Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ကြောင်း စစ်ကိုင်းတိုင်းမှာ ဆန္ဒပြ

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (သြဂုတ် ၂၅)မှာ စစ်ကောင်စီပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ကြောင်း အသီးသီး ဆန္ဒပြခဲ့ကြပါတယ်။

ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ ကလေးမြို့နယ်သပိတ်

သြဂုတ်−၂၅၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (သြဂုတ် ၂၅)မှာ စစ်ကောင်စီပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ကြောင်း အသီးသီး ဆန္ဒပြခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ကသာမြို့နယ်မှာ ၅/ကသာ လူထုအောင်လံသပိတ်အဖွဲ့နဲ့ ကျေးလက်ဒေသပြည်သူတွေ ပူးပေါင်းကာ “သင့်မဲဖြင့် တရားဝင်လူသက်ခွင့်မပေးနဲ့” ၊ “သင့်မဲဖြင့် စစ်အာဏားရှင်ကို သက်ဆိုးမရှည်စေနဲ့” စာသားတွေ ကိုင်ဆွဲပြီး လူထုဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဒါ့အပြင် တော်လှန်ပြည်သူတွေက “အာဏာရှင်ကို လူထုအားနဲ့ဆန့်ကျင်ကြ” ၊ “မအလရွေးကောက်ပွဲ….ဆန့်ကျင်ကြ” ၊ “အာဏာရှင်တွေ ပပျောက်ရေး စစ်အာဏာရူးတွေ မုချကျရှုံးပါစေ” ၊ “အရေးတော်ပုံမုချအောင်မြင်ရမည်” ကြွေးကြော်သံတွေ ရွတ်ဆိုခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ကလေးမြို့နယ်မှာလည်း လူထုတိုက်ပွဲဦးဆောင်ကော်မတီက ပြည်သူ့ပညာရေးသပိတ်စစ်ကြောင်းနဲ့အတွက် စစ်အုပ်စုရဲ့တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို လူထုအားနဲ့ဆန့်ကျင်ကြဖို့အတွက် ကျောင်းသားပြည်သူတွေနဲ့ စကားဝိုင်းဖွဲ့ ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် စစ်တပ်စိုးမိုးတဲ့ ဒေသတွေမှ ပြည်သူတွေအနေနဲ့လည်း အတုအယောင်ရွေးကောက်ပွဲကို အလုံခြုံဆုံး နည်းလမ်းတွေနဲ့ ဆန့်ကျင်ပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက အကြမ်းဖက် စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ချီတက်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ဒေသခံတော်လှန်ပြည်သူတွေက နယ်မြေမငြိမ်သက်မှုကြားထဲကနေပဲ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

ဂျာမနီ၏ ရွှေ့ပြောင်းနေထိုင်မှု အပြောင်းအ လဲနဲ့ အာရှကျောင်းသား​တွေရဲ့ အိပ်မက်

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

Facebook