Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဝေါမြို့နယ်ရှိ သူရဲသမိန်ရဲစခန်းတိုက်ခိုက်ခံရပြီး စခန်းမှူးအပါအဝင် ကိုးဦးသေ

စစ်ကောင်စီတပ်နှင့် ရဲ ပူးပေါင်းအင်အား ၅၀ခန့်ရှိ သူရဲသမိန်နယ်မြေရဲစခန်းကို နိုဝင်ဘာ ၂၇ ရက်နံနက် ၅ နာရီခန့်တွင် KNLA၊ PDF ပူးပေါင်းတပ်မက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စီးနင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

(ဝေါမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ သူရဲသမိန်ရဲစခန်းအား စီးနင်းတိုက်ခိုက်ခဲ့စဥ်။ ဓာတ်ပုံ - ဝေါ(ပကဖ))
(ဝေါမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ သူရဲသမိန်ရဲစခန်းအား စီးနင်းတိုက်ခိုက်ခဲ့စဥ်။ ဓာတ်ပုံ - ဝေါ(ပကဖ))

ပဲခူးတိုင်း၊ ဝေါမြို့နယ်ရှိ စစ်ကောင်စီလက် အောက်ခံ သူရဲသမိန်ကျေးရွာရဲစခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ PDF ပူးပေါင်းတပ်က စီးနင်းတိုက်ခိုက်ခဲ့ရာ ရဲစခန်းမှူးအပါအဝင် ကိုးဦးသေဆုံးကြောင်း ပူးပေါင်းအဖွဲ့တွင်ပါဝင်သည့် ဒေသတော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်နှင့် ရဲ ပူးပေါင်းအင်အား ၅၀ခန့်ရှိ သူရဲသမိန်နယ်မြေရဲစခန်းကို နိုဝင်ဘာ ၂၇ ရက်နံနက် ၅ နာရီခန့်တွင် KNLA၊ PDF ပူးပေါင်းတပ်မက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စီးနင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

(ဝေါမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ သူရဲသမိန်ရဲစခန်းအား စီးနင်းတိုက်ခိုက်ခဲ့စဥ်။ ဓာတ်ပုံ - ဝေါ(ပကဖ))
(ဝေါမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ သူရဲသမိန်ရဲစခန်းအား စီးနင်းတိုက်ခိုက်ခဲ့စဥ်။ ဓာတ်ပုံ – ဝေါ(ပကဖ))

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ တပ်သားသုံးဦး၊ စခန်းမှူးအပါအဝင် ရဲလေးဦး၊ ပျူစောထီးတစ်ဦးနှင့် ရာအိမ်မှူးတစ်ဦးသေဆုံးပြီး သေနတ်လေးလက် သိမ်းဆည်းရရှိကာ KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း ဒေသတော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက အတည်ပြုသည်။

“သူရဲသမိန်စခန်းမှာ တာဝန်ကျတဲ့ ဗိုလ်မှူးကအရပ်ဝတ်လဲပြီး ရှေ့ဆုံးကပြေးတော့တာပဲ” ဟု ၎င်းတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ သူရဲသမိန်ရဲစခန်းအား စီးနင်းတိုက်ခိုက် နေစဥ် စခန်းအားသိမ်းပိုက်ရရှိခဲ့သော်လည်း မီးရှို့ဖျက်ဆီးရန် မီးခြစ်အရံသင့်ပါမလာခြင်း၊ အနီးဝန်းကျင်ကျေးရွာများဖြစ်သော မြစ်ကျိုး၊ လက်ပံ၊ အညာစု စသည့်ကျေးရွာများတွင် အထိုင်ချထားသော စစ်ကောင်စီတပ်များက လက်နက်ကြီးပစ်ကူပေးခြင်းတို့ကြောင့် တပ်ပြန်ဆုတ်ခဲ့ရကြောင်း စုံစမ်းသိရသည်။

(ဝေါမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ သူရဲသမိန်ရဲစခန်းအား စီးနင်းတိုက်ခိုက်ခဲ့စဥ်။ ဓာတ်ပုံ - ဝေါ(ပကဖ))
(ဝေါမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ သူရဲသမိန်ရဲစခန်းအား စီးနင်းတိုက်ခိုက်ခဲ့စဥ်။ ဓာတ်ပုံ – ဝေါ(ပကဖ))

အလားတူ ဝေါမြို့နယ် တဘက်ကမ်း စစ်တောင်းမြစ်အနေညက်ဘက်ခြမ်းရှိ ရွှေကျင်မြို့နယ် ကွမ်းဆိပ်ကျေးရွာအခြေစိုက် စစ်ကောင်စီ၏ ခမရ (၅၉၈) တပ်စခန်းကိုလည်း KNLA၊ PDF ပူးပေါင်းတပ်များက နိုဝင်ဘာ ၂၇ရက် နံနက် ၅ နာရီခန့်တွင် တပြိုင်နက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအခြေအနေအား အသေးစိပ်မသိရသေးပေ။

လက်ရှိအခြေအနေတွင် စစ်ကောင်စီလက် အောက်ခံ သူရဲသမိန်ကျေးရွာနယ်မြေရဲစခန်း တိုက်ခိုက်ခံရပြီးနောက် ဝေါမြို့နယ်အတွင်း ညမထွက်ရအမိန့်ထုတ်ပြန်ထားပြီး ပျူစောထီးအဖွဲ့သို့ဝင်ရန် ကျေးရွာတစ်ရွာလျှင် အင်အား ၃၀ ဦးပေးရမည်ဟု သတင်းများထွက်ပေါ်နေ၍ ဒေသခံများ စိုးရိမ်ပူပန်လျှက်ရှိကြောင်း စုံစမ်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။