Connect with us

Hi, what are you looking for?

All posts tagged "ဝေါမြို့နယ်"

ဆောင်းပါး

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ဖိုးဦးစိန်ကျေးရွာမှာ နာရေးယာဥ်အဖြစ် အသုံးပြုဖို့ ခွေးဘီလူးကားလေးတစ်စီး ဇွန်လထဲက ရောက်ရှိလို့လာခဲ့တယ်။ ခွေးဘီလူးကားလေးတွေကို နာရေးယာဥ်အဖြစ် အသုံးပြုတာတော့ အတော်နည်းပါတယ်။ မြို့ပေါ်မှာ နာရေးယာဥ်အဖြစ်သုံးတဲ့ယာဥ်တွေကျ စျေးမတက်နိုင်တာကြောင့် ခွေးဘီလူးကားလေးကိုပဲ ပြင်ဆင်မွမ်းမံရင်း နာရေးယာဥ်အဖြစ် သုံးဖို့ စီစဥ်ရတာပါ။

သတင်း

ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းပေါ်ရှိ စစ်ကောင်စီ၏ X-Ray စက်တပ်ဆင်ထားသည့် စစ်ဆေးရေးဂိတ်အား ယနေ့(မတ်လ ၈ရက်)နံနက်က ရှော့တိုက်ဒုံးသုံးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဝေါမြို့ နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ ပြောခွင့်ရသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

(ဝေါမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ သူရဲသမိန်ရဲစခန်းအား စီးနင်းတိုက်ခိုက်ခဲ့စဥ်။ ဓာတ်ပုံ - ဝေါ(ပကဖ)) (ဝေါမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ သူရဲသမိန်ရဲစခန်းအား စီးနင်းတိုက်ခိုက်ခဲ့စဥ်။ ဓာတ်ပုံ - ဝေါ(ပကဖ))

သတင်း

စစ်ကောင်စီတပ်နှင့် ရဲ ပူးပေါင်းအင်အား ၅၀ခန့်ရှိ သူရဲသမိန်နယ်မြေရဲစခန်းကို နိုဝင်ဘာ ၂၇ ရက်နံနက် ၅ နာရီခန့်တွင် KNLA၊ PDF ပူးပေါင်းတပ်မက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စီးနင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

(​ဝေါမြို့နယ် ၊ဖိုးစပယ်​​ကျေးရွာ(အနီ​ရောင်ပင်အပ်ပြထား)နှင့် ​ညောင်ခါးရှည်ရွာတို့ကို Google Map တွင်​တွေ့ရပုံ) (​ဝေါမြို့နယ် ၊ဖိုးစပယ်​​ကျေးရွာ(အနီ​ရောင်ပင်အပ်ပြထား)နှင့် ​ညောင်ခါးရှည်ရွာတို့ကို Google Map တွင်​တွေ့ရပုံ)

သတင်း

စစ်ကောင်စီတပ်၏ မတရားဖမ်းဆီးခြင်းခံရသူများတွင် ဖိုးစပါယ်ကျေးရွာမှ ၅၂ နှစ်အရွယ် ဦးဝင်းဇော်ဌေး၊ ၅၃ နှစ်အရွယ် ဒေါ်တင်မျိုးခိုင်နှင့် ၄၅ နှစ်အ ရွယ် ကိုဆံရှည်၊ ကျုံပါကျေးရွာမှ ၆၀ နှစ်အရွယ် ဦးမြသိန်း၊ ၃၅ နှစ်အရွယ် ကိုကျော်မြင့်သိန်းတို့ဖြစ် ကြောင်း​ဒေသခံများထံမှသိရသည်။

(ညောင်ခါးရှည်နယ်မြေရဲစခန်းအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ) (ညောင်ခါးရှည်နယ်မြေရဲစခန်းအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

သတင်း

တော်လှန်ရေးရဲဘော်များ၏ ပစ်ခတ်တိုက်ခိုက်ခြင်းခံရသော ညောင်ခါးရှည်ရဲစခန်းတွင် အင်အား ၃၀ခန့်ရှိပြီး တိုက်ခိုက်ခံရပြီးနောက် စခန်းတွင်းမှနေ၍ အနီး၀န်းကျင်သို့ ရမ်းသမ်းပစ်ခတ်ခြင်း၊ ပြည်သူအချို့အား ဖမ်းဆီးခြင်းများရှိခဲ့သည်ဟု ဒေသခံများထံမှ စုံစမ်းသိရသည်။

(​ဝေါ ပကဖ တပ်ဖွဲ့ဝင်အချို့။ဓါတ်ပုံ-Bago Region PDF) (​ဝေါ ပကဖ တပ်ဖွဲ့ဝင်အချို့။ဓါတ်ပုံ-Bago Region PDF)

သတင်း

ဖေဖော်ဝါရီ ၂၆ ရက်နေ့ည ၈ နာရီခွဲခန့်က ဝေါမြို့ ဘုရားပျိုရွာထိပ်တွင် စစ်ကောင်စီတပ်၊ ရဲနှင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များစောင့်ကြပ်လျှက်ရှိသူ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်အား ဝေါမြို့နယ် ပ.က.ဖ ရဲဘော်များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(ဝေါမြို့ရဲစခန်းအား တွေ့ရစဉ်၊ဓာတ်ပုံ - CJ) (ဝေါမြို့ရဲစခန်းအား တွေ့ရစဉ်၊ဓာတ်ပုံ - CJ)

သတင်း

ယမန်နေ့(ဖေဖော်ဝါရီ ၂)ည ၇ နာရီ ၅၀မိနစ်ခန့်က ဝေါမြို့နယ် မြစ်ကျိုးကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ နယ်မြေရဲစခန်းအား KNLA၊ PDF ပူးပေါင်းတပ်များက ဒရုန်းဖြင့် ဗုံးသီးတစ်လုံးပစ်ချကာ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Facebook