Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်က ပေါင် ၅၀၀ဗုံးများသုံးပြီး ဗုံးကြဲတိုက်ခိုက်လာဟု TNLA အသိပေး

စစ်ကောင်စီတပ်၏ ထိုးစစ်ကြောင့် တိုက်ပွဲဖြစ် ပွားရာနေရာအနီးရှိ ကုန်းသာ၊ ဟူမန်း၊ မန်လုံး၊ တာလတ်ကျေးရွာမှ ဒေသခံပြည်သူ ၁,၅၀၀ခန့် စစ်ဘေးရှောင်နေကြရသည်ဟု TNLAက အသိပေးထားသည်။

(နမ့်ဆန်တိုက်ပွဲ စစ်ကောင်စီ​၏ တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုအား တွေ့ရစဉ်၊ ဓာတ်ပုံ - TNLA)
(နမ့်ဆန်တိုက်ပွဲ စစ်ကောင်စီ​၏ တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုအား တွေ့ရစဉ်၊ ဓာတ်ပုံ - TNLA)

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်၌ စစ်ကောင်စီတပ်က ယမန်နေ့ညပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ငါးကြိမ်ပြုလုပ်ခဲ့သည်ဟု TNLAက သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာ ၇ရက်က စတင်ခဲ့သည့် တိုက်ပွဲဖြစ်ပွားမှု နှင့်ပတ်သက်ပြီး ယနေ့(ဒီဇင်ဘာ ၁၂ရက်)နံနက်ပိုင်းအထိ စစ်ရေးအခြေအနေကို TNLAက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယမန်နေ့ညပိုင်းတွင် စစ်ကောင်စီတပ်က အလေးချိန်ပေါင် ၅၀၀ရှိ ဗုံးများ အသုံးပြုပြီးတိုက်ပွဲဖြစ်ပွားရာ အနီးသို့ နှစ်ကြိမ်၊ နမ့်ဆန်မြို့နယ် ရေပုံးကျေးရွာအနီး သုံးကြိမ် စုစုပေါင်းငါးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါ တိုက်ခိုက်မှုများအတွင်း လူထိခိုက်မှုမရှိခဲ့ဟုလည်း TNLAက ထုတ်ပြန်သည်။ ညပိုင်း တိုက်ခိုက်မှု အပါအဝင် ယမန်နေ့တိုက်ပွဲ၌ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၁၅ကြိမ်ခန့် ရှိခဲ့ပြီး ရဟတ်ယာဉ်များ အသုံးပြုပြီး စစ်အင်အားနှင့် လက်နက်ခဲယမ်းဖြည့်တင်းမှုများလည်းရှိသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်၏ ထိုးစစ်ကြောင့် တိုက်ပွဲဖြစ် ပွားရာနေရာအနီးရှိ ကုန်းသာ၊ ဟူမန်း၊ မန်လုံး၊ တာလတ်ကျေးရွာမှ ဒေသခံပြည်သူ ၁,၅၀၀ခန့် စစ်ဘေးရှောင်နေကြရသည်ဟု TNLAက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာနကို ဇွန်လ ၁၅ရက်မှာ ပိတ်သိမ်းရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အလှူရှင်ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုရင် မပိတ်သိမ်းမီ အပြီးသတ် ပါဝင်လှူဒါန်းပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှုဖြစ်စဉ်မှာ သေဆုံးထိခိုက်နစ်နာဆုံးရှုံးခဲ့ကြရတဲ့ မိသားစုဝင်တွေကို တအာင်းတပ်မတော်(PSLF/TNLA) ခေါင်းဆောင်တွေက သွားရောက်တောင်းပန်ပြီး ဝမ်းနည်းကြောင်း ဖော်ပြခဲ့တယ်လို့ TNLAက သတင်းထုတ်ပြန်ပါတယ်။