Connect with us

Hi, what are you looking for?

သတင်း

သင့်မဲဖြင့်တရားဝင်လူသတ်ခွင့်မပေးနဲ့” ​​ကြွေး​ကြော်ပြီး စစ်ကိုင်းမှာဆန္ဒပြ

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (သြဂုတ် ၂၇)မှာ စစ်ကောင်စီရဲ့ တရားမဝင်ရွေးကောက်ပွဲကို သပိတ်မှောက်ကြဖို့ “သင့်မဲဖြင့်တရားဝင်လူသတ်ခွင့်မပေးနဲ့” ​စာတမ်း ၊​ကြွေး​ကြော်ပြီးဆန္ဒပြခဲ့ကြပါတယ်။

ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ ကလေးမြို့နယ်လူထုသပိတ်

သြဂုတ်−၂၇၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (သြဂုတ် ၂၇)မှာ စစ်ကောင်စီရဲ့ တရားမဝင်ရွေးကောက်ပွဲကို သပိတ်မှောက်ကြဖို့ “သင့်မဲဖြင့်တရားဝင်လူသတ်ခွင့်မပေးနဲ့” ​စာတမ်း ၊​ကြွေး​ကြော်ပြီးဆန္ဒပြခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည် ရွှေရေကြည် သပိတ်စစ်ကြောင်းက “သင့်မဲဖြင့်တရားဝင်လူသတ်ခွင့်မပေးနဲ့”၊ “ဖက်စစ်ရွေးကောက်ပွဲသပိတ်မှောက် တော်လှန်ရေးကိုရဲရဲလျှောက်” စာသားတွေနဲ့ တော်လှန်ဆန္ဒပြခဲ့ကြပါတယ်။

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းက စစ်ကောင်စီက ပြုလုပ်မယ့် တရားမဝင်ရွေးကောက်ပွဲကို ပြည်သူတစ်ရပ်လုံးကဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် “သင့်မဲဖြင့် တရားဝင် လူသတ်ခွင့်မပေးနဲ့” စာသားတွေ ကိုင်ဆောင်ပြီး ဖမ်းဆီးထားသော နိုင်ငံ့ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးချက်ချင်းလွှတ် ကြွေးကြော်သံတွေနဲ့ ချီတက်ခဲ့ကြပါတယ်။

ကလေးမြို့နယ်မှာလည်း လူထုတိုက်ပွဲဦးဆောင်ကော်မတီက ပြည်သူ့ပညာရေးသပိတ်စစ်ကြောင်းနဲ့အတွက် စစ်အုပ်စုရဲ့တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို လူထုအားနဲ့ဆန့်ကျင်ကြဖို့အတွက် ကျောင်းသားပြည်သူတွေနဲ့ စကားဝိုင်းဖွဲ့ ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် စစ်တပ်စိုးမိုးတဲ့ ဒေသတွေမှ ပြည်သူတွေအနေနဲ့လည်း အတုအယောင်ရွေးကောက်ပွဲကို အလုံခြုံဆုံး နည်းလမ်းတွေနဲ့ ဆန့်ကျင်ပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒါအပြင် “သင့်မဲဖြင့်တရားဝင်လူသတ်ခွင့်မပေးနဲ့” ဆိုတဲ့ စာတမ်း ၊ဆိုင်းဘုတ်နဲ့ ​ကြွေး​ကြော်သံ​​တွေနဲ့ ဆန္ဒပြခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်းအတွင်း စစ်တပ်ကစစ်​ကြောင်း​တွေထိုး​နေတဲ့ ကြားက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကိုနေ့စဉ်ပြုလုပ်နေကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်ကောင်စီယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ဝက်လက်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်လို့ စစ်ရှောင်အဘိုးအိုအပါအဝင် ပြည်သူ ၂ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရပြီး နေအိမ် အလုံး ၂၀ ခန့် မီးလောင်ပျက်စီးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

၂၀၂၀ အမေရိကန် ရွေးကောက်ပွဲ ရလဒ်တွေကို တရုတ်က နောက်ကွယ်ကနေ စွက်ဖက် ခြယ်လှယ်ခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စွပ်စွဲမှုကို တရုတ်ဖက်က ပယ်ချခဲ့ပါတယ်။