Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဂျပန်ကမ်းလွန်မှာ ရစ်ချ်တာစကေး ၆.၈ အဆင့် ငလျင်လှုပ်

ဂျပန်နိုင်ငံ အရှေ့မြောက်ဖက် ကမ်းလွန် ပင်လယ်ပြင်မှာ ရစ်ချ်တာစကေး ၆.၈ အဆင့် အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း သိရပါတယ်။

မေလ ၁ ရက် မနက်အစောပိုင်းက ငလျင်လှုပ်ခတ်မှုကို ဒေသခံတွေ သိသိသာသာ သက်ရောက် ခံစားခဲ့ရပေမယ့် ကမ်းရိုးတန်း ဒေသတွေမှာ ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက် ထုတ်ပြန်ခဲ့တာမျိုးတော့ မရှိပါဘူး။ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု ဘယ်လောက် ရှိသလဲ ဆိုတာကို စုံစမ်းနေဆဲ ဖြစ်ပါတယ်။

အမေရိကန် ငလျင်တိုင်းတာရေး အေဂျင်စီရဲ့ ထုတ်ပြန်ချက်မှာတော့ အဲဒီ ငလျင်ဟာ အီရှီနိုမာကီ မြို့နားက ပစိဖိတ် သမုဒ္ဒရာ ရေမျက်နှာပြင်အောက် ၄၇ ကီလိုမီတာ အနက်ကို ဗဟိုပြုခဲ့ကြောင်း ဖော်ပြထားပါတယ်။ အဲဒီ နေရာဟာ ၂၀၁၁ တုန်းက ကြုံခဲ့တဲ့ ဂျပန် ငလျင်ကြီးရဲ့ ဗဟိုချက်နဲ့ မနီးမဝေးမှာ တည်ရှိပါတယ်။ ၂၀၁၁ ငလျင်ကြောင့် ဆူနာမီ ရေလှိုင်းတွေပါ ရိုက်ခတ်ခဲ့ပြီး ဂျပန်မှာ လူပေါင်း ၁၈၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရပါတယ်။

မေလ ၁ ရက် ငလျင်ကြောင့် လူတွေ သေကြေ ဒဏ်ရာရမှု ရှိမရှိဆိုတာ စုံစမ်းနေဆဲလို့ NHK သတင်းဌာနက ဖော်ပြထားပါတယ်။ ဂျပန်ဟာ ပစိဖိတ် မီးကွင်းဒေသလို့ ခေါ်ဝေါ်တဲ့ ရေအောက် မီးတောင် ရပ်ဝန်းနဲ့ ဆက်စပ် တည်ရှိနေတဲ့ ကျွန်းစု နိုင်ငံ တစ်ခုပါ။

အကျိုးဆက် အနေနဲ့ ဂျပန်မှာ ငလျင်တွေ မကြာခဏ လှုပ်ခတ်လေ့ ရှိပါတယ်။ ဂျပန်မှာ အဆောက်အအုံတွေ တည်ဆောက်တဲ့အခါ ငလျင်ဒဏ် ကြံ့ကြံ့ခံနိုင်မယ့် သတ်မှတ် စည်းမျဉ်းတွေကို မပျက်မကွက် လိုက်နာဖို့ အာဏာပိုင်တွေက တင်းတင်းကျပ်ကျပ် ညွှန်ကြားထားကြောင်းလည်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

News

ဂျပန်နိုင်ငံသား အလွတ်တန်းသတင်း​ထောက် မစ္စတာ ယူကီ ကီတာဇူမီ ကို ဒီနေ့ည ၇နာရီ ၄၄ မိနစ်မှာ သူ​နေထိုင်ရာ​ပုစွန်​တောင်မြို့နယ် ​ရေ​ကျော်မှာရှိတဲ့​နေအိမ်က​နေအာဏာသိမ်း စစ်​ကောင်စီတပ်ဖွဲ့ ဝင်​တွေက ဖမ်းဆီး​ခေါ်​ဆောင်သွားတယ်လို့ ရပ်ကွက်​နေပြည်သူအချို့က ​ပြောပါတယ်။