Connect with us

Hi, what are you looking for?

သတင်း

ကချင်ဒေသ၌ ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာသည့် စစ်မှုထမ်းနှင့် ရဲဝန်ထမ်း ၅၀၀ကျော်ရှိဟု KIO အသိပေး

စစ်ကောင်စီတပ်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံသည့် စစ်သားနှင့် ရဲများစွာရှိပြီး တော်လှန်ရေးတွင် ပါဝင်ကာ စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်နေသူများလည်း ရှိသည်။

ကချင်ဒေသတွင် CDM ပြုလုပ်လာသော စစ်ကောင်စီတပ်မှ အရာရှိများနှင့် တပ်သားမျာဒအားရဂုဏ်ပြုငွေ ပေးအပ်နေစဉ်၊ ဓာတ်ပုံ - ပြည်သူ့ပန်းတိုင်
ကချင်ဒေသတွင် CDM ပြုလုပ်လာသော စစ်ကောင်စီတပ်မှ အရာရှိများနှင့် တပ်သားမျာဒအားရဂုဏ်ပြုငွေ ပေးအပ်နေစဉ်၊ ဓာတ်ပုံ - ပြည်သူ့ပန်းတိုင်

ကချင်ဒေသ၌ ပြည်သူ့ရင်ခွင်ခိုလှုံရေး အစီအစဉ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ဗဟိုကော်မတီသို့ ခိုလှုံလာသည့် စစ်မှုထမ်းနှင့် ရဲဝန်ထမ်း ဦးရေ ၅၀၀ ကျော်ရှိပြီဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေး ဌာနက ယမန်နေ့တွင် ဖော်ပြသည်။

စစ်တပ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ကို မုန်းတီး၍ ၎င်းလက်အောက် မှာ အမှုမထမ်းချင်သည့် စစ်မှုထမ်းများနှင့် ရဲဝန်ထမ်းများ၊ ပညာရှင် အမှုထမ်း အများအပြား KIO အုပ်ချုပ်ရာ နယ်မြေသို့ လာရောက်ခိုလှုံလျက်ရှိရာ ၂၀၂၂ အောက်တိုဘာလကုန်အထိ လူဦးရေ ၅၀၀ ကျော်ရှိလာကြောင်း ကော်မတီတာဝန်ရှိသူ၏ ပြောကြားချက်ကို KIO/KIA သတင်းပြန်ကြားရေးက ဖော်ပြခဲ့ခြင်းဖြစ်သည်။

ကချင်ဒေသတွင် CDM ပြုလုပ်လာသော စစ်ကောင်စီတပ်မှ အရာရှိများနှင့် တပ်သားမျာဒအားရဂုဏ်ပြုငွေ ပေးအပ်နေစဉ်၊ ဓာတ်ပုံ - ပြည်သူ့ပန်းတိုင်
ကချင်ဒေသတွင် CDM ပြုလုပ်လာသော စစ်ကောင်စီတပ်မှ အရာရှိများနှင့် တပ်သားမျာဒအားရဂုဏ်ပြုငွေ ပေးအပ်နေစဉ်၊ ဓာတ်ပုံ – ပြည်သူ့ပန်းတိုင်

ခုကဲ့သို့လက်နက်ချ အလင်းဝင်လာသူ များပြားလာ၍ ၂၀၂၁ နိုဝင်ဘာ ၄ရက်မှစ၍ ကချင်ဒေသ ပြည်သူ့ရင်ခွင် ခိုလှုံရေး အစီအစဉ် အကောင်အထည် ဖော်ဆောင်ရွက်ရေး ဗဟိုကော်မတီဖွင့်လှစ်ပြီး လက်ခံလျက်ရှိကြောင်း ၊ပြည်သူ့ရင်ခွင် ခိုလှုံလာသူများကို လုံခြုံသည့်နေရာများ၌ ထားရှိကြောင်း ဖော်ပြသည်။

ကချင်ဒေသ ပြည်သူ့ရင်ခွင် ခိုလှုံရေးအစီအစဉ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ဗဟိုကော်မတီ အောက်တိုဘာလအထိ လာရောက်ခိုလှုံသူ ၅၀၀ ကျော်ရှိပြီး ၎င်းတို့ကို ချီးမြှင့်ငွေများနှင့် အလုပ်နေရာပေးခြင်းများ ရှိခဲ့သည်ဟု ကော်မတီတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံသည့် စစ်သားနှင့် ရဲများစွာရှိပြီး တော်လှန်ရေးတွင် ပါဝင်ကာ စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်နေသူများလည်း ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်မှုထမ်းဥပဒေကြောင့် မြန်မာပြည်တွင်းက လူငယ်လူရွယ်တွေ ဇာတိမြေကို စွန့်ခွာနေချိန်မှာပဲ အာဏာသိမ်းခေါင်းဆောင်က အဲဒီဥပဒေကို ဆက်လက်ကျင့်သုံးမယ်လို့ အသိပေးပြောကြားလိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က အင်အား ၅၀ဝ ခန့် ထပ်မံရောက်ရှိလာပြီး စစ်မှုထမ်းတပ်သားသစ်တွေလည်း ပါဝင်လာကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။