Connect with us

Hi, what are you looking for?

သတင်း

ဝေါမြို့နယ် ညောင်ခါးရှည်ရဲစခန်းနှင့် အုပ်ကြီးရုံးကို PDFပူးပေါင်းတပ် ၀င်ရောက်တိုက်ခိုက်

တော်လှန်ရေးရဲဘော်များ၏ ပစ်ခတ်တိုက်ခိုက်ခြင်းခံရသော ညောင်ခါးရှည်ရဲစခန်းတွင် အင်အား ၃၀ခန့်ရှိပြီး တိုက်ခိုက်ခံရပြီးနောက် စခန်းတွင်းမှနေ၍ အနီး၀န်းကျင်သို့ ရမ်းသမ်းပစ်ခတ်ခြင်း၊ ပြည်သူအချို့အား ဖမ်းဆီးခြင်းများရှိခဲ့သည်ဟု ဒေသခံများထံမှ စုံစမ်းသိရသည်။

(ညောင်ခါးရှည်နယ်မြေရဲစခန်းအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ညောင်ခါးရှည်နယ်မြေရဲစခန်းအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် ဝေါမြို့နယ်၊ညောင်ခါးရှည်နယ်မြေရဲစခန်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဝေါမြို့ နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာ၀န်ရှိသူတစ်ဦးက People’s Springသို့ ပြောသည်။

ယမန်နေ့(ဧပြီ ၂၇)ည ၇ နာရီခန့်က ဝေါမြို့နယ်၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပဲခူးခရိုင် PDF တပ်ရင်း (၃၇၀၁)တို့ပူးပေါင်း၍ ရဲများတန်းစီချိန် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ထို့နောက် ရဲစခန်းအတွင်းမှ စစ်ကောင်စီတပ်များက လင့်စင်ပေါ်နှင့် ကတုတ်ကျင်းများအတွင်းမှ ပြန်လည်ပစ်ခတ်ခဲ့သော်လည်း PDF ပူးပေါင်းတပ်မှ ရဲဘော်များ အထိအခိုက်မရှိခဲ့ကြောင်း ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးသည်။

Public Service Announcement
Public Service Announcement

အလားတူ ဒုတိယမြောက်စစ်ရေးပစ်မှတ်အဖြစ် ညောင်‌ခါး‌ရှည်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို ဗုံးပစ်တိုက်ခိုက်ခဲ့ရာ ဗုံးမှာ ချို့ယွင်းချက်ဖြစ်ကာ ပေါက်ကွဲခြင်းမရှိခဲ့ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အထက်ပါ ညောင်ခါးရှည်ရဲစခန်းတိုက်ခိုက်မှုတွင် ရဲတစ်ဦးပွဲချင်းပြီးသေဆုံးပြီး PDF ပူးပေါင်းတပ်ဖွဲ့၀င်များ အထိအခိုက်မရှိ အောင်မြင်စွာခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

တော်လှန်ရေးရဲဘော်များ၏ ပစ်ခတ်တိုက်ခိုက်ခြင်းခံရသော ညောင်ခါးရှည်ရဲစခန်းတွင် အင်အား ၃၀ခန့်ရှိပြီး တိုက်ခိုက်ခံရပြီးနောက် စခန်းတွင်းမှနေ၍ အနီး၀န်းကျင်သို့ ရမ်းသမ်းပစ်ခတ်ခြင်း၊ ပြည်သူအချို့အား ဖမ်းဆီးခြင်းများရှိခဲ့သည်ဟု ဒေသခံများထံမှ စုံစမ်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့