သတင်း စစ်ကောင်စီတပ်က ပေါင် ၅၀၀ဗုံးများသုံးပြီး ဗုံးကြဲတိုက်ခိုက်လာဟု TNLA အသိပေး စစ်ကောင်စီတပ်၏ ထိုးစစ်ကြောင့် တိုက်ပွဲဖြစ် ပွားရာနေရာအနီးရှိ ကုန်းသာ၊ ဟူမန်း၊ မန်လုံး၊ တာလတ်ကျေးရွာမှ ဒေသခံပြည်သူ ၁,၅၀၀ခန့် စစ်ဘေးရှောင်နေကြရသည်ဟု TNLAက အသိပေးထားသည်။ LuduNwayOoဒီဇင်ဘာ 12, 2022
သတင်း PDFစစ်ရုံးချုပ် ထူထောင်ထားပြီး စစ်ဆင်ရေးဌာနအပါအဝင် ဌာနကြီး ၅ခုဖွဲ့စည်းထားဟု NUG ကာကွယ်ရေးဝန်ကြီး အသိပေး ဒီဇင်ဘာ ၇ရက်က PDF ရဲဘော်များသို့ ပြည်ထောင်စုဝန်ကြီး၏ အသံလွင့် ပြောကြားချက်တွင် ထိုသို့ အသိပေးလိုက်ခြင်းဖြစ်သည်။ LuduNwayOoဒီဇင်ဘာ 8, 2022
သတင်း အရာတော် – မုံရွာလမ်းပိုင်း ယနေ့ ယာယီပိတ်ထားဟု အရာတော်(ပကဖ) အသိပေး အရာတော်-မုံရွာလမ်းပေါ်တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့များ တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ LuduNwayOoဒီဇင်ဘာ 5, 2022
သတင်း ဒီးမော့ဆိုနယ်ရှိ စစ်ကောင်စီတပ်ထိန်းချုပ်ထားသော ကုန်းသာနှင့်သေးဆူလဲနယ်မြေအားပြန်လည်ထိန်းချုပ်နိုင်ပြီဟု KRU အသိပေး ဒီးမော့ဆို့မြို့ ၊ကုန်းသာကျေးရွာအတွင်း နယ်မြေများပြန်လည်ရှင်းလင်းနေစဉ်အတွင်း စစ်ကောင်စီတပ်များ၏ ရိက္ခာ ၊ စွပ်ဗုံး၊ကျည်ဆံနှင့် အသုံးအဆောင်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ပြီး နယ်မြေအား မိုင်းရှင်းလင်းရေးများ ပြန်လည်ပြုလုပ်နေကြောင်း ဖော်ပြသည်။ LuduNwayOoဒီဇင်ဘာ 2, 2022
သတင်း ဆောနယ်ရှိ မီးဘေးသင့်ပြည်သူများကို ဆန်တင်း ၂၀၀ကျော် ထောက်ပံ့ခဲ့ကြောင်း မြို့နယ်(ပအဖ) အသိပေး ယခု နိုဝင်ဘာလလယ်က စစ်ကောင်စီတပ်သည် ဆောမြို့နယ် လက်ပန်းကျေးရွာနှင့် ပဆုပ်ကျေးရွာတို့ကို မီးရှို့ဖျက်ဆီးမှု ပြုလုပ်ခဲ့ရာ နေအိမ် ၁၈၀ကျော် မီးလောင်ပျက်စီးခဲ့ရသည်။ LuduNwayOoနိုဝင်ဘာ 27, 2022
သတင်း မောင်တောမြောက်ပိုင်းတိုက်ပွဲ စစ်ကောင်စီတပ် ၁၀ဦးသေ၊ ၁၅ဦးထက်မနည်းဒဏ်ရာရပြီး ကစဉ့်ကလျားထွက်ပြေးသွားဟု AA အသိပေး AA အနေဖြင့်လည်း စစ်ကောင်စီ၏ ဘူးသီးတောင်အခြေစိုက် စကခ(၁၅) တပ်မ ဌာနချုပ်အား လက်နက်ကြီးဖြင့် တုံ့ပြန်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ကျဆုံးမှုမသိရသော်လည်း တပ်မ ဌာနချုပ် အတွင်း ထိမှန်ခဲ့ကြောင်း ဖော်ပြသည်။ LuduNwayOoနိုဝင်ဘာ 19, 2022
သတင်း ကရင်နီဒေသ၌ စစ်ကောင်စီတပ် လက်နက်ကြီးဖြင့်တိုက်ခိုက်၍ ယခုလဝက်အတွင်း ကလေးငယ်တစ်ဦး သေဆုံးပြီး ပြည်သူ ၃၀ခန့် ဒဏ်ရာရဟု KSCC အသိပေး ဖရူဆိုမြို့နယ်တွင် လူနေအိမ် သုံးလုံး ပျက်စီးခဲ့ပြီး ဖယ်ခုံတွင်လူနေအိမ် ခုနစ်လုံး နှင့် အရပ်သား ပြည်သူ ရှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။ LuduNwayOoနိုဝင်ဘာ 18, 2022
သတင်း အရပ်သားပြည်သူများကို အစုလိုက်အပြုံလိုက်တိုက်ခိုက် သတ်ဖြတ်နေသည့် စစ်ကောင်စီတပ်ကို လက်စားချေမည်ဟု AA ထပ်မံ အသိပေး စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၁၀ရက်က ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးရွာမှ ဒေသခံ ၉ဦးထက်နည်းကိုသတ်ဖြတ်ခဲ့ရာ ထိုစဉ်ကလည်း စစ်ကောင်စီတပ်၏ လုပ်ရပ်အပေါ် လက်တုံ့ပြန်မည် ဂလဲ့စားခြေမည်ဟု AAက ထုတ်ပြန်ခဲ့ပြီး ယခု ထပ်မံ အသိပေးခြင်းဖြစ်သည်။ LuduNwayOoနိုဝင်ဘာ 17, 2022
သတင်း ဝိုင်းမော်နယ် ချီဖွေလမ်း၌ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်၊ ယာဉ်နှစ်စီး မီးရှို့ဖျက်ဆီးခဲ့ဟု KIA အသိပေး နိုဝင်ဘာ ၁၀ရက်က မြစ်ကြီးနားမြို့မှ အင်အား ၅၀ပါ ယာဉ်သုံးစီးဖြင့်ဖြတ်သန်းသွားလာစဉ် KIAတပ်မှ ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့ကာ စစ်ကောင်စီ ယာဉ်နှစ်စီးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။ LuduNwayOoနိုဝင်ဘာ 13, 2022
သတင်း ကချင်ဒေသ၌ ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာသည့် စစ်မှုထမ်းနှင့် ရဲဝန်ထမ်း ၅၀၀ကျော်ရှိဟု KIO အသိပေး စစ်ကောင်စီတပ်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံသည့် စစ်သားနှင့် ရဲများစွာရှိပြီး တော်လှန်ရေးတွင် ပါဝင်ကာ စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်နေသူများလည်း ရှိသည်။ LuduNwayOoနိုဝင်ဘာ 13, 2022