Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ်က ပေါင် ၅၀၀ဗုံးများသုံးပြီး ဗုံးကြဲတိုက်ခိုက်လာဟု TNLA အသိပေး

စစ်ကောင်စီတပ်၏ ထိုးစစ်ကြောင့် တိုက်ပွဲဖြစ် ပွားရာနေရာအနီးရှိ ကုန်းသာ၊ ဟူမန်း၊ မန်လုံး၊ တာလတ်ကျေးရွာမှ ဒေသခံပြည်သူ ၁,၅၀၀ခန့် စစ်ဘေးရှောင်နေကြရသည်ဟု TNLAက အသိပေးထားသည်။

(နမ့်ဆန်တိုက်ပွဲ စစ်ကောင်စီ​၏ တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုအား တွေ့ရစဉ်၊ ဓာတ်ပုံ - TNLA)
(နမ့်ဆန်တိုက်ပွဲ စစ်ကောင်စီ​၏ တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုအား တွေ့ရစဉ်၊ ဓာတ်ပုံ - TNLA)

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်၌ စစ်ကောင်စီတပ်က ယမန်နေ့ညပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ငါးကြိမ်ပြုလုပ်ခဲ့သည်ဟု TNLAက သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာ ၇ရက်က စတင်ခဲ့သည့် တိုက်ပွဲဖြစ်ပွားမှု နှင့်ပတ်သက်ပြီး ယနေ့(ဒီဇင်ဘာ ၁၂ရက်)နံနက်ပိုင်းအထိ စစ်ရေးအခြေအနေကို TNLAက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယမန်နေ့ညပိုင်းတွင် စစ်ကောင်စီတပ်က အလေးချိန်ပေါင် ၅၀၀ရှိ ဗုံးများ အသုံးပြုပြီးတိုက်ပွဲဖြစ်ပွားရာ အနီးသို့ နှစ်ကြိမ်၊ နမ့်ဆန်မြို့နယ် ရေပုံးကျေးရွာအနီး သုံးကြိမ် စုစုပေါင်းငါးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါ တိုက်ခိုက်မှုများအတွင်း လူထိခိုက်မှုမရှိခဲ့ဟုလည်း TNLAက ထုတ်ပြန်သည်။ ညပိုင်း တိုက်ခိုက်မှု အပါအဝင် ယမန်နေ့တိုက်ပွဲ၌ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၁၅ကြိမ်ခန့် ရှိခဲ့ပြီး ရဟတ်ယာဉ်များ အသုံးပြုပြီး စစ်အင်အားနှင့် လက်နက်ခဲယမ်းဖြည့်တင်းမှုများလည်းရှိသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်၏ ထိုးစစ်ကြောင့် တိုက်ပွဲဖြစ် ပွားရာနေရာအနီးရှိ ကုန်းသာ၊ ဟူမန်း၊ မန်လုံး၊ တာလတ်ကျေးရွာမှ ဒေသခံပြည်သူ ၁,၅၀၀ခန့် စစ်ဘေးရှောင်နေကြရသည်ဟု TNLAက အသိပေးထားသည်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။