Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဝေါမြို့နယ် ညောင်ခါးရှည်ရဲစခန်းနှင့် အုပ်ကြီးရုံးကို PDFပူးပေါင်းတပ် ၀င်ရောက်တိုက်ခိုက်

တော်လှန်ရေးရဲဘော်များ၏ ပစ်ခတ်တိုက်ခိုက်ခြင်းခံရသော ညောင်ခါးရှည်ရဲစခန်းတွင် အင်အား ၃၀ခန့်ရှိပြီး တိုက်ခိုက်ခံရပြီးနောက် စခန်းတွင်းမှနေ၍ အနီး၀န်းကျင်သို့ ရမ်းသမ်းပစ်ခတ်ခြင်း၊ ပြည်သူအချို့အား ဖမ်းဆီးခြင်းများရှိခဲ့သည်ဟု ဒေသခံများထံမှ စုံစမ်းသိရသည်။

(ညောင်ခါးရှည်နယ်မြေရဲစခန်းအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ညောင်ခါးရှည်နယ်မြေရဲစခန်းအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် ဝေါမြို့နယ်၊ညောင်ခါးရှည်နယ်မြေရဲစခန်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဝေါမြို့ နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာ၀န်ရှိသူတစ်ဦးက People’s Springသို့ ပြောသည်။

ယမန်နေ့(ဧပြီ ၂၇)ည ၇ နာရီခန့်က ဝေါမြို့နယ်၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပဲခူးခရိုင် PDF တပ်ရင်း (၃၇၀၁)တို့ပူးပေါင်း၍ ရဲများတန်းစီချိန် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ထို့နောက် ရဲစခန်းအတွင်းမှ စစ်ကောင်စီတပ်များက လင့်စင်ပေါ်နှင့် ကတုတ်ကျင်းများအတွင်းမှ ပြန်လည်ပစ်ခတ်ခဲ့သော်လည်း PDF ပူးပေါင်းတပ်မှ ရဲဘော်များ အထိအခိုက်မရှိခဲ့ကြောင်း ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးသည်။

Public Service Announcement
Public Service Announcement

အလားတူ ဒုတိယမြောက်စစ်ရေးပစ်မှတ်အဖြစ် ညောင်‌ခါး‌ရှည်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို ဗုံးပစ်တိုက်ခိုက်ခဲ့ရာ ဗုံးမှာ ချို့ယွင်းချက်ဖြစ်ကာ ပေါက်ကွဲခြင်းမရှိခဲ့ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အထက်ပါ ညောင်ခါးရှည်ရဲစခန်းတိုက်ခိုက်မှုတွင် ရဲတစ်ဦးပွဲချင်းပြီးသေဆုံးပြီး PDF ပူးပေါင်းတပ်ဖွဲ့၀င်များ အထိအခိုက်မရှိ အောင်မြင်စွာခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

တော်လှန်ရေးရဲဘော်များ၏ ပစ်ခတ်တိုက်ခိုက်ခြင်းခံရသော ညောင်ခါးရှည်ရဲစခန်းတွင် အင်အား ၃၀ခန့်ရှိပြီး တိုက်ခိုက်ခံရပြီးနောက် စခန်းတွင်းမှနေ၍ အနီး၀န်းကျင်သို့ ရမ်းသမ်းပစ်ခတ်ခြင်း၊ ပြည်သူအချို့အား ဖမ်းဆီးခြင်းများရှိခဲ့သည်ဟု ဒေသခံများထံမှ စုံစမ်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။