Connect with us

Hi, what are you looking for?

နိုင်ငံတကာ

Delta မျိုးကွဲ ဗိုင်းရပ်စ် ကူးစက်မှုတွေကို ထိန်းချုပ်နိုင်တဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာဖွယ် ရှိနေတဲ့ တရုတ်

တရုတ်ဟာ တခြား ကမ္ဘာ့နိုင်ငံ အများအပြားနည်းတူ Covid-19 ရောဂါ ကူးစက်နှုန်း ပိုမိုမြန်ဆန်တဲ့ Delta မျိုးကွဲ ဗိုင်းရပ်စ် ကူးစက်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ ဩဂုတ် ၂၃ ရက်မှာတော့ ပြည်တွင်း ကူးစက်မှုအသစ် လုံးဝ မရှိတဲ့ အခြေအနေကို ရောက်လာခဲ့ပါတယ်။

တရုတ်ဟာ Deltaမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကို ဟန့်တား ထိန်းချုပ်နိုင်တဲ့ ပထမဆုံး ကမ္ဘာ့နိုင်ငံ ဖြစ်လာဖွယ် ရှိနေပါတယ်။

တရုတ်ဟာ တခြား ကမ္ဘာ့နိုင်ငံ အများအပြားနည်းတူ Covid-19 ရောဂါ ကူးစက်နှုန်း ပိုမိုမြန်ဆန်တဲ့ Delta မျိုးကွဲ ဗိုင်းရပ်စ် ကူးစက်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ ဩဂုတ် ၂၃ ရက်မှာတော့ ပြည်တွင်း ကူးစက်မှုအသစ် လုံးဝ မရှိတဲ့ အခြေအနေကို ရောက်လာခဲ့ပါတယ်။

တရုတ် အာဏာပိုင်တွေက ပြည်တွင်းမှာ ရောဂါကူးစက်နှုန်း သုညမှတ်ထိ ရောက်သွားအောင် နှစ်ဆတိုး အားထုတ်မယ်လို့ ကြွေးကြောထားပါတယ်။ တရုတ်မှာ ဇူလိုင် ၂၀ ကစလို့ Deltaမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ တွေ့ရှိလာခဲ့ပါတယ်။ နိုင်ငံ အရှေ့ပိုင်း နန်ဂျင်းမြို့ လေဆိပ်က သန့်ရှင်းရေး ဝန်ထမ်းတွေမှာ ရောဂါကူးစက်နေတာကို ပထမဆုံး စိစစ် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

တရုတ်ဟာ Covid-19 ကပ်ရောဂါရဲ့ မူလအစ နိုင်ငံ ဖြစ်ပေမယ့် ရောဂါ ထိန်းချုပ်ရေးမှာတော့ ထိထိရောက်ရောက် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ Delta မျိုးကွဲ ဗိုင်းရပ်စ် ကူးစက်မှုတွေ စတင်တွေ့ရှိလာချိန်မှာ တရုတ်ဟာ လူပေါင်း ၁၀ သန်းကျော်ကို အသွားအလာ ကန့်သတ် Lockdownချပြီး ရောဂါ ပျံ့နှံ့မှုကို တားဆီးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တကယ်လို့ နောက်ထပ် ရက်ပိုင်းလောက် ဆက်တိုက် ကူးစက်မှုတွေ ထပ်မရှိဘူး ဆိုရင်တော့ တရုတ်ဟာ ကမ္ဘာပေါ်မှာ Delta မျိုးကွဲ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုတွေကို ပထမဆုံးအကြိမ် ဟန့်တားနိုင်တဲ့ နိုင်ငံအဖြစ် မှတ်တမ်း ဝင်လာနိုင်ပါတယ်။ စင်ကာပူ၊ နယူးဇီလန်၊ ဩစတြေးလျတို့ အပါအဝင် နိုင်ငံတချို့ကလည်း ပြည်တွင်းမှာ ကူးစက်မှု သုညမှတ်ထိ ရောက်သွားအောင် ပစ်မှတ်ထား ကြိုးစားနေကြကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

BRICS ထိပ်သီးအစည်းအဝေးမှ ပေကျင်း အရေးပေါ်ဆေးရုံအထိ မေးခွန်းထုတ်စရာ သတင်းများ

နိုင်ငံတကာ

ကုန်းပိတ် ဒေသတွေကို ပင်လယ်နဲ့ ရေလမ်းကြောင်း တိုက်ရိုက် ဆက်စပ်ပေးမယ့် တူးမြောင်းကြီး တစ်ခုကို တရုတ်က စတင်ဖွင့်လှစ်လိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။