Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီရွေးကောက်ပွဲ တားဆီးမည်ဟု ကရင်နီပြည်အတိုင်ပင်ခံကောင်စီ ကြေညာ

စစ်ကောင်စီ၏ တရားမဝင်အတုအယောင်ရွေးကောက်ပွဲကို တားဆီးမည်ဖြစ်ကြောင်း ကရင်နီပြည်အတိုင်ပင်ခံကောင်စီ(KSCC)က ယနေ့(ဩဂုတ်၂၄ရက်) ထုတ်ပြန်သည်။

သြဂုတ်-၂၄၊၂၀၂၅။ရဲခေါင် /People’s Spring

စစ်ကောင်စီ၏ တရားမဝင်အတုအယောင်ရွေးကောက်ပွဲကို တားဆီးမည်ဖြစ်ကြောင်း ကရင်နီပြည်အတိုင်ပင်ခံကောင်စီ(KSCC)က ယနေ့(ဩဂုတ်၂၄ရက်) ထုတ်ပြန်သည်။

မြန်မာစစ်တပ်သည် ၎င်းတို့ကိုယ်တိုင်တဖက်သတ်ရေးဆွဲ ပြဌာန်းခဲ့သည့် ၂၀၀၈ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက်များကို ချိုးဖောက်ပြီး ၂၀၂၁ဖေဖော်ဝါရီ ၁ရက်တွင် အာဏာသိမ်းခဲ့ခြင်းကြောင့် ဖွဲ့စည်းပုံအခြခံဥပဒေသည် ပယ်ဖျက်ပြီးဖြစ်ကာ လူထုဆန္ဒမပါရှိသော တရားမဝင် ရွေးကောက်ပွဲသည်လည်း ကျင်းပရန် အခွင့်အာဏာမရှိဟု KSCCက ဆိုသည်။

တရားမဝင်ရွေးကောက်ပွဲကျင်းပရန် ကြိုးပမ်းခြင်း သည် ဒီမိုကရေစီကျင့်စဥ်ကိုချိုးဖောက်ပြီး ပြည်သူ့အချုပ်အခြာအာဏာကို မတရားရယူရန်ကြိုးပမ်း ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်တပ်၏ နိုင်ငံရေးထွက်ပေါက်အဖြစ် တရားမဝင်ရွေးကောက်ပွဲကျင်းပပြီး ထွက်လာမည့်ရလဒ်သည်လည်း မြန်မာ့နိုင်ငံရေးအခင်း အကျင်းကို ဖြေရှင်းနိုင်မည်မဟုတ်ဘဲ စစ်ပွဲများကို သာရေရှည်ဦးတည်ပြီး လူထု၏ အတိဒုက္ခကို လျော့ ကျစေမည်မဟုတ်ကြောင်း KSCC က အသိပေးသည်။

“ဒီနေ့ ဒီအချိန်ဟာ ရွေးကောက်ပွဲကနေ မြန်မာ့နိုင်ငံရေးအခင်းအကျင်းကို အဖြေရှာရမယ့်အခြေအနေ မဟုတ်သေးဘူး။အကြမ်းဖက်စစ်တပ်ရဲ့လုပ်ရပ်အားလုံးကို ကိုချုပ် ငြိမ်းပြီးမှ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ကနေတဆင့်ဒီမိုကရေစီနည်းကျကျ တရားဝင် အထွေထွေရွေးကောက်ပွဲကို ကျင်းပရမှာဖြစ်တယ်။အကြမ်းဖက်စစ်တပ်လုပ်မယ့်ရွေး ကောက်ပွဲကနေ ထွက်လာမယ့်ရလာဒ်ကလည်း ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ အတိဒုက္ခကြုံနေရတာတွေလျော့ကြသွားဖို့နေနေသာသာ စစ်အာဏာ ရှင်ရဲ့ နိုင်ငံရေးစွက်ဖက်နေမှုနဲ့ သူ့အာဏာတည်မြဲရေးအတွက်နိုင်ငံရေးထွက်ပေါက်လမ်း ဖြစ်တယ်” ဟု KSCC ဥက္ကဌ ဦး​အောင်ဆန်းမြင့်က စစ်တပ်ဦးစီးမည့် ရွေးကောက်ပွဲအခြေအနေကို ရှင်းပြသည်။

ဆက်လက်၍ ၎င်းက”အိမ်နီးနားချင်းနိုင်ငံနဲ့ တချို့နိုင်ငံတွေကလည်း ရွေးကောက်ပွဲကို ကူညီမယ်အားပေးမယ် လေသံတွေ အများကြီးထွက်လာတယ်။ထွက်လာတဲ့အတွက် ဒီလို တရားမဝင် ရွေးကောက်ပွဲကို ထောက်ခံကူညီမယ့်အစား တကယ့်စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့အတွက် နိုင်ငံရေးနည်းလမ်းအမှန်ကိုပဲ ရှင်းရှင်းပြောရရင် တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်တပ်က ဆုံးရှုံးနေတာ စစ်ရေးအရ နိုင်ငံရေးအရ သိဖို့လိုပါတယ်”ဟု ပြောသည်။

