Connect with us

Hi, what are you looking for?

သတင်း

ဝိုင်းမော်နယ် ချီဖွေလမ်း၌ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်၊ ယာဉ်နှစ်စီး မီးရှို့ဖျက်ဆီးခဲ့ဟု KIA အသိပေး

နိုဝင်ဘာ ၁၀ရက်က မြစ်ကြီးနားမြို့မှ အင်အား ၅၀ပါ ယာဉ်သုံးစီးဖြင့်ဖြတ်သန်းသွားလာစဉ် KIAတပ်မှ ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့ကာ စစ်ကောင်စီ ယာဉ်နှစ်စီးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

(KIA တပ်သားများအား တွေ့ရစဉ်)
(KIA တပ်သားများအား တွေ့ရစဉ်)

▪️မိုးမောက်နှင့် ရှမ်းမြောက်၌လည်း စစ်ကောင်စီတပ်ကို KIA တိုက်ခိုက်

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ချီဖွေလမ်းတွင် စစ်ကောင်စီတပ် ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ယာဉ် နှစ်စီးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာနက ဖော်ပြသည်။

နိုဝင်ဘာ ၁၀ရက်က မြစ်ကြီးနားမြို့မှ အင်အား ၅၀ပါ ယာဉ်သုံးစီးဖြင့်ဖြတ်သန်းသွားလာစဉ် KIAတပ်မှ ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့ကာ စစ်ကောင်စီ ယာဉ်နှစ်စီးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှု အခြေအနေကိုမူ ဖော်ပြထားခြင်း မရှိပေ။ ယင်းဒေသသည် KIA တပ်မဟာ(၅)၊ တပ်ရင်း(၃) တပ်များ လှုပ်ရှားရာဒေသ ဖြစ်သည်။

ကချင်ပြည်နယ် မိုးမောက်မြို့အနီးတွင်လည်း စစ်ရေးလှုပ်ရှားလာသည့် စစ်ကောင်စီတပ်ကို KIAက နိုဝင်ဘာ ၁၁ရက် နံနက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည် ဟု ဆိုသည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ရာ ဒေသခံအမျိုးသားတစ်ဦး ဒဏ်ရာရခဲ့ကြောင်း၊ စစ်ကောင်စီတပ်သည် မိုးမောက်မြို့ ခါနန်ရပ်ကွက်မှ နေအိမ်အချို့ကို မီးရှို့ခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည် မိုးမောက်မြို့နယ် လုံဂျာတောင်ဒေသသို့ အောက်တိုဘာ ၂၂ရက်မှစ၍ ထိုးစစ်ဆင်လာ၍ KIA တပ်နှင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ်မှ လေကြောင်း ပစ်ကူများ လက်နက်ကြီးပစ်ကူများ လုပ်ဆောင်ခဲ့ရာ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံများ သေဆုံးထိခိုက်ခြင်း၊ ပြည်သူလူထုနေအိမ်နှင့် ဘာသာရေးအဆောက်အအုံများ၊ စာသင်ကျောင်းများ ပျက်စီးမှု ဖြစ်ပေါ်ခဲ့ရသည်ဟု ဆိုသည်။

KIAနှင့် စစ်ကောင်စီတပ်တို့သည် နိုဝင်ဘာ ၁၂ရက်ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း၌ တိုက်ပွဲဖြစ်ပွားခဲ့သည်။

KIA အမှတ် (၁၀)တပ်မဟာ အမှတ်(၂) တပ်ရင်းနယ်မြေ မုံချီဒေသရှိ စစ်ကောင်စီတပ်စခန်းမှ တပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ ၁၂ရက်တွင် KIA တပ်ရှိရာသို့ စစ်ရေးလှုပ်ရှားလာ၍ နမ်ဟူဒေသ၌ ခုခံတိုက်ပွဲဖြစ်ပွားခဲ့သည်ဟု KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

KIA အမှတ်(၄) တပ်မဟာနယ်မြေ၌လည်း ကွတ်ခိုင်ဘက်မှ စစ်ကား ၂၉စီး ဖြင့် စစ်အင်အားနှင့် စစ်လက်နက် အသုံးအဆောင်အပြည့် တင်ဆောင်လာသည့် စစ်ကောင်စီယာဉ်တန်းသည် မန်ပိန်းဘက်သို့ တက်လာ၍ တိုက်ပွဲများဖြစ်ပွားလာနိုင်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ် ငါးအိုးဗျူဟာမှာစုဖွဲ့ပြီး ရွှေကူမြို့ထိုးစစ်ဆင်လာတဲ့ စစ်တပ်ဟာ မြို့အတွင်းကို ဝင်ရောက်သွားပြီဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။

သတင်း

မြို့အဝင်လမ်းမကြီးနဲ့ ငါးအိုး-ရွှေကူလမ်းမကြီးကို ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်