Connect with us

Hi, what are you looking for?

သတင်း

ဝေါမြို့နယ် မြစ်ကျိုးနယ်မြေရဲစခန်းနှင့် အုပ်ချုပ်ရေးမှူးရုံးကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်၊ ရဲများထွက်ပြေး

ယမန်နေ့(ဖေဖော်ဝါရီ ၂)ည ၇ နာရီ ၅၀မိနစ်ခန့်က ဝေါမြို့နယ် မြစ်ကျိုးကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ နယ်မြေရဲစခန်းအား KNLA၊ PDF ပူးပေါင်းတပ်များက ဒရုန်းဖြင့် ဗုံးသီးတစ်လုံးပစ်ချကာ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(ဝေါမြို့ရဲစခန်းအား တွေ့ရစဉ်၊ဓာတ်ပုံ - CJ)
(ဝေါမြို့ရဲစခန်းအား တွေ့ရစဉ်၊ဓာတ်ပုံ - CJ)

ပဲခူးတိုင်း၊ ဝေါမြို့နယ်ရှိ မြစ်ကျိုးနယ်မြေရဲစခန်းနှင့် စစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံးတို့ကို KNLA၊ PDF ပူးပေါင်းတပ်က ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောသည်။

ယမန်နေ့(ဖေဖော်ဝါရီ ၂)ည ၇ နာရီ ၅၀မိနစ်ခန့်က ဝေါမြို့နယ် မြစ်ကျိုးကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ နယ်မြေရဲစခန်းအား KNLA၊ PDF ပူးပေါင်းတပ်များက ဒရုန်းဖြင့် ဗုံးသီးတစ်လုံးပစ်ချကာ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် မြစ်ကျိုးစခန်းရှိ စစ်ကောင်စီရဲများ စခန်းအပြင်သို့ ထွက်ပြေးသွားပြီး ထိခိုက်သေဆုံးမှုရှိ၊မရှိ ဆက်လက်စုံစမ်းဆဲဖြစ်ကြောင်း ဝေါ(ပ.က.ဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

အလားတူ ယမန်နေ့ည ၈ နာရီ ၅၅ မိနစ်ခန့်တွင် ဝေါမြို့နယ် လက်ပန်ကျေးရွာရှိ စစ်ကောင်စီတပ်များ တပ်စွဲထားသည့် အုပ်ချုပ်ရေးမှူးရုံးကို ဒရုန်းဖြင့် ဗုံးသီးတစ်လုံးပစ်ချ တိုက်ခိုက်ခဲ့သည်ဟု အထက်ပါတာဂန်ရှိသူက ဆို သည်။

Public Service Announcement

Public Service Announcement

ထို့နောက် တိုက်ခိုက်ခံရသည့်နေရာများသို့ စစ်ကောင်စီတပ်မှ တပ်ကူလွှတ်၍ လာရောက်နိုင် ခြေရှိသောလမ်းပိုင်း၌ မိုင်းပွိုင့်ဆင်၍ ဖောက်ခွဲတိုက်ခိုက်ရန်ပြင်ဆင်ခဲ့ရာ မိုင်းဆင်ရင်း မတော် တဆဖြစ်၍ တော်လှန်ရေးရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း ဝေါ(ပ.က.ဖ)က အတည်ပြုသည်။

“​မြေပြင်က လာမယ့်လမ်းကြောင်းကို မိုင်းသွားထောင်တာ။ လက်ထဲမှာ မိုင်းကွဲသွားတာ”ဟု ဝေါ (ပ.က.ဖ)က ပြောသည်။

ထို့ကြောင့် အထက်ပါ စစ်ကောင်စီတပ်၏ စစ်ရေးပစ်မှတ်နေရာ နှစ်ခုအား KNLA၊ PDF ပူးပေါင်းတပ်များတိုက်ခိုက်မှုတွင် ရဲဘော်တစ်ဦး မိုင်းမတော်တဆဖြစ်ပြီး ကျဆုံးခဲ့သော်လည်း ကျန်ရဲဘော်များအထိ အခိုက်မရှိခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

နိုင်ငံတကာ

လက်တုံ့ပြန်တဲ့ အနေနဲ့ အီရန်ဟာ ပင်လယ်ကွေ့ ဒေသတွင်း နိုင်ငံတချို့မှာရှိတဲ့ အမေရိကန် စစ်စခန်းတွေကို တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ ဒရုန်းတွေနဲ့ ရေဒါစခန်းတွေကို တိုက်ခိုက်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောကြားခဲ့ပါတယ်။