Connect with us

Hi, what are you looking for?

သတင်း

မင်းလှမြို့နယ် ကြံ့ဖွံ့ရုံးစောင့် စစ်ကောင်စီတပ်သားတွေကို ဖောက်ခွဲတိုက်ခိုက်

ပဲခူးတိုင်း၊ မင်းလှမြို့မှာရှိတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံံ့ဖြိုးရေးပါတီရုံးမှာ အစောင့်ချထားတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းတစ်လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေကို အစောင့်ချထားလေ့ရှိတဲ့ မင်းလှမြို့နယ် ကြံ့ဖွံ့ပါတီရုံးကိုတွေ့ရစဥ်။ ဓာတ်ပုံ - UGF-Okpo

သြဂုတ်-၃၀၊ ၂၀၂၅။ ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ မင်းလှမြို့မှာရှိတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံံ့ဖြိုးရေးပါတီရုံးမှာ အစောင့်ချထားတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းတစ်လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ယမန်နေ့(သြဂုတ် ၂၉ ရက်)ည ၇ နာရီ ၂၀ လောက်က မင်းလှမြို့၊ ဗိုလ်ရုံတန်းရပ်ကွက်မှာရှိတဲ့ ကြံ့ဖွံ့မြို့နယ်ရုံးစောင့် စစ်ကောင်စီတပ်သားတွေကို မိုင်းတစ်လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ အဲဒီတာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေကို အစောင့်ချထားလေ့ရှိတဲ့ မင်းလှမြို့နယ် ကြံ့ဖွံ့ပါတီရုံးကိုတွေ့ရစဥ်။ ဓာတ်ပုံ – UGF-Okpo

“ရံဖန်ရံခါ အဲရုံးမှာ အစောင့်တပ်ချထားလေ့ရှိတယ်ဗျ။ ခုရက်ထဲ ဘာလို့လဲ မသိဘူး ကင်းတွေလည်းပတ်တယ်၊ ရုံးမှာ ညပိုင်းအိပ်ကြတယ်”လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ တာဝန်ရှိသူတစ်ဦးက ကြံ့ဖွံ့ပါတီရုံးကို အခြေပြုလှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်အခြေအနေနဲ့ပတ်သက်လို့ ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

ဖောက်ခွဲတိုက်ခိုက်မှုကို ကြံ့ဖွံ့ပါတီရုံးဝင်ပေါက်အနီးလုပ်ဆောင်ခဲ့တာဖြစ်ပြီး တိုက်ခိုက်ချိန်မှာ စစ်ကောင်စီတပ်သားခုနစ်ဦးခန့်ရှိနေကာ ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့ပြီး သေဆုံးမှုရှိ၊မရှိ အတည်မပြုနိုင်သေးဘူးလို့ သူက ဆက်ပြောပါတယ်။

“ရုံးခြံပေါက်ဆိုတော့ ရုံးကို မထိမိဘူးဗျ။ စကစတော့ ထိမိတယ်။ ညက ရုတ်ရုတ်သဲသဲဖြစ်သွားတယ်ဗျ”လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ တာဝန်ရှိသူက တိုက်ခိုက်မှုအခြေအနေကို ပြောပါတယ်။

အဲဒီဖောက်ခွဲတိုက်ခိုက်မှုအပြီးမှာ စစ်ကောင်စီဘက်က မင်းလှမြို့အဝင်အထွက်သာမက မြို့တွင်းရှိ ၎င်းတို့သင်္ကာမကင်းတဲ့ လမ်းတိုင်းကို ဝင်ရောက်စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့ပြီး လက်ရှိအချိန်ထိတော့ ပြည်သူဖမ်းဆီးခံရတာမျိုးမရှိသေးဘူးလို့ စုံစမ်းသိရပါတယ်။

အခုလို မင်းလှမြို့ပေါ်မှာ ဖောက်ခွဲတိုက်ခိုက်မှုလုပ်ဆောင်ခဲ့တာဟာ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်းပြသတာဖြစ်သလို အဲဒီရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်ကြမယ့်သူတွေကို သတိပေးတာဖြစ်တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီနဲ့ ပူးပေါင်းပါဝင်သူတွေကို ပြင်းပြင်းထန်ထန်အရေးယူသွားမယ်လို့လည်း မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဆောင်းပါး

ဂျာမနီ၏ ရွှေ့ပြောင်းနေထိုင်မှု အပြောင်းအ လဲနဲ့ အာရှကျောင်းသား​တွေရဲ့ အိပ်မက်

နိုင်ငံတကာ

၂၀၂၀ အမေရိကန် ရွေးကောက်ပွဲ ရလဒ်တွေကို တရုတ်က နောက်ကွယ်ကနေ စွက်ဖက် ခြယ်လှယ်ခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စွပ်စွဲမှုကို တရုတ်ဖက်က ပယ်ချခဲ့ပါတယ်။

သတင်း

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)နဲ့ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာအာရှကွန်ရက်(ANFREL)အဖွဲ့တို့ ပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းတို့မှာ အပိုင်း ၃ ခု ခွဲခြားပြီး အာဏာသိမ်း မြန်မာစစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာလုံးဝတရားဝင်မှုမရှိကြောင်းအတိအလင်းရှုတ်ချထားခဲ့ပါတယ်။

Facebook