Hi, what are you looking for?
စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်ကောင်စီကပြုလုပ်မယ့် တရားမဝင်ရွေးကောက်ပွဲကို ပြည်သူတစ်ရပ်လုံး ဆန့်ကျင်ကြဖို့ လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၂၄)မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။
စစ်အုပ်စုက ဇွတ်အတင်းပြုလုပ်မည့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများကို ပြေလည်စေမည့်အဖြေမဟုတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့ ဩဂုတ် ၂၄ရက်တွင် ကြေညာချက်ထုတ်ပြန်ပြီး နိုင်ငံတကာ အစိုးရများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဒီမိုကရေစီ မဟာမိတ်များကို အသိပေးသည်။
အာဏာသိမ်းစစ်ကောင်စီတပ်ကတနိုင်ငံလုံးတွင် အများပြည်သူနေထိုင်သော နေရာများကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းများ အဆက်မပြတ်ကျူးလွန်နေခြင်းနှင့် တရားမဝင်အတုအယောင်ရွေးကောက်ပွဲ ကျင်းပရန်ပြင်ဆင်နေ ခြင်းအပေါ် ဆန့်ကျင်ကန့်ကွက်ရှုတ်ချကြောင်း တအာင်းပြည်ကောင်စီ(TLC)က ဩဂုတ် ၂၂ ရက်စွဲဖြင့် သဘောထား ထုတ်ပြန်သည်။