Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂျာမနီမှာ ဓားကိုင် ရမ်းကား တိုက်ခိုက်မှုကြောင့် ၃ ဦးထက်မနည်း သေဆုံး

ဂျာမနီက မြို့တစ်မြို့မှာ ဓားကိုင်ရမ်းကား တိုက်ခိုက်မှုကြောင့် လူ ၃ ဦးထက်မနည်း သေဆုံးသွားကြောင်း သိရပါတယ်။

ဇွန်လ ၂၅ ရက်က ဝါ့ဇ်ဘာ့ဂ်မြို့မှာ လူတစ်ဦးက လမ်းသွားလမ်းလာတွေကို ဓားကိုင်ပြီး ရန်ပြုခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ရဲ့ မှတ်တမ်း ဗီဒီယိုတချို့လူမှုကွန်ရက် မီဒီယာတွေပေါ် ရောက်လာရာမှာ ကျူးလွန်သူဟာ အတော်လေး ကြီးမားတဲ့ ဓားတစ်ချောင်း ကိုင်ဆောင်ထားတာ တွေ့ရပါတယ်။

ရဲတွေက အသက် ၂၄ နှစ်အရွယ် သံသယ တရားခံကို ပစ်ခတ် ဖမ်းဆီးခဲ့ကြောင်း ကြေညာပေမယ့် နာမည်ကိုတော့ မကြေညာသေးပါဘူး။ သံသယ တရားခံဟာ ဆိုမာလီယာနွယ်ဖွား တစ်ဦးဖြစ်ပြီး ပေါင်မှာ သေနတ် ဒဏ်ရာနဲ့ ဆေးရုံ ရောက်နေတယ်လို့ သိရပါတယ်။

အဖမ်းခံထားရသူဟာ ရန်လို ကြမ်းတမ်းပြီး စိတ်ဂဏှာမငြိမ်တဲ့ အခြေအနေမျိုး ရှိနေတာကြောင့် စိတ်ကျန်းမာရေး ကုသမှုတွေလည်း ခံယူနေရတယ်လို့ ရဲတွေက ပြောပါတယ်။ သူ့ကို မြို့ထဲက ဆေးရုံတစ်ခုမှာ ချုပ်နှောင်ထားပြီး စစ်ဆေး မေးမြန်းနေပါတယ်။ သူ့ရဲ့ တိုက်ခိုက်မှုကြောင့် ၃ ဦးသေပြီး ၅ ဦး ဒဏ်ရာ ရခဲ့ပါတယ်။

တရားခံဟာ လူတွေကို ရန်ပြုတဲ့ အချိန်မှာ အလာဟူ အက္ကဘားလို့ အော်ဟစ်နေခဲ့ကြောင်း မျက်မြင်တစ်ဦးက ပြောပါတယ်။ ဒါပေမဲ့ ဒီကိစ္စဟာ အကြမ်းဖက်ဝါဒနဲ့ ဆက်စပ်သလား ဆိုတာကို ရဲတွေက လတ်တလော အတည်မပြုသေးပါဘူး။ ရဲတပ်ဖွဲ့ရဲ့ အဆိုအရ သံသယ တရားခံဟာ ရာဇဝတ်မှု ကျူးလွန်ဖူးတဲ့ မှတ်တမ်းမျိုး ရှိပေမယ့် အကြမ်းဖက် လှုပ်ရှားမှုတွေနဲ့ ပတ်သက်တာမျိုး မတွေ့သေးဘူးလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

ဆောင်းပါး

ဂျာမနီ၏ ရွှေ့ပြောင်းနေထိုင်မှု အပြောင်းအ လဲနဲ့ အာရှကျောင်းသား​တွေရဲ့ အိပ်မက်

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆူပူမှု၊ တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တာကို ထောက်လှမ်းရေး သတင်းတွေ ကြိုရခဲ့ပေမယ့် တုံ့ပြန်ကိုင်တွယ်မှုမှာ လျော့ရဲခဲ့ကြောင်း ထိုင်းအစိုးရက ဝန်ခံခဲ့ပါတယ်။

သတင်း

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ဖြစ်ပွားနေတဲ့ နယ်မြေ မငြိမ်သက်မှုတွေ၊ တိုက်ခိုက်မှုတွေဟာ ပြည်နယ် ၃ ခုထဲက ခရိုင် ၂၁ ခုထိ ပျံ့နှံ့ ကူးစက်ခဲ့ပြီး ဒဏ်ရာရသူ ၃ ဦးထက်မနည်း ရှိခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံတောင်ပိုင်း ဒေသတချို့မှာ ဩဂုတ် ၂၂ ရက်နေ့ ညပိုင်းက ဆူပူမှု၊ တိုက်ခိုက်မှုတွေ ဆက်တိုက် ဖြစ်ပွားပြီး ဒေသခံတွေအတွက် အထိတ်တလန့် ဖြစ်စရာတွေ ကြုံတွေ့ခဲ့ပါတယ်။

Facebook