Connect with us

Hi, what are you looking for?

သတင်း

အရာတော် – မုံရွာလမ်းပိုင်း ယနေ့ ယာယီပိတ်ထားဟု အရာတော်(ပကဖ) အသိပေး

အရာတော်-မုံရွာလမ်းပေါ်တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့များ တိုက်ခိုက်မှုများ မကြာခဏ ​ဖြစ်ပွားလေ့ရှိသည်။

အရာတော် - မုံရွာလမ်းပိုင်း ယနေ့ ယာယီပိတ်ထားဟု အရာတော်(ပကဖ) အသိပေး
အရာတော် - မုံရွာလမ်းပိုင်း ယနေ့ ယာယီပိတ်ထားဟု အရာတော်(ပကဖ) အသိပေး

စစ်ကိုင်းတိုင်း၊ အရာတော်-မုံရွာလမ်းပေါ်တွင် စစ်ကောင်စီတပ်သားများ သွားလာလှုပ်ရှားနေ၍ ယနေ့သွားလာအသုံးပြုခြင်းမပြုရန် အရာတော် မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးထုတ်ပြန်သည်။

ယနေ့(ဒီဇင်ဘာ ၅ ရက်)နံနက်ပိုင်းက အရာတော်-မုံရွာလမ်းပေါ်တွင် ကျွန်းဖိုပင်ကျေးရွာတဝိုက်နှင့် လမ်းပေါ်‌နေရာများတွင် စစ်ရေးလှုပ်ရှားလျက်ရှိကြောင်း၊ ထို့ကြောင့် ပြည်သူလူထု လုံခြုံရေးအတွက် အရာတော် – မုံရွာလမ်းပိုင်းအား ယနေ့(ဒီဇင်ဘာ ၅ရက်) တစ်ရက်တာ အသုံးပြုခြင်း ယာယီရပ်နားထားပေးပါရန် အရာတော်(ပကဖ) အဖွဲ့က သတိ‌ပေးသည်။

Public Service Announcement
Public Service Announcement

သို့သော် မဖြစ်မနေ သွားလာကြရမည့် ပြည်သူ များအနေဖြင့် စစ်ကောင်စီကားများ၊ ယာဉ်တန်းများဖြင့် ကပ်လိုက်ခြင်းမပြုရန်၊ မိုးကာအုပ်၍ မောင်းနှင်ခြင်းမပြုရန်နှင့် စစ်ကောင်စီတပ်သားများ၏ လှုပ်ရှားမှုများ( ကင်းပုန်းများ၊ ဦးတည်ရွေ့လျားမှုများ၊ ချောဆွဲခံ‌နေရသော ကားနံပါတ် ၊ အမျိုးအစားအရောင် စသည်ဖြင့်)တွေ့ရှိခဲ့ပါက တော်လှန်ရေး ရဲဘော်များထံ သတင်းပေးပို့ခြင်းဖြင့်ကူညီပေးရန် အရာတော်(ပကဖ)က မေတ္တာရပ်ခံထားသည်။

အရာတော်-မုံရွာလမ်းပေါ်တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့များ တိုက်ခိုက်မှုများ မကြာခဏ ​ဖြစ်ပွားလေ့ရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၄ ဦး သေဆုံးကြောင်း မုံရွာခရိုင်တပ်ရင်းတွေက ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မိုးကောင်းပြီး သစ်ပင်လဲပိလို့ ကား ၂စီး ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။