Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဒိန်းမတ် နိုင်ငံက ကမ္ဘာ့အမြင့်ဆုံး သဲပန်းပု ရဲတိုက်ကြီး

ပိရမစ် ပုံစံဆန်ဆန် တည်ဆောက်ထားတဲ့ ရဲတိုက်ကြီးရဲ့ ထိပ်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ လုံးဝန်းတဲ့ ပုံစံမျိုး ဖန်တီး ပြသထားပါတယ်။ ဒီဗိုင်းရပ်စ်ရဲ့ ကြောက်စရာ အဖျက်စွမ်းအားကို လူတွေ ပိုပြီး သတိမူစေချင်လို့လည်း အခုလို သူ့ရဲ့ ပန်းပု လက်ရာထဲမှာ ထည့်သွင်း ထုဆစ်ထားတာလို့ စတိုင်ဂျာက ရှင်းပြပါတယ်။

ကမ္ဘာပေါ်မှာ အကြီးဆုံးနဲ့ အမြင့်ဆုံး သဲပန်းပု ရဲတိုက်ကြီးကို ဒိန်းမတ်နိုင်ငံမှာ တည်ဆောက် ပြီးစီးခဲ့ကြောင်း သိရပါတယ်။

၂၁.၁၆ မီတာမြင့်တဲ့ ရဲတိုက်ကြီးဟာ ဂင်းနစ် ကမ္ဘာ့စံချိန် မှတ်တမ်း စာအုပ်မှာ စာရင်းသွင်း ဖော်ပြ ခံရမယ်လို့ ကိုယ်တိုင် ထုဆစ်ခဲ့တဲ့ အနုပညာ ဖန်တီးသူက မျှော်လင့်နေပါတယ်။ သူ့ရဲ့ ရဲတိုက်ကြီးဟာ ၂၀၁၉ ခုနှစ်က ဂျာမနီမှ တည်ဆောက်ခဲ့တဲ့ လက်ရှိ ကမ္ဘာ့စံချိန်တင် အမြင့်ဆုံး သဲပန်းပု ရဲတိုက်ထက် ၃ မီတာ ပိုမြင့်ပါတယ်။

နယ်သာလန် နိုင်ငံသား အနုပညာ ဖန်တီးသူ ဝီလ်ဖရက်ဒ် စတိုင်ဂျာဟာ အကူဝန်ထမ်း ၃၀ နဲ့အတူ ဒီရဲတိုက်ကြီးကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ပင်လယ်ကမ်းခြေ မြို့လေးဖြစ်တဲ့ ဘလော့ခက်စ်မှာ ထားရှိတဲ့ သဲပန်းပု ရဲတိုက်ကြီးကို မြို့ခံတွေအပြင် ကမ္ဘာလှည့် ခရီးသည်တွေကပါ လာရောက် ကြည့်ရှု အားပေးနေကြပါတယ်။ ဒီရဲတိုက်ကြီးကို ပုံဖော် ထုဆစ်ဖို့ သဲတန်ချိန် ၄၈၆၀ အသုံးပြုခဲ့ရပါတယ်။

ပိရမစ် ပုံစံဆန်ဆန် တည်ဆောက်ထားတဲ့ ရဲတိုက်ကြီးရဲ့ ထိပ်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ လုံးဝန်းတဲ့ ပုံစံမျိုး ဖန်တီး ပြသထားပါတယ်။ ဒီဗိုင်းရပ်စ်ရဲ့ ကြောက်စရာ အဖျက်စွမ်းအားကို လူတွေ ပိုပြီး သတိမူစေချင်လို့လည်း အခုလို သူ့ရဲ့ ပန်းပု လက်ရာထဲမှာ ထည့်သွင်း ထုဆစ်ထားတာလို့ စတိုင်ဂျာက ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

သဲတွေကို ပုံမပျက်ဘဲ ထိန်းသိမ်းထားဖို့အတွက် ရွှံ့စေး ၁၀ ရာခိုင်နှုန်းနဲ့ ကော်တွေကို အလွှာလိုက် ထည့်သွင်း အသုံးပြုရတယ်လို့ သိရပါတယ်။ ဒီရဲတိုက်ကြီးဟာ ဘလော့ခက်စ်မှာ နှင်းမုန်တိုင်းတွေ စတင် ဝင်ရောက်လာလေ့ရှိတဲ့ ဖေဖော်ဝါရီ၊ ဒါမှမဟုတ် မတ်လလောက်ထိ တည်တံ့နေမယ်လို့ ခန့်မှန်းထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဘော်ဆန် အဆောက်အအုံကို ၁၆၂၅ ခုနှစ်တုန်းက ဒိန်းမတ်လွှတ်တော်၊ ခရစ္စရှန်ဘော့ဂ် တော်ဝင်နန်းတော်တို့နဲ့ သိပ်မဝေးတဲ့ နေရာမှာ တည်ဆောက်ခဲ့တာပါ။ မီးလောင်မှု ဖြစ်နေချိန်အတွင်း အနားမှာရှိတဲ့ ရင်ပြင်က လူစုလူဝေးကိုလည်း ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

News

ဒိန်းမတ်သံရုံးနှင့် WFP တို့သည် ကယား(ကရင်နီ)ပြည်နယ်မှ နေရပ်စွန့်ခွာလာခဲ့ရသော တိုက်ပွဲရှောင် ပြည်သူများကို WFP က အရေးပေါ် စားနပ်ရိက္ခာများ ထောက်ပံ့ပေးနေသည့် ရှမ်းပြည်နယ် တောင်ပိုင်းရှိနေရာများသို့ အတူသွားရောက်လေ့လာအပြီးတွင် သတင်းထုတ်ပြန်တောင်းဆိုခြင်းဖြစ်သည်။

ဗီဒီယို

ယူကရိန်းကို ကျူးကျော် တိုက်ခိုက်မှုအတွက် ရုရှားနဲ့ အနောက်အုပ်စု နိုင်ငံတွေကြား ဆက်ဆံရေး အတင်းမာဆုံး ဖြစ်နေချိန်မှာ ရုရှားလေယာဉ်က အခုလို လေပိုင်နက် ကျူးကျော် ပျံသန်းတာမျိုး ဖြစ်ခဲ့တာပါ။ ဒိန်းမတ်ဟာ NATO အဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်ပြီး ဆွီဒင်ကတော့ ဖင်လန်နဲ့အတူ NATO အဖွဲ့ဝင်အဖြစ် လျှောက်ထားဖို့...

နိုင်ငံတကာ

BA.2ဟာ မူလ BA.1(Omicron)ကို လွှမ်းမိုးလာပြီး ပြည်တွင်းက ကိုဗစ် ကူးစက်မှုတွေမှာ အဓိက အကျဆုံး ဦးဆောင်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲ ဖြစ်လာတယ်လို့ ဒိန်းမတ်က ဆေးသုတေသန စစ်တမ်း တစ်ရပ်မှာ ဖော်ပြထားပါတယ်။