Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကပ်ရောဂါကြောင့် ထိခိုက်မှုတွေအတွက် တရုတ်က နစ်နာကြေး ပေးသင့်တယ်လို့ ထရမ့် ဝေဖန်

ကပ်ရောဂါကြောင့် ထိခိုက် နစ်နာခဲ့ရတာတွေအတွက် တရုတ်အစိုးရက နစ်နာကြေး ပေးကို ပေးသင့်တယ်လို့ အမေရိကန် သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်ပါတယ်။

Covid-19 ကပ်ရောဂါရဲ့ မူလ အစနဲ့ ပတ်သက်လို့ အငြင်းအခုံတွေ တကျော့ပြန် အားကောင်းလာတဲ့ အချိန်မှာ ထရမ့်က အခုလို မှတ်ချက် ပေးခဲ့တာပါ။ မြောက်ကာရိုလိုင်းနား ပြည်နယ်က ဆွေးနွေးပွဲ တစ်ခုမှာ ထရမ့်က ကမ္ဘာ့နိုင်ငံ အားလုံးဟာ တရုတ်ဆီက နစ်နာကြေး ပြန်တောင်းဖို့ အချိန်တန်ပြီလို့ တိုက်တွန်းသွားခဲ့ပါတယ်။

အမေရိကန်ရော၊ တစ်ကမ္ဘာလုံးပါ တရုတ် ကွန်မြူနစ် ပါတီဆီက ရသင့်ရထိုက်တာတွေ ပြန်တောင်းရမယ့်အချိန် ရောက်နေပြီ ဖြစ်ကြောင်း၊ တရုတ်ဟာ နစ်နာဆုံးရှုံးခဲ့တာတွေအတွက် မဖြစ်မနေ ပြန်ပေးဆပ်ဖို့လိုကြောင်း ထရမ့်က ဆိုပါတယ်။

Covid-19 ကပ်ရောဂါဟာ ၂၀၁၉ နှစ်ကုန်ပိုင်းတုန်းက တရုတ်နိုင်ငံ အလယ်ပိုင်း၊ ဝူဟန်မြို့၊ သားစိမ်းငါးစိမ်း စျေးတန်း တစ်ခုကနေ စတင် ပျံ့နှံ့လာတာလို့ ယူဆထားပါတယ်။ တစ်ဖက်မှာလည်း ဒီရောဂါဟာ တရုတ် ဓာတ်ခွဲခန်း တစ်ခုကနေ မတော်တဆ လွတ်ထွက်လာတဲ့ ကိုရိုနာဗိုင်းရပ်စ် တစ်မျိုးကြောင့်ဆိုတဲ့ ခန့်မှန်း သီအိုရီတွေ ရှိနေပြန်ပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ကတော့ အဲဒီ မှန်းဆမှုမျိုးအတွက် ခိုင်လုံတဲ့ အထောက်အထားမျိုး မတွေ့ကြောင်း ပြောကြားထားပါတယ်။

ထရမ့်ဟာ သမ္မတရာထူး လက်ကိုင်ရှိနေတဲ့ အချိန်မှာ ကတည်းက ကပ်ရောဂါနဲ့ ပတ်သက်ရင် တရုတ်အပေါ် အတော်ကြီး ပြင်းပြင်းထန်ထန် စွပ်စွဲ ထိုးနှက်ခဲ့သူ ဖြစ်ပါတယ်။ ထရမ့်က အမေရိကန်နဲ့ ကမ္ဘာ့နိုင်ငံ အသီးသီးဟာ တရုတ်ဆီက နစ်နာကြေး အနည်းဆုံး ဒေါ်လာ ၁၀ ထရီလီယံလောက် ရရှိဖို့ စုပေါင်း တောင်းဆိုသင့်ကြောင်း တိုက်တွန်းခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကပ်ရောဂါကြောင့် ကြုံတွေ့ခဲ့တဲ့ ထိခိုက်မှုတွေက ဒီထက်အများကြီး ပိုနက်ရှိုင်းကြောင်း၊ ပထမဆုံး အဆင့်အနေနဲ့ ကမ္ဘာ့နိုင်ငံ အားလုံး သဘောတူညီမှု ယူပြီး တရုတ်အပေါ် ပေးဆပ်စရာ ရှိနေတဲ့ ကြွေးမြီတွေကို ပယ်ဖျက်ပစ်သင့်ကြောင်း ထရမ့်က အကြံပြုသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်နဲ့ စစ်ပြေငြိမ်းရေး နားလည်မှု စာချွန်လွှာ (MoU)ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညစာစားရင်း လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

မြေရှား သတ္တုတွေ ရရှိနိုင်ရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 ထိပ်သီး ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

လူသိများတဲ့ ခွေးလေးတစ်ကောင် အခိုးခံရပြီး ချက်စားခံလိုက်ရတဲ့ ဖြစ်စဉ်အပြီး တရုတ်နိုင်ငံက ခွေးသား ရောင်းဝယ် ဖောက်ကားမှုနဲ့ ပတ်သက်တဲ့ အငြင်းအခုံတွေ တကျော့ပြန် ဆူညံလာခဲ့ပါတယ်။