Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ် ခြိမ်းခြောက်မှုတွေကြောင့် ကာကွယ်ရေး အသုံးစရိတ် စံချိန်တင် မြှင့်တင်ဖို့ ဂျပန် ရည်ရွယ်

ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနက ၂၀၂၂ ခုနှစ်အတွက် ဘဏ္ဍာရေး အသုံးစရိတ်ကို ယန်းငွေ ၅.၄ ထရီလီယံထိ လျာထားပေးဖို့ လွှတ်တော်ကို တင်ပြ တောင်းဆိုလိုက်ပါတယ်။ ဒါဟာ အမေရိကန်ဒေါ်လာ ၄၉ ဘီလီယံနဲ့ ညီမျှတဲ့ ပမာဏပါ။

တရုတ်ရဲ့ ခြိမ်းခြောက်မှုတွေကို တန်ပြန်ဖို့အတွက် လာမယ့် ဘဏ္ဍာရေးနှစ်မှာ ကာကွယ်ရေး အသုံးစရိတ် စံချိန်တင် အသုံးပြုဖို့ ဂျပန်အစိုးရက ကြိုးစားနေကြောင်း သိရပါတယ်။

ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနက ၂၀၂၂ ခုနှစ်အတွက် ဘဏ္ဍာရေး အသုံးစရိတ်ကို ယန်းငွေ ၅.၄ ထရီလီယံထိ လျာထားပေးဖို့ လွှတ်တော်ကို တင်ပြ တောင်းဆိုလိုက်ပါတယ်။ ဒါဟာ အမေရိကန်ဒေါ်လာ ၄၉ ဘီလီယံနဲ့ ညီမျှတဲ့ ပမာဏပါ။ ၂၀၂၁ ခုနှစ်တုန်းက ဂျပန်ရဲ့ ကာကွယ်ရေး အသုံးစရိတ်ကို စံချိန်တင်အဖြစ် ယန်းငွေ ၅.၃ ထရီလီယံ အသုံးပြုခဲ့ပါတယ်။

ဂျပန်မှာ ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး လက်ထက် ကတည်းက စစ်အင်အား ပြန်လည် ဖြည့်တင်း တည်ဆောက်လာသလို ကာကွယ်ရေး အသုံးစရိတ်ကိုလည်း နှစ်စဉ် မြှင့်တင်လာခဲ့ပါတယ်။ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အဆိုအရ ဂျပန်အနေနဲ့ F-15 တိုက်လေယာဉ် အစီး ၇၀ ကို အဆင့်မြှင့်တင် မွမ်းမံမှုတွေ ပြုလုပ်သွားမှာ ဖြစ်သလို Lockheed Martin ကုမ္ပဏီရဲ့ မြေပြင်ကနေ ဝေဟင်ပစ် ဒုံးကျည်တွေ ဝယ်ယူဖို့လည်း စီစဉ်ထားကြောင်း သိရပါတယ်။

ကာကွယ်ရေး ဝန်ကြီးဌာန အဆိုပြုတဲ့ ကာကွယ်ရေး အသုံးစရိတ်ထဲမှာ ခေတ်မီ F-35 တိုက်လေယာဉ် အသစ်တွေ ထပ်မံ မှာယူဖို့ ယန်းငွေ ၁၃၀ ဘီလီယံနဲ့ အသေးစား၊ အလတ်စား သယ်ယူပို့ဆောင်ရေး ရေယာဉ်တွေ ဝယ်ယူဖို့ ယန်းငွေ ၁၀ ဘီလီယံတို့လည်း ပါဝင်ပါတယ်။

Public Service Announcement

Public Service Announcement

တရုတ်မှာ သမ္မတ ရှီကျင့်ဖျင် အာဏာရလာချိန် ကတည်းက စစ်ရေး အသုံးစရိတ်ကို အလုံးအရင်း မြှင့်တင်ခဲ့ပြီး ခေတ်မီ စစ်လက်နက်တွေ ဖြည့်တင်း တပ်ဆင်လာခဲ့ပါတယ်။ ဂျပန်နဲ့ တရုတ်တို့ဟာ အရင်ကတည်းက ရေပိုင်နက် အငြင်းပွားမှု ပြဿနာတွေ ရှိနေခဲ့ပြီး တရုတ်ရဲ့ ခြိမ်းခြောက်မှုတွေက ပိုမို စိုးရိမ်စရာ အနေအထားမျိုး ဖြစ်လာတဲ့နောက် အခုလိုမျိုး ကာကွယ်ရေး အသုံးစရိတ်တွေ နှစ်စဉ် စံချိန်တင် မြှင့်တင်ဖို့ ကြိုးစားလာတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရှုံးမှုများလာတဲ့ စစ်တပ်ဟာ ဗန်းမော်၊ ရွှေကူ၊ ဖားကန့်ဒေသတွေ ဗုံးကြဲ

သတင်း

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အပါအဝင် နယ်စပ်တကြောကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ စက်တင်ဘာ ၂၄ရက်နေ့လည်ပိုင်းမှာ လေယာဉ်နဲ့ ကင်းထောက်မှု ဆက်လက်ပြုလုပ်ခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

ဝါရှင်တန်ဒီစီကို ရောက်ရှိလာတဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လေဆိပ်ထိ ဆင်းပြီး ကြိုဆိုခဲ့ပါတယ်။

နိုင်ငံတကာ

တိုင်ဖွန်းမုန်တိုင်း ဒူဂျူယန် တိုက်ခတ်မှုကြောင့် ဂျပန်မှာ လူ ၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

Facebook