင့် မဟာမိတ်အင်အားစုများ၊ Myingyan Black Tiger၊ Popa Production & Guerilla Force (PPGF)၊ TLK ပြောက်ကြားတပ်၊ Bright Stars Group၊ Royal Eagle People Defence Force၊ ဗိုလ်ခြောက်ဆယ် ပြောက်ကြားတပ်၊ နဂါးညီနောင်တပ်ဖွဲ့၊ NY- PDFနှင့် အခြားသော ညီနောင်မဟာမိတ်အင်အားစုများ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။