Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ကပ်ရောဂါ ဂယက်နဲ့ ဆက်စပ်ပြီး မြောက်ကိုရီးယား ထိပ်တန်း အရာရှိတွေ ထုတ်ပယ်ခံရ

KCNA သတင်းစာက အခု ရာထူးက ထုတ်ပယ် ခံလိုက်ရတဲ့ အရာရှိတွေဟာ တာဝန် ပေါ့ဆ ပျက်ကွက်တာကြောင့် ကပ်ရောဂါနဲ့ ပတ်သက်လို့ စိုးရိမ်စရာ အခြေအနေကြီးတစ်ခု ဖြစ်ပေါ်လာစေတယ်လို့ ဖော်ပြထားပါတယ်။

ပြည်တွင်းမှာ Covid-19 ကပ်ရောဂါ စိုးရိမ်စရာ ကူးစက်မှုတွေနဲ့ ပတ်သက်ပြီး အဓိက တာဝန်ယူရမယ့် အရာရှိကြီး တချို့ကို မြောက်ကိုရီးယား အစိုးရက ထုတ်ပယ်လိုက်ကြောင်း သိရပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ အမိန့်အရ ရာထူးကြီး အရာရှိ တချို့ရဲ့ နေရာမှာ လူစားလဲလှယ်မှုတွေ ရှိခဲ့တယ်လို့ အစိုးရပိုင် မီဒီယာက ဇွန်လ ၃၀ ရက်မှာ ဖော်ပြသွားပါတယ်။ နိုင်ငံရဲ့ ကပ်ရောဂါ တားဆီး ကာကွယ်ရေး အားထုတ်မှုတွေနဲ့ ပတ်သက်ပြီး ခေါင်းဆောင်ကြီးက အတော်လေး စိုးရိမ်နေတယ်လို့လည်း သတင်းဌာနက ဆိုပါတယ်။

မြောက်ကိုရီးယားဟာ အိမ်နီးချင်း တရုတ်နိုင်ငံမှာ ကပ်ရောဂါ ကူးစက်မှုတွေ စတင် တွေ့ရှိလာချိန် ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်း ကတည်းက နယ်စပ်တွေကို ပိတ်ထားခဲ့ပါတယ်။ မြောက်ကိုရီးယား အစိုးရဟာ ပြည်တွင်းမှာ ရောဂါ ကူးစက်မှုတွေ ရှိနေတယ် ဆိုတာမျိုး ဘယ်တုန်းကမှ တရားဝင် မထုတ်ပြန်ခဲ့သလို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ဆီကိုလည်း ပြည်တွင်း ကူးစက်မှုတွေနဲ့ ပတ်သက်လို့ အချက်အလက်တွေ ပေးပို့ မထားပါဘူး။

မြောက်ကိုရီးယားဟာ သတင်းလွတ်လပ်ခွင့် တင်းကျပ်လွန်းတဲ့ အထီးကျန် နိုင်ငံတစ်ခု ဖြစ်တဲ့အတွက် ပြည်တွင်းက အခြေအနေတွေကို ပြင်ပကမ္ဘာက သိရှိနိုင်ဖို့ အရမ်းခက်ပါတယ်။ ဒါပေမဲ့ လေ့လာသူ အများစုကတော့ မြောက်ကိုရီးယားမှာ ကပ်ရောဂါ ဖိစီးမှု တစ်နေ့ထက်တစ်နေ့ ပိုမို ဆိုးရွားလာနေတယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်ရကြောင်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

KCNA သတင်းစာက အခု ရာထူးက ထုတ်ပယ် ခံလိုက်ရတဲ့ အရာရှိတွေဟာ တာဝန် ပေါ့ဆ ပျက်ကွက်တာကြောင့် ကပ်ရောဂါနဲ့ ပတ်သက်လို့ စိုးရိမ်စရာ အခြေအနေကြီးတစ်ခု ဖြစ်ပေါ်လာစေတယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ပြန် မထားပါဘူး။

ကင်မ်ဟာ ပေါ်လစ်ဗျူရို အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံတဲ့ အစည်းအဝေးမှာ အရာရှိ နေရာတွေ အပြောင်းအလဲလုပ်မယ့် ကိစ္စကို အသိပေးခဲ့ပြီး ထုတ်ပယ် ခံရသူတွေကြောင့် နိုင်ငံရဲ့ ကျန်းမာရေး ကဏ္ဍနဲ့ ပတ်သက်လို့ ကြီးမားတဲ့ နောက်ဆက်တွဲ ဂယက်တွေ ကြုံနေရပြီလို့ မှတ်ချက် ပေးသွားကြောင်း သိရပါတယ်။

သတင်း ဖော်ပြမှုက မပွင့်လင်းပေမယ့် KCNAရဲ့ အဆိုအရ မြောက်ကိုရီးယားမှာ ကပ်ရောဂါ ဖြစ်ပွားကြောင်း အတည်ပြု လူနာတွေ တွေ့ရှိနေပြီဆိုတာ အတော်လေး ပေါ်လွင်လာကြောင်း လေ့လာသူတွေက မှတ်ချက် ပေးထားကြပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကင်မ်က အဲဒီ တက္ကသိုလ်မှာ မြောက်ကိုရီးယား စစ်ဘက် အရာရှိတွေကို ခေတ်မီ စစ်ရေး မဟာဗျူဟာတွေ၊ နည်းပညာတွေနဲ့ အကျွမ်းတဝင် ရှိလာအောင် ဘယ်လို လေ့ကျင့် သင်ကြားပေးနေသလဲ ဆိုတာကိုလည်း စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ

ကင်မ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း မြောက်ကိုရီးယား စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ် လေ့ကျင့်မှု အစီအစဉ် တစ်ခုကို ကိုယ်တိုင် ကြီးမှူးခဲ့သေးကြောင်း သိရပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားဖက်က ထုတ်ပြန်တဲ့ ဓာတ်ပုံတွေမှာတော့ အနိမ့်ပျံနေတဲ့ ဒုံးကျည်တစ်စင်းဟာ ကမ်းရိုးတန်း တစ်နေရာမှာ တည်ဆောက်ထားတဲ့ ပစ်မှတ် အဆောက်အအုံဆီ ဦးတည်နေတာကို တွေ့ရပါတယ်။

နိုင်ငံတကာ

သူက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီဟာ မြောက်ကိုရီးယားရဲ့ ဂြိုဟ်တု လွှတ်တင်မှုကို ရှုတ်ချဖို့ ဂိုဏ်းစတားဆန်ဆန် တစ်ဖက်သတ် တောင်းဆိုနေတဲ့ အမေရိကန်ကို လိုက်လျောလွန်းနေတယ်လို့လည်း ဝေဖန်ခဲ့ပါတယ်။