Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဒိန်းမတ် နိုင်ငံက ကမ္ဘာ့အမြင့်ဆုံး သဲပန်းပု ရဲတိုက်ကြီး

ပိရမစ် ပုံစံဆန်ဆန် တည်ဆောက်ထားတဲ့ ရဲတိုက်ကြီးရဲ့ ထိပ်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ လုံးဝန်းတဲ့ ပုံစံမျိုး ဖန်တီး ပြသထားပါတယ်။ ဒီဗိုင်းရပ်စ်ရဲ့ ကြောက်စရာ အဖျက်စွမ်းအားကို လူတွေ ပိုပြီး သတိမူစေချင်လို့လည်း အခုလို သူ့ရဲ့ ပန်းပု လက်ရာထဲမှာ ထည့်သွင်း ထုဆစ်ထားတာလို့ စတိုင်ဂျာက ရှင်းပြပါတယ်။

ကမ္ဘာပေါ်မှာ အကြီးဆုံးနဲ့ အမြင့်ဆုံး သဲပန်းပု ရဲတိုက်ကြီးကို ဒိန်းမတ်နိုင်ငံမှာ တည်ဆောက် ပြီးစီးခဲ့ကြောင်း သိရပါတယ်။

၂၁.၁၆ မီတာမြင့်တဲ့ ရဲတိုက်ကြီးဟာ ဂင်းနစ် ကမ္ဘာ့စံချိန် မှတ်တမ်း စာအုပ်မှာ စာရင်းသွင်း ဖော်ပြ ခံရမယ်လို့ ကိုယ်တိုင် ထုဆစ်ခဲ့တဲ့ အနုပညာ ဖန်တီးသူက မျှော်လင့်နေပါတယ်။ သူ့ရဲ့ ရဲတိုက်ကြီးဟာ ၂၀၁၉ ခုနှစ်က ဂျာမနီမှ တည်ဆောက်ခဲ့တဲ့ လက်ရှိ ကမ္ဘာ့စံချိန်တင် အမြင့်ဆုံး သဲပန်းပု ရဲတိုက်ထက် ၃ မီတာ ပိုမြင့်ပါတယ်။

နယ်သာလန် နိုင်ငံသား အနုပညာ ဖန်တီးသူ ဝီလ်ဖရက်ဒ် စတိုင်ဂျာဟာ အကူဝန်ထမ်း ၃၀ နဲ့အတူ ဒီရဲတိုက်ကြီးကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ပင်လယ်ကမ်းခြေ မြို့လေးဖြစ်တဲ့ ဘလော့ခက်စ်မှာ ထားရှိတဲ့ သဲပန်းပု ရဲတိုက်ကြီးကို မြို့ခံတွေအပြင် ကမ္ဘာလှည့် ခရီးသည်တွေကပါ လာရောက် ကြည့်ရှု အားပေးနေကြပါတယ်။ ဒီရဲတိုက်ကြီးကို ပုံဖော် ထုဆစ်ဖို့ သဲတန်ချိန် ၄၈၆၀ အသုံးပြုခဲ့ရပါတယ်။

ပိရမစ် ပုံစံဆန်ဆန် တည်ဆောက်ထားတဲ့ ရဲတိုက်ကြီးရဲ့ ထိပ်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ လုံးဝန်းတဲ့ ပုံစံမျိုး ဖန်တီး ပြသထားပါတယ်။ ဒီဗိုင်းရပ်စ်ရဲ့ ကြောက်စရာ အဖျက်စွမ်းအားကို လူတွေ ပိုပြီး သတိမူစေချင်လို့လည်း အခုလို သူ့ရဲ့ ပန်းပု လက်ရာထဲမှာ ထည့်သွင်း ထုဆစ်ထားတာလို့ စတိုင်ဂျာက ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

သဲတွေကို ပုံမပျက်ဘဲ ထိန်းသိမ်းထားဖို့အတွက် ရွှံ့စေး ၁၀ ရာခိုင်နှုန်းနဲ့ ကော်တွေကို အလွှာလိုက် ထည့်သွင်း အသုံးပြုရတယ်လို့ သိရပါတယ်။ ဒီရဲတိုက်ကြီးဟာ ဘလော့ခက်စ်မှာ နှင်းမုန်တိုင်းတွေ စတင် ဝင်ရောက်လာလေ့ရှိတဲ့ ဖေဖော်ဝါရီ၊ ဒါမှမဟုတ် မတ်လလောက်ထိ တည်တံ့နေမယ်လို့ ခန့်မှန်းထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ဆီ ပေါင်းစည်းဖို့ထက် ဒိန်းမတ် အစိုးရရဲ့ လက်အောက်မှာပဲ ဆက်ရှိနေချင်ကြောင်း ဂရင်းလန် ဝန်ကြီးချုပ်က အတည်ပြု ပြောကြားလိုက်ပါတယ်။

သတင်း

ကမ္ဘာ့မြောက်ပိုင်း၊ အာတိတ်ဒေသမှာ ရှိနေတဲ့ ဂရင်းလန်ကျွန်းကို သိမ်းယူနိုင်ရေးဟာ နိုင်ငံရဲ့ အမျိုးသား အကျိုးစီးပွားအတွက် အထူးအရေးကြီးတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားထားတဲ့နောက် ဂရင်းလန်က အခုလို သဘောထား တုံ့ပြန်လာတာ ဖြစ်ပါတယ်။ အမေရိကန်ဆီ ပေါင်းစည်းဖို့ထက် ဒိန်းမတ် အစိုးရရဲ့ လက်အောက်မှာပဲ ဆက်ရှိနေချင်ကြောင်း...

နိုင်ငံတကာ

ဂရင်းလန်ကျွန်း အရေးဟာ တကယ့် အဆုံးအဖြတ် ကာလတစ်ခုကို ရောက်နေပြီလို့ ဒိန်းမတ် ဝန်ကြီးချုပ်က ဝန်ခံ ပြောကြားသွားပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ အကြီးမားဆုံး စစ်စခန်း အပါအဝင် စစ်ဖက်ဆိုင်ရာ အဆောက်အအုံတွေ တဝိုက်မှာ ပိုင်ရှင် ဘယ်သူဘယ်ဝါမှန်း မသိရတဲ့ ဒရုန်းတွေကို တွေ့နေရခြင်းက ဒိန်းမတ်အတွက် အကြီးအကျယ် ခေါင်းခြောက်စရာ ဖြစ်နေပါတယ်။