Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တစ်နှစ်မပြည့်ခင် နောက်တစ်ခါ အာဏာထပ်သိမ်းတဲ့ မာလီစစ်တပ်

မာလီနိုင်ငံမှာ စစ်တပ်က ၉ လအတွင်း ဒုတိယအကြိမ် အာဏာသိမ်းယူလိုက်ပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်မှူးကြီး အာဆီမီ ဂွိုင်တာက သမ္မတ ဘားဟ်ဒေါနဲ့ ဝန်ကြီးချုပ် မော့တား အူဝါနီတို့ကို ရာထူးက ဖယ်ရှားလိုက်ကြောင်း အတည်ပြုခဲ့ပါတယ်။ ဂွိုင်တာဟာ လွန်ခဲ့တဲ့ ၉ လက အာဏာသိမ်း စစ်တပ်ကို ဦးဆောင်ခဲ့ပြီး အသစ်ပြန်ဖွဲ့တဲ့ အစိုးရမှာ ဒုတိယ သမ္မတအဖြစ် တာဝန် ယူနေခဲ့ပါတယ်။

အခုတော့ သမ္မတနဲ့ ဝန်ကြီးချုပ်က ပေးထားတဲ့ နိုင်ငံရေး ကတိတွေကို ပြည့်မြောက်အောင် မဆောင်ရွက်နိုင်တာကြောင့် အာဏာသိမ်းလိုက်တာလို့ ဂွိုင်တာက ပြောပါတယ်။ အစိုးရ အဖွဲ့ကို ပြင်ဆင် ပြောင်းလဲပြီး စစ်ဘက် ထိပ်တန်း အရာရှိ နှစ်ဦး လူအပြောင်းအလဲ လုပ်ခံရပြီး မကြာခင်မှာပဲ အာဏာသိမ်းမှု ဖြစ်လာတာပါ။

ဂွိုင်တာက သူဟာ လတ်တလော အာဏာ သိမ်းလိုက်ပေမယ့် မာလီ ရွေးကောက်ပွဲကိုတော့ ကြိုတင် စီစဉ်ထားတဲ့အတိုင်း လာမယ့်နှစ်မှာ ကျင်းပသွားမယ်လို့ ပြောပါတယ်။ ကုလသမဂ္ဂ၊ အာဖရိက သမဂ္ဂ၊ အနောက်အာဖရိက စီးပွားရေး အသိုက်အဝန်း၊ ဥရောပ သမဂ္ဂနဲ့ အမေရိကန် ပြည်ထောင်စုတို့က မာလီ သမ္မတနဲ့ ဝန်ကြီးချုပ်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုနေတာကိုတော့ ဂွိုင်တာက ငြင်းပယ်သွားပါတယ်။

လောလောဆယ်တော့ သမ္မတရော၊ ဝန်ကြီးချုပ်ကိုပါ မြို့တော် ဘာမာကိုနားက စစ်စခန်း တစ်ခုမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ မနှစ်က စစ်တပ် အာဏာသိမ်းမှု အပြီးမှာတော့ ဂွိုင်တာက ရွေးကောက်ပွဲ မကျင်းပခင် ကြားဖြတ် ယာယီ အစိုးရ တစ်ခုကို ၁၈ လ တာဝန်ယူစေဖို့ သဘောတူခဲ့ပြီး အဲဒီမှာ ဒုတိယ သမ္မတ ဖြစ်လာပါတယ်။ 

Public Service Announcement

Public Service Announcement

သူဦးဆောင်တဲ့ စစ်တပ်ဟာ ပြည်တွင်းမှာ လူကြိုက်နည်းနေတဲ့ သမ္မတ အီဘရာဟင်မ် ဘူဘာကာ ကီတာရဲ့ အစိုးရဆီက အာဏာသိမ်းလိုက်တော့ ပြည်သူတွေ အောင်ပွဲခံခဲ့ကြပါသေးတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ စစ်တပ်က အာဏာ ဆက်လက် ဆုပ်ကိုင်ထားတဲ့အပေါ် ပြည်တွင်းမှာ ဆန့်ကျင်မှုတွေ ပြင်းထန်လာခဲ့ပါတယ်။ 

သတင်းတွေအရ မာလီ အစိုးရဟာ စစ်ဘက် အရာရှိကြီးတွေကို အပြောင်းအလဲ လုပ်ခဲ့တာနဲ့ ပတ်သက်ပြီး ဂွိုင်တာနဲ့ ပြဿနာ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မာလီနိုင်ငံကို ကိုလိုနီအဖြစ် အုပ်ချုပ်ခဲ့ဖူးတဲ့ ပြင်သစ် အစိုးရကတော့ လက်ရှိ ပြဿနာကို အာဏာသိမ်းမှု တစ်ခုထဲက အာဏာသိမ်းမှု နောက်တစ်ခုလို့ သုံးနှုန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်တကျော့ပြန် အာဏာသိမ်းမှုမှာပါဝင်ခဲ့တဲ့ဒုသမ္မတ ဦးမြင့်ဆွေ ပိုင်ဆိုင်တဲ့ မန္တလေးမြို့ ရှိ မြေကွက်ကို သမက်ဖြစ်သူ က ရောင်းစားလိုက်တဲ့အတွက် ဖြေရှင်းပေးဖို့ ဦးမြင့်ဆွေရဲ့ ဇနီးဖြစ်သူက ဒီနေ့ (ဒီဇင်ဘာလ ၄ ရက်)ထုတ်စစ်ကောင်စီထိန်းချုပ်တဲ့ သတင်းစာမှာကြေညာချက် ထည့်လာပါတယ်။

နိုင်ငံတကာ

ရွေးကောက်ပွဲ ရလဒ်တွေ ထုတ်ပြန်ခါနီးမှာပဲ အာဖရိက နိုင်ငံတစ်ခုဖြစ်တဲ့ ဂီနီယာ-ဘစ်ဆောမှာ စစ်တပ်က အာဏာသိမ်းခဲ့ပါတယ်။

သတင်း

စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်မှာ စစ်အုပ်စုက ဥပဒေမဲ့ ပြုလုပ်ခဲ့တဲ့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပါဝင်ခဲ့တဲ့ မင်းအောင်လှိုင်နဲ့ အပေါင်းအပါ စုစုပေါင်း ၆ဦးကို အကြမ်းဖက်သမားတွေအဖြစ် သတ်မှတ်ကြေညာလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က နိုဝင်ဘာ ၂၅ရက် နေ့စွဲနဲ့ ထုတ်ပြန် ကြေညာပါတယ်။

သတင်း

ပြည်သူ​တွေရဲ့ လူမှုရေးပြစ်ဒဏ်ခတ်(SP)ခံရထားရတဲ့ စစ်တပ်ထောက်ခံသူ ယုန်လေးက အာဏာသိမ်းကာလမှာ ပထမဆုံး ပြန်လည်ရိုက်ကူးခွင့်ရခဲ့တဲ့ ရုပ်ရှင်ရုံတင်တော့မယ့်အကြောင်း အသိပေးထားပါတယ်။