Connect with us

Hi, what are you looking for?

သတင်း

ရေစကြို – မြိုင်လမ်းပိုင်း၌ စစ်ကားတစ်စီး မိုင်းထိ

တားမြစ်ချက်အားမလိုက်နာ၍ ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲဆိုးကျိုးများမှာ မိမိတာဝန်သာဖြစ်ကြောင်း ပကဖက ထုတ်ပြန်ထားသည်။

(၂၀၂၂ ဇန်နဝါရီအတွင်းက လင်းကတောနယ်မြေရဲစခန်း စီးနင်းတိုက်ခိုက်ခံရစဥ်။ ဓာတ်ပုံ-ရေစကြိုပကဖ)
(၂၀၂၂ ဇန်နဝါရီအတွင်းက လင်းကတောနယ်မြေရဲစခန်း စီးနင်းတိုက်ခိုက်ခံရစဥ်။ ဓာတ်ပုံ-ရေစကြိုပကဖ)

▪︎စစ်တပ်က ယာဥ်များချောဆွဲနေ၍ ပြည်သူများဖြတ်သန်းခြင်းမပြုရန် ရေစကြို(ပကဖ) သတိပေး

မကွေးတိုင်း၊ ရေစကြို – မြိုင်လမ်းပိုင်း၌ စစ်ကောင်စီတပ်ယာဥ်တစ်စီး မိုင်းထိပြီးနောက် လာသမျှယာဥ်များအား ချောဆွဲနေ၍ ပြည်သူများ ဖြတ်သန်းသွားလာခြင်းမပြုရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုက သတိပေးသည်။

ယနေ့ (နိုဝင်ဘာ ၂၁ ရက်) နံနက်ပိုင်းတွင် ရေစကြို – မြိုင်လမ်းပိုင်းတွင် ဖြတ်သန်းသွားလာကြသောခရီးသည်တင်ယာဥ်များ အိမ်စီးကားများနှင့် ပြည်သူများအနေဖြင့် ယခုကြေညာချက်ထုတ်ပြန်ချိန်မှစ၍ လုံးဝ(လုံးဝ) ဖြတ်သန်းသွားလာခြင်းမပြုကြရန် ရေစကြို(ပကဖ)အဖွဲ့က ထုတ်ပြန်သည်။

ရေစကြိုမြို့နယ်၊ မြေဖြူကျင်းရွာအနီးတွင် စစ်ကောင်စီတပ်ယာဥ်တစ်စီး မိုင်းထိပျက်စီးနေသောကြောင့် ဖြတ်သန်းသွားလာသောယာဥ်များအား ဖမ်းဆီးချောဆွဲနေ၍ တားမြစ်ရခြင်းဖြစ်ကြောင်း ရေစကြို(ပကဖ)အဖွဲ့မှ ရဲဘော်ဝေကြီးက အသိပေးသည်။

“မနေ့ညက သုံးစီးထွက်လာတာ။ တစ်စီးအဆွဲခံလိုက်ရပြီး ဒီမနက်မထွက်နိုင်သေးဘဲ ရမ်းပစ်နေတယ်။”ဟု ရေစကြို(ပကဖ)အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

တားမြစ်ချက်အားမလိုက်နာ၍ ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲဆိုးကျိုးများမှာ မိမိတာဝန်သာဖြစ်ကြောင်း ပကဖက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို ရန်သူ့မကွဲသေးသော ပေါင် ၅၀၀ ဗုံးကို မိုင်းပြန်ဆင်ပြီး ဖောက်ခွဲတိုက်ခိုက်ရာ အများအပြား သေဆုံးထိခိုက်တယ်လို့ ပခုက္ကူခရိုင် အမှတ် - ၆ တပ်ရင်း - Myaing Villages Revolution Front က ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဆယ်ဘီးကား ၂ စီးနဲ့ လူငယ်တွေကို ပေါ်တာဆွဲသွားကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်က အာဏာသိမ်းစစ်တပ်စစ်ကြောင်း မိုင်းထိပြီး ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးတပ်တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook