Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုနယ်ရှိ စစ်ကောင်စီတပ်ထိန်းချုပ်ထားသော ကုန်းသာနှင့်သေးဆူလဲနယ်မြေအားပြန်လည်ထိန်းချုပ်နိုင်ပြီဟု KRU အသိပေး

ဒီးမော့ဆို့မြို့ ၊ကုန်းသာကျေးရွာအတွင်း နယ်မြေများပြန်လည်ရှင်းလင်းနေစဉ်အတွင်း စစ်ကောင်စီတပ်များ၏ ရိက္ခာ ၊ စွပ်ဗုံး၊ကျည်ဆံနှင့် အသုံးအဆောင်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ပြီး နယ်မြေအား မိုင်းရှင်းလင်းရေးများ ပြန်လည်ပြုလုပ်နေကြောင်း ဖော်ပြသည်။

(ကုန်းသာကျေးရွာတွင် နယ်မြေရှင်းလင်းရေး ဝင်ရောက်နေသည့် KRU တပ်ဖွဲ့ဝင်များအား တွေ့ရစဥ်)
(ကုန်းသာကျေးရွာတွင် နယ်မြေရှင်းလင်းရေး ဝင်ရောက်နေသည့် KRU တပ်ဖွဲ့ဝင်များအား တွေ့ရစဥ်)

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ စစ်ကောင်စီတပ်များထိန်းချုပ်ထားသော ကုန်းသာနှင့် သေးဆူလဲကျေးရွာနယ်မြေအား ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစု(KRU)က ယနေ့(ဒီဇင်ဘာ ၂ ရက်)ထုတ်ပြန်သည်။

ထို့အပြင် စစ်မြေပြင်၏ အခြားတစ်ဖက်တွင်လည်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၊ ကရင်နီတပ်မတော်(KA) ၊ KGZ နှင့် PDF ပူးပေါင်းတပ်ဖွဲ့များကလည်း သေးဆူလဲ ကျေးရွာအတွင်းတပ်စွဲထားသော စစ်ကောင်စီတို့နှင့်ထိတွေ့တိုက်ခိုက်မူဖြစ်ပွားခဲ့ပြီး နယ်မြေများအား ပြန်လည်ထိန်းချုပ် နိုင်ခဲ့ပြီဟု အသိပေးသည်။

(ကုန်းသာကျေးရွာတွင် နယ်မြေရှင်းလင်းရေး ဝင်ရောက်နေသည့် KRU တပ်ဖွဲ့ဝင်များအား တွေ့ရစဥ်)
(ကုန်းသာကျေးရွာတွင် နယ်မြေရှင်းလင်းရေး ဝင်ရောက်နေသည့် KRU တပ်ဖွဲ့ဝင်များအား တွေ့ရစဥ်)

ဒီးမော့ဆို့မြို့ ၊ကုန်းသာကျေးရွာအတွင်း နယ်မြေများပြန်လည်ရှင်းလင်းနေစဉ်အတွင်း စစ်ကောင်စီတပ်များ၏ ရိက္ခာ ၊ စွပ်ဗုံး၊ကျည်ဆံနှင့် အသုံးအဆောင်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ပြီး နယ်မြေအား မိုင်းရှင်းလင်းရေးများ ပြန်လည်ပြုလုပ်နေကြောင်း ဖော်ပြသည်။

“သေးဆူလဲကို နိုဝင်ဘာ ၃၀ ရက်ညက အရင်ရတယ်။နောက်တစ်ရက်မှာ ကုန်းသာကျေးရွာကို ထပ်ပြီးနယ်မြေစိုးမိုးနိုင်ခဲ့တာပါ။စစ်ရေးအရ ပြောမယ်ဆိုနန်းမယ်ခုံ-ဒီးမော့ဆိုတစ်ကြောကို ပြန်ထိန်းချုပ်နိုင်ဖို အနည်းငယ်ပဲလိုတော့တယ်”ဟု KRU တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုနှင့် စစ်ရေးအခြေအနေများကို KNDF က သီးခြားထုတ်ပြန် သွားမည်ဟု သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်အား ရေကုန်ရေခမ်းတိုက်ထုတ်သွားမည်ဖြစ်ပြီး တိုက်ပွဲပိုမိုပြင်ထန်းလာနိုင်သောကြောင့် လက်နက် ၊ကျည်ဆံများ ပိုမိုလှူဒါန်းပေးကြရန်လည်း KRU ကအကူအညီတောင်းခံထားသည်။

KNDF နှင့် ပူးပေါင်းတပ်ဖွဲ့များသည် နယ်မြေပြန်လည်စိုးမိုးရေးအတွက် ကုန်းသာ၊သေးဆူလဲမှ နန်းမယ်ခုံကျေးရွာအထိ သုံးရက်နှင့်သုံးည တိုက်ခိုက်မှုတွင် ကျဆုံးထိခိုက်သည့် ရဲဘော်အချို့ ရှိခဲ့ကြောင်းလည်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF)က ယနေ့ သီးခြားထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။