Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဝေါမြို့နယ် မြစ်ကျိုးနယ်မြေရဲစခန်းနှင့် အုပ်ချုပ်ရေးမှူးရုံးကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်၊ ရဲများထွက်ပြေး

ယမန်နေ့(ဖေဖော်ဝါရီ ၂)ည ၇ နာရီ ၅၀မိနစ်ခန့်က ဝေါမြို့နယ် မြစ်ကျိုးကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ နယ်မြေရဲစခန်းအား KNLA၊ PDF ပူးပေါင်းတပ်များက ဒရုန်းဖြင့် ဗုံးသီးတစ်လုံးပစ်ချကာ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(ဝေါမြို့ရဲစခန်းအား တွေ့ရစဉ်၊ဓာတ်ပုံ - CJ)
(ဝေါမြို့ရဲစခန်းအား တွေ့ရစဉ်၊ဓာတ်ပုံ - CJ)

ပဲခူးတိုင်း၊ ဝေါမြို့နယ်ရှိ မြစ်ကျိုးနယ်မြေရဲစခန်းနှင့် စစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံးတို့ကို KNLA၊ PDF ပူးပေါင်းတပ်က ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောသည်။

ယမန်နေ့(ဖေဖော်ဝါရီ ၂)ည ၇ နာရီ ၅၀မိနစ်ခန့်က ဝေါမြို့နယ် မြစ်ကျိုးကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ နယ်မြေရဲစခန်းအား KNLA၊ PDF ပူးပေါင်းတပ်များက ဒရုန်းဖြင့် ဗုံးသီးတစ်လုံးပစ်ချကာ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် မြစ်ကျိုးစခန်းရှိ စစ်ကောင်စီရဲများ စခန်းအပြင်သို့ ထွက်ပြေးသွားပြီး ထိခိုက်သေဆုံးမှုရှိ၊မရှိ ဆက်လက်စုံစမ်းဆဲဖြစ်ကြောင်း ဝေါ(ပ.က.ဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

အလားတူ ယမန်နေ့ည ၈ နာရီ ၅၅ မိနစ်ခန့်တွင် ဝေါမြို့နယ် လက်ပန်ကျေးရွာရှိ စစ်ကောင်စီတပ်များ တပ်စွဲထားသည့် အုပ်ချုပ်ရေးမှူးရုံးကို ဒရုန်းဖြင့် ဗုံးသီးတစ်လုံးပစ်ချ တိုက်ခိုက်ခဲ့သည်ဟု အထက်ပါတာဂန်ရှိသူက ဆို သည်။

ထို့နောက် တိုက်ခိုက်ခံရသည့်နေရာများသို့ စစ်ကောင်စီတပ်မှ တပ်ကူလွှတ်၍ လာရောက်နိုင် ခြေရှိသောလမ်းပိုင်း၌ မိုင်းပွိုင့်ဆင်၍ ဖောက်ခွဲတိုက်ခိုက်ရန်ပြင်ဆင်ခဲ့ရာ မိုင်းဆင်ရင်း မတော် တဆဖြစ်၍ တော်လှန်ရေးရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း ဝေါ(ပ.က.ဖ)က အတည်ပြုသည်။

“ ​မြေပြင်က လာမယ့်လမ်းကြောင်းကို မိုင်းသွားထောင်တာ။ လက်ထဲမှာ မိုင်းကွဲသွားတာ” ဟု ဝေါ (ပ.က.ဖ)က ပြောသည်။

ထို့ကြောင့် အထက်ပါ စစ်ကောင်စီတပ်၏ စစ်ရေးပစ်မှတ်နေရာ နှစ်ခုအား KNLA၊ PDF ပူးပေါင်းတပ်များတိုက်ခိုက်မှုတွင် ရဲဘော်တစ်ဦး မိုင်းမတော်တဆဖြစ်ပြီး ကျဆုံးခဲ့သော်လည်း ကျန်ရဲဘော်များအထိ အခိုက်မရှိခဲ့ကြောင်း အသိပေးထားသည်။

You May Also Like

နိုင်ငံတကာ

ရုရှား စစ်ဘက် ထောက်လှမ်းရေး အရာရှိတွေက ကီရီယက်ဗစ်ခ် မြို့ထဲမှာ ပစ်ချခံခဲ့ရတဲ့ ယူကရိန်း ဒရုန်းဟာ Tu-141 Strizh အမျိုးအစား ဖြစ်တယ်လို့ ဆိုပါတယ်။ ဒရုန်းပျက်ကျချိန်မှာ မြို့ထဲက အဆောက်အအုံ တချို့လည်း ထိခိုက် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

သတင်း

RPGအပါအဝင် လက်နက်ငယ်များဖြင့် ချိန်ပြီး စစ်ကောင်စီရဲများ နေရာယူထားသည့် ဂိတ်သို့ လမ်းလျှောက်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ ရဲများရှိသည့်နေရာသို့ မေးမြန်းဝင်ရောက်ရာ ဂိတ်ရှိ ရဲများက ခုခံပစ်ခတ်ခြင်းမပြုဘဲ အသာတကြည်ပင် ကော်ဘရာစစ်သည်များထံ လက်နက်အပ်နှံခဲ့သည်။

သတင်း

စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုများရှိပြီး အထိနာ၍ လက်နက်ကြီးများ၊ စက်လက်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

သတင်း

ဖားကန့်မြို့တွင် ပြီးခဲ့သည့် မတ်လ ၁၈ရက် ညနေကလည်း ရဲများစီးနင်လာသောယာဉ်ကို KIA၊ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ သုံးဦး သေဆုံးခဲ့သည်။