Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

Delta မျိုးကွဲ ဗိုင်းရပ်စ် ကူးစက်မှုတွေကို ထိန်းချုပ်နိုင်တဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာဖွယ် ရှိနေတဲ့ တရုတ်

တရုတ်ဟာ တခြား ကမ္ဘာ့နိုင်ငံ အများအပြားနည်းတူ Covid-19 ရောဂါ ကူးစက်နှုန်း ပိုမိုမြန်ဆန်တဲ့ Delta မျိုးကွဲ ဗိုင်းရပ်စ် ကူးစက်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ ဩဂုတ် ၂၃ ရက်မှာတော့ ပြည်တွင်း ကူးစက်မှုအသစ် လုံးဝ မရှိတဲ့ အခြေအနေကို ရောက်လာခဲ့ပါတယ်။

တရုတ်ဟာ Deltaမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကို ဟန့်တား ထိန်းချုပ်နိုင်တဲ့ ပထမဆုံး ကမ္ဘာ့နိုင်ငံ ဖြစ်လာဖွယ် ရှိနေပါတယ်။

တရုတ်ဟာ တခြား ကမ္ဘာ့နိုင်ငံ အများအပြားနည်းတူ Covid-19 ရောဂါ ကူးစက်နှုန်း ပိုမိုမြန်ဆန်တဲ့ Delta မျိုးကွဲ ဗိုင်းရပ်စ် ကူးစက်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ ဩဂုတ် ၂၃ ရက်မှာတော့ ပြည်တွင်း ကူးစက်မှုအသစ် လုံးဝ မရှိတဲ့ အခြေအနေကို ရောက်လာခဲ့ပါတယ်။

တရုတ် အာဏာပိုင်တွေက ပြည်တွင်းမှာ ရောဂါကူးစက်နှုန်း သုညမှတ်ထိ ရောက်သွားအောင် နှစ်ဆတိုး အားထုတ်မယ်လို့ ကြွေးကြောထားပါတယ်။ တရုတ်မှာ ဇူလိုင် ၂၀ ကစလို့ Deltaမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ တွေ့ရှိလာခဲ့ပါတယ်။ နိုင်ငံ အရှေ့ပိုင်း နန်ဂျင်းမြို့ လေဆိပ်က သန့်ရှင်းရေး ဝန်ထမ်းတွေမှာ ရောဂါကူးစက်နေတာကို ပထမဆုံး စိစစ် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

တရုတ်ဟာ Covid-19 ကပ်ရောဂါရဲ့ မူလအစ နိုင်ငံ ဖြစ်ပေမယ့် ရောဂါ ထိန်းချုပ်ရေးမှာတော့ ထိထိရောက်ရောက် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ Delta မျိုးကွဲ ဗိုင်းရပ်စ် ကူးစက်မှုတွေ စတင်တွေ့ရှိလာချိန်မှာ တရုတ်ဟာ လူပေါင်း ၁၀ သန်းကျော်ကို အသွားအလာ ကန့်သတ် Lockdownချပြီး ရောဂါ ပျံ့နှံ့မှုကို တားဆီးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တကယ်လို့ နောက်ထပ် ရက်ပိုင်းလောက် ဆက်တိုက် ကူးစက်မှုတွေ ထပ်မရှိဘူး ဆိုရင်တော့ တရုတ်ဟာ ကမ္ဘာပေါ်မှာ Delta မျိုးကွဲ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုတွေကို ပထမဆုံးအကြိမ် ဟန့်တားနိုင်တဲ့ နိုင်ငံအဖြစ် မှတ်တမ်း ဝင်လာနိုင်ပါတယ်။ စင်ကာပူ၊ နယူးဇီလန်၊ ဩစတြေးလျတို့ အပါအဝင် နိုင်ငံတချို့ကလည်း ပြည်တွင်းမှာ ကူးစက်မှု သုညမှတ်ထိ ရောက်သွားအောင် ပစ်မှတ်ထား ကြိုးစားနေကြကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

▪︎စောချစ်သူဟာ နယ်စပ်ဒေသမှာ တရုတ် ကျားဖြန့် ဒုစရိုက် ဂိုဏ်းခေါင်းဆောင်တွေကို ဧည့်ဝတ်ကျေကျေ လက်ခံထားတဲ့ ကရင်BGF ခေါင်းဆောင် သုံးဦးထဲမှာ အပါအဝင် ဖြစ်ပါတယ်။ People’s Spring တရုတ်နိုင်ငံက ဒုစရိုက်ဂိုဏ်းတွေ အရှေ့တောင်အာရှကို ခြေဆန့်လာတဲ့အခါ မြန်မာနိုင်ငံဟာ ဦးစားပေး ရွေးချယ်ခံရတဲ့ အခြေစိုက် နယ်မြေတစ်ခုလိုမျိုး...

နိုင်ငံတကာ

အမေရိကန်၊ ဗြိတိန်နဲ့ ဩစတြေးလျတို့ ပါဝင်တဲ့ AUKUSဟာ ဩစတြေးလျ ရေတပ်ကို မဟာမိတ် နှစ်နိုင်ငံက ပူးပေါင်းပြီး နည်းပညာပိုင်း အဆင့်မြှင့်ပေးဖို့၊ ဒေသတွင်းမှာ တရုတ် လွှမ်းမိုးမှုကို တန်ပြန်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဒီဖြစ်ရပ်ရဲ့ အဓိက အကြောင်းတရား နှစ်ခုက မြေအောက်ရေတွေ အလွန်အကျွံ ထုတ်ယူ အသုံးပြုမှုကြောင့် မြေသားတောင့်ခံနိုင်မှု အားနည်းလာခြင်းနဲ့ အဆောက်အအုံတွေ ဆောက်လုပ်တဲ့ ထုထည် ပိုမိုကြီးမား လေးလံလာခြင်းတွေ ဖြစ်တယ်လို့ ပညာရှင်တွေက သုံးသပ်ထားပါတယ်။

သတင်း

KIA က ဖက်ဆစ်​တော်လှန်​ရေး​နေ့(မတ် ၂၇) တွင် ဗန်းမော်-လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီတပ်စခန်း ၇ခုကို စတင်ထိုးစစ်ဆင်ခဲ့ပြီး မတ် ၂၇ ရက်မှာ ဘန်​ရောင်၊ ရှန်တိုင်း ၊ လော့ဒန် စစ်တပ်စခန်း​များကိုသိမ်းပိုက်ခဲ့သည်။