စစ်ကောင်စီ၏ တရားမဝင်ရွေးကောက်ပွဲများ ပြည်နယ်အတွင်း ကျင်းပပြုလုပ်ပါက နည်းလမ်းမျိုးစုံဖြင့်တားဆီးမည်ဖြစ်ပြီး ကရင်နီလူထုကလည်း အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်မှုတွင်ပါဝင်ရန် KSCC က တိုက်တွန်းသည်။

“ကရင်နီမှာတော့ ရွေးကောက်ပွဲ ကျင်းပတာလက်ခံဖို့ မရှိဘူး။လက်ရှိ ကရင်နီမှာ စစ်ကြောင်းထိုးနေတယ် ဘယ်လောက်ပဲ သူတို့ ထိုးပါစေ ကျွန်တော်တို့က ရွေးကောက်ပွဲ ကျင်းပခွင့်ပေးမှာမဟုတ်ဘူး”ဟု KSCC ဥက္ကဌ က ပြောသည်။

KSCC သည် ကရင်နီပြည်၌ ကြားကာလအစီအမံဖြစ်သည့် ကြားကာလလွှတ်တော်၊အုပ်ချုပ်ရေး၊တရားစီရင်ရေးတို့ကို အကောင်အထည်ဖော်ထားပြီး ကရင်နီပြည်အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံ အခြေခံဥပဒေကိုပါ ရေးဆွဲနေသည်။

စစ်ကောင်စီသည် ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပပြုလုပ်မည်ဖြစ်ကာ အပိုင်း (၁)ကို လာမည့် ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည်ဟု ကြေညာထားသည်။

အာဏာသိမ်းစစ်ကောင်စီ ကြိုးပမ်းနေသည့် အတုအယောင်ရွေးကောက်ပွဲသည် မြန်မာနိုင်ငံတွင်း ပဋိပက္ခများကိုသာ တိုးပွားလာစေမည့်အပြင် ဒေသတွင်း မတည်ငြိမ်မှုများပိုမိုပေါ်ပေါက်လာစေမည် ဖြစ်သောကြောင့် ကန့်ကွက်တားဆီးကြရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုအလုပ်ကော်မတီက ဩဂုတ် ၂၃ရက်တွင် ထုတ်ပြန်ထားသည်။

ထို့အပြင် စစ်ကောင်စီသည် ရွေးကောက်ပွဲအကြောင်းပြုပြီး နယ်မြေပြန်ရယူရန်အတွက် သပ်သျှိုခြင်း၊ညီညွတ်မှုဖြို ဖျက်ခြင်း၊မက်လုံးပေးခြင်းနှင့် လူထုကိုအမျိုးမျိုးမြူဆွယ်လိမ့်မည်ဟု ကရင်နီပြည်တပ်မတော် (KA)စစ်ဦးစီးချုပ်ဗိုလ်မှူးချုပ်အောင်မြတ်က မကြာသေးမီရက်ပိုင်းက သတိပေးထားသည်။

(စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း ကျေးရွာ ပအဖ၊ ပကဖများနှင့် ပြည်သူများ စုပေါင်း၍ စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲကို လက်မခံကြောင်း ဆန္ဒပြနေစဉ်။ ဓာတ်ပုံ − CJ)

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီပြည်နယ်အစပ်ဒေသက တော်လှန်ရေးတပ်တွေ စုစည်းပြီး အမှတ် (၁)အယ်လ်ဖာစစ်ဒေသ(မိုးဗြဲနယ်) တပ်ပေါင်းစုအဖြစ် ဖွဲ့စည်းသတ်မှတ်လိုက်ပါတယ်။

သတင်း

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)နဲ့ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာအာရှကွန်ရက်(ANFREL)အဖွဲ့တို့ ပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းတို့မှာ အပိုင်း ၃ ခု ခွဲခြားပြီး အာဏာသိမ်း မြန်မာစစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာလုံးဝတရားဝင်မှုမရှိကြောင်းအတိအလင်းရှုတ်ချထားခဲ့ပါတယ်။

နိုင်ငံတကာ

အတိုက်အခံ ခေါင်းဆောင်ရဲ့ ပြတ်သားတဲ့ ရွေးကောက်ပွဲ အနိုင်ရလဒ်နဲ့အတူ ဟန်ဂေရီကို ၁၆ နှစ်ကြာ ကြီးစိုး အုပ်ချုပ်ခဲ့တဲ့ ဗစ်တာအော်ဘန်ရဲ့ ခေတ်က အဆုံးသတ်သွားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ မွန်လက်နက်ကိုင်တပ်ဖွဲ့တွေပါဝင်တဲ့ မွန်တော်လှန်ရေးဖိုရမ်က ကြေညာချက် တရပ်ထုတ်ပြန်ခဲ့ရာ စစ်တပ် ကျင်းပတဲ့ ရွေးကောက်ပွဲက ပေါ်လာမယ့် ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုကြောင်း အသိပေးထားသလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) အခြေခံ နိုင်ငံရေးဆွေးနွေးပွဲတွေကိုလက်မခံကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